ရေတံခွန်များကို iPhone ဖြင့် ဖွင့်ပိတ်ထိန်းချုပ်နိုင်သော ပြင်သစ်နိုင်ငံရှိ ၅၇ ဧကခြံဝန်းကြီးနှင့် ရဲတိုက်ကြီးကို ကမ္ဘာပေါ်တွင် အမြင့်မားဆုံး စံချိန်တင် ဈေးဖြင့် ဝယ်ယူသွားသူမှာ ဆော်ဒီမင်းသားဖြစ်ကြောင်း လျှို့ဝှက်ချက်ပေါ်ပေါက် - Property News in Myanmar from iMyanmarHouse.com
4773 Views

ရေတံခွန်များကို iPhone ဖြင့် ဖွင့်ပိတ်ထိန်းချုပ်နိုင်သော ပြင်သစ်နိုင်ငံရှိ ၅၇ ဧကခြံဝန်းကြီးနှင့် ရဲတိုက်ကြီးကို ကမ္ဘာပေါ်တွင် အမြင့်မားဆုံး စံချိန်တင် ဈေးဖြင့် ဝယ်ယူသွားသူမှာ ဆော်ဒီမင်းသားဖြစ်ကြောင်း လျှို့ဝှက်ချက်ပေါ်ပေါက်

ရေတံခွန်များကို iPhone ဖြင့် ဖွင့်ပိတ်ထိန်းချုပ်နိုင်သော ၅၇ ဧကခြံဝန်းကြီးနှင့် ရဲတိုက်ကြီးကို ကမ္ဘာပေါ်တွင် အမြင့်မားဆုံး စံချိန်တင် ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်မှာ ကာလကြာမြင့်ခဲ့ပြီးဖြစ်သော်လည်း မည်သူဝယ်ယူသွားသည်ကို မသိရှိခဲ့ကြဘဲ ယခုအခါတွင်မူ ဝယ်ယူသွားသူမှာ ဆော်ဒီမင်းသားဖြစ်ကြောင်း လျှို့ဝှက်ချက်ပေါ်ပေါက်လာသည်ဟု အရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်း ဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

လူဝီ-၁၆ (Chateau Louis XIV) ဟု အမည်ပေးထားသည့် အဆိုပါရဲတိုက်ကြီးတွင် အိုင်ဖုန်းဖြင့် ထိန်းချုပ်နိုင်သည့် ရေတံခွန်များ ပါဝင်ပြီး ကမ္ဘာ့ဈေးအကြီးဆုံး အိမ်ခြံမြေအဖြစ် စံချိန်တင်သွားသည်။

ကမ္ဘာ့ဈေးအကြီးဆုံးရဲတိုက်ကြီး၏ ပိုင်ရှင်မှာ ဆော်ဒီမင်းသား မိုဟာမက် ဘင် ဆယ်လ်မန်ဖြစ်ကြောင်း နယူးယောက်တိုင်းမ် သတင်းတစ်ရပ်တွင်လည်း ဖော်ပြသည်။

ပြင်သစ်နိုင်ငံ၏ မြို့တော် ပဲရစ်မြို့အနောက်ဘက်တွင် တည်ရှိပြီး ကန်ဒေါ်လာ သန်း ၃၀၀ (ယူရို ၂၇၅ သန်း) ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ခြင်း ဖြစ်သည်။

မင်းသား ဆယ်လ်မန်သည် ဆော်ဒီတွင် အကျင့်ဖျက်ခြစားမှုတိုက်ဖျက်ရေးလုပ်ငန်းများ အရှိန်ဟုန်မြှင့် လုပ်ဆောင်နေသူတစ်ဦးလည်း ဖြစ်သည်။

၂၀၁၅ ခုနှစ်အတွင်းက အရောင်းအဝယ်ဖြစ်ခဲ့ပြီး ထိုစဉ်ကမူ ဝယ်လက်မည်သူဖြစ်သည်ကို အထူးလျှို့ဝှက်ထားခဲ့သည်။

ယခုအခါတွင်မူ ရဲတိုက်ကြီး၏ ပင်ရင်းပိုင်ရှင်မှာ မင်းသားဆယ်လ်မန်ဖြစ်ကြောင်း ဆော်ဒီတော်ဝင်မိသားစုက အတည်ပြုလိုက်သည်ဟု တိုင်းမဂ္ဂဇင်းတွင်လည်း ဖော်ပြသည်။

ပြင်သစ်စုံစမ်းဖော်ထုတ်ထောက်လှမ်းသည့် ဝက်ဘ်ဆိုက်တစ်ခုဖြစ်သော Mediapart က ရဲတိုက်ကြီး၏ ပိုင်ရှင်မှာ မင်းသားဆယ်လ်မန်ဖြစ်ကြောင်း ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လကတည်းက ဖော်ထုတ်ရေးသားခဲ့ဖူးသော်လည်း ထိုစဉ်ကမူ ဆော်ဒီအာဏာပိုင်တို့က ငြင်းချက်ထုတ်ခဲ့သည်။

ပြင်ပသွင်ပြင်တွင် ၁၇ ရာစု၏ ခေတ်ဟောင်းဟန်ရှိနေပြီး ဗာဆိုင်းနန်းတော်အနီးတွင် တည်ရှိသည်။

ဆော်ဒီ developer တို့က ယခုရဲတိုက်နေရာတွင် တည်ရှိခဲ့သည့် ၁၉ ရာစုနှစ် အဆောက်အအုံဟောင်းကို ဖြိုချကာ အသစ်ပြန်လည်ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

ရှေးဟောင်းမျက်နှာစာ၏ နောက်ဘက် အတွင်းပိုင်းတွင်ကား ခေတ်မီမြင်ကွင်းတို့ဖြင့် ထည်ဝါနေကာ ရုပ်ရှင်ရုံ၊ ရေကူးကန်၊ ကျုံးတို့ ပါဝင်သည်။

ကျုံးရေပြင်အောက်တွင် မှန်လုံရေအောက်ခန်း ထည့်သွင်းဆောက်လုပ်ထားရာ လာရောက်လည်ပတ်သူများအနေဖြင့် ရေအောက်မှန်လုံခန်းတွင်းမှတဆင့် ဂျပန် koi carp ငါးများ ကူးသန်းသွားလာနေကြမှုကို ရင်သပ်ရှုမောစွာ ကြည့်ရှုခံစားနိုင်သည်။

ခြံဝန်းအကျယ်မှာ ၅၇ ဧကရှိပြီး ဂရုတစိုက်မွမ်းမံထားသည့် ပန်းဥယျာဉ်များ၊ ကြီးမားသည့်ရေတံခွန်ကြီးများ ပါဝင်ကာ နေအိမ်အတွင်းရှိ မျက်နှာကြက်များမှာလည်း ရွှေရောင်လွှမ်းသည့်မျက်နှာကြက်များ၊ ဆေးရေးမျက်နှာကြက်များ အနှံ့အပြားတွေ့ရသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ရေတံခွန်များကို iPhone ဖြင့် ဖွင့်ပိတ်ထိန်းချုပ်နိုင်သော ပြင်သစ်နိုင်ငံရှိ ၅၇ ဧကခြံဝန်းကြီးနှင့် ရဲတိုက်ကြီးကို ကမ္ဘာပေါ်တွင် အမြင့်မားဆုံး စံချိန်တင် ဈေးဖြင့် ဝယ်ယူသွားသူမှာ ဆော်ဒီမင်းသားဖြစ်ကြောင်း လျှို့ဝှက်ချက်ပေါ်ပေါက် - Property News in Myanmar from iMyanmarHouse.com
ရေတံခွန်များကို iPhone ဖြင့် ဖွင့်ပိတ်ထိန်းချုပ်နိုင်သော ပြင်သစ်နိုင်ငံရှိ ၅၇ ဧကခြံဝန်းကြီးနှင့် ရဲတိုက်ကြီးကို ကမ္ဘာပေါ်တွင် အမြင့်မားဆုံး စံချိန်တင် ဈေးဖြင့် ဝယ်ယူသွားသူမှာ ဆော်ဒီမင်းသားဖြစ်ကြောင်း လျှို့ဝှက်ချက်ပေါ်ပေါက် - Property News in Myanmar from iMyanmarHouse.com
ရေတံခွန်များကို iPhone ဖြင့် ဖွင့်ပိတ်ထိန်းချုပ်နိုင်သော ပြင်သစ်နိုင်ငံရှိ ၅၇ ဧကခြံဝန်းကြီးနှင့် ရဲတိုက်ကြီးကို ကမ္ဘာပေါ်တွင် အမြင့်မားဆုံး စံချိန်တင် ဈေးဖြင့် ဝယ်ယူသွားသူမှာ ဆော်ဒီမင်းသားဖြစ်ကြောင်း လျှို့ဝှက်ချက်ပေါ်ပေါက် - Property News in Myanmar from iMyanmarHouse.com
ရေတံခွန်များကို iPhone ဖြင့် ဖွင့်ပိတ်ထိန်းချုပ်နိုင်သော ပြင်သစ်နိုင်ငံရှိ ၅၇ ဧကခြံဝန်းကြီးနှင့် ရဲတိုက်ကြီးကို ကမ္ဘာပေါ်တွင် အမြင့်မားဆုံး စံချိန်တင် ဈေးဖြင့် ဝယ်ယူသွားသူမှာ ဆော်ဒီမင်းသားဖြစ်ကြောင်း လျှို့ဝှက်ချက်ပေါ်ပေါက် - Property News in Myanmar from iMyanmarHouse.com
ရေတံခွန်များကို iPhone ဖြင့် ဖွင့်ပိတ်ထိန်းချုပ်နိုင်သော ပြင်သစ်နိုင်ငံရှိ ၅၇ ဧကခြံဝန်းကြီးနှင့် ရဲတိုက်ကြီးကို ကမ္ဘာပေါ်တွင် အမြင့်မားဆုံး စံချိန်တင် ဈေးဖြင့် ဝယ်ယူသွားသူမှာ ဆော်ဒီမင်းသားဖြစ်ကြောင်း လျှို့ဝှက်ချက်ပေါ်ပေါက် - Property News in Myanmar from iMyanmarHouse.com
ရေတံခွန်များကို iPhone ဖြင့် ဖွင့်ပိတ်ထိန်းချုပ်နိုင်သော ပြင်သစ်နိုင်ငံရှိ ၅၇ ဧကခြံဝန်းကြီးနှင့် ရဲတိုက်ကြီးကို ကမ္ဘာပေါ်တွင် အမြင့်မားဆုံး စံချိန်တင် ဈေးဖြင့် ဝယ်ယူသွားသူမှာ ဆော်ဒီမင်းသားဖြစ်ကြောင်း လျှို့ဝှက်ချက်ပေါ်ပေါက် - Property News in Myanmar from iMyanmarHouse.com
ရေတံခွန်များကို iPhone ဖြင့် ဖွင့်ပိတ်ထိန်းချုပ်နိုင်သော ပြင်သစ်နိုင်ငံရှိ ၅၇ ဧကခြံဝန်းကြီးနှင့် ရဲတိုက်ကြီးကို ကမ္ဘာပေါ်တွင် အမြင့်မားဆုံး စံချိန်တင် ဈေးဖြင့် ဝယ်ယူသွားသူမှာ ဆော်ဒီမင်းသားဖြစ်ကြောင်း လျှို့ဝှက်ချက်ပေါ်ပေါက် - Property News in Myanmar from iMyanmarHouse.com
ရေတံခွန်များကို iPhone ဖြင့် ဖွင့်ပိတ်ထိန်းချုပ်နိုင်သော ပြင်သစ်နိုင်ငံရှိ ၅၇ ဧကခြံဝန်းကြီးနှင့် ရဲတိုက်ကြီးကို ကမ္ဘာပေါ်တွင် အမြင့်မားဆုံး စံချိန်တင် ဈေးဖြင့် ဝယ်ယူသွားသူမှာ ဆော်ဒီမင်းသားဖြစ်ကြောင်း လျှို့ဝှက်ချက်ပေါ်ပေါက် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service