ရန်ကုန်မြို့သစ်စီမံကိန်းကြီးကြပ်ရန် အစိုးရက ကုမ္ပဏီထောင် - Property News in Myanmar from iMyanmarHouse.com
5567 Views

ရန်ကုန်မြို့သစ်စီမံကိန်းကြီးကြပ်ရန် အစိုးရက ကုမ္ပဏီထောင်

အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ ရန်ကုန်မြို့သစ်စီမံကိန်းကို ကြီး ကြပ်ရန် ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီ (NYDC)ကို တိုင်း အစိုးရက ဖွဲ့စည်းလိုက်ပြီး အက်ဖ် အမ်အိုင်ကုမ္ပဏီဥက္ကဋ္ဌ ဦးသိမ်းဝေ (ခ)ဆာ့ခ်ျပန်းကို အမှုဆောင် အရာရှိချုပ်အဖြစ် ခန့်အပ်ကြောင်း မတ်လ ၃၁ ရက်က ကြေညာ သည်။

အဆိုပါကုမ္ပဏီကို အထူး ကုမ္ပဏီဥပဒေဖြင့် ရန်ကုန်တိုင်း အစိုးရအဖွဲ့က ကျပ် ၁၀ ဘီလီယံ မတည်၍ တည်ထောင်ခြင်းဖြစ် ပြီး ရန်ကုန်မြို့သစ်စီမံကိန်းတစ်ခု လုံးကို ကြီးကြပ်မည်ဟု အမှု ဆောင်အရာရှိချုပ် ဦးသိမ်းဝေက ပြောသည်။

ထို့ကြောင့် NYDC ကုမ္ပဏီသည် ရန်ကုန်မြို့သစ်တည်ဆောက်ရေးလုပ်ငန်းများ ကို ဝင်ရောက်လုပ်ကိုင်မည် မဟုတ်ဘဲ ရန်ကုန်တိုင်းအစိုး ရကိုယ်စား စီမံကိန်းတွင် ပါဝင် မည့် ကုမ္ပဏီများကို ကြီးကြပ်မည် ဟု ဆိုသည်။ ကုမ္ပဏီထူထောင်ပြီး မြို့သစ်စီမံကိန်း အကောင်အထည်ဖော်ရခြင်းသည် ကြိုးနီစနစ်များ လျှော့ချပြီး စီမံကိန်း လျင်လျင်မြန်မြန်အကောင်အထည်ဖော်ရန် ဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောသည်။

‘‘အခုလို ကုမ္ပဏီတစ်ခုကို ထူထောင်ပြီးတော့ ဒီကုမ္ပဏီက အစိုးရကိုယ်စားပြုမှုနဲ့ ဆောင် ရွက်မှာဖြစ်တော့ ဝန်ကြီးဌာနနဲ့ အစိုးရဌာနတွေကို သွားရတာ ချောမွေ့မယ်လို့ ယူဆပါတယ်’’ ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

ရန်ကုန်မြို့သစ် စီမံကိန်းကို ယခင်အစိုးရ လက်ထက်တွင် စတင်ခဲ့သည့် မြေနေရာရှိ မြေဧက ၂၀,၀၀၀ တွင် ပထမအဆင့် စတင် အကောင်အထည်ဖော်မည်ဖြစ် ပြီး ပြန်လည်ပြင်ဆင်ခြင်း မရှိ ကြောင်း တိုင်းအစိုးရ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာ ကျော်က ပြောသည်။

စီမံကိန်းကို ရန်ကုန်မြစ်အ နောက်ဘက်ကမ်းတွင် တည်ဆောက်မည်ဖြစ်ပြီး အနည်းဆုံး လူဦးရေသုံးသန်းကျော် နေထိုင် နိုင်မည့်အပြင် အလုပ်အကိုင်အ ခွင့်အလမ်း နှစ်သန်းကျော် ဖန်တီးနိုင်ရန်ဖြစ်ကြောင်း ထုတ်ပြန်ထား သည်။

‘‘ဒီနေရာက ရန်ကုန်မြို့ထက်တောင် ပိုဖွံ့ဖြိုးသင့်နေပြီ။ ဘာဖြစ်လို့ အခုချိန်ထိ ဒီဘဝတွေနဲ့ နေကြ ရမှာလဲ။ ညဘက်ဆိုရင် ရန်ကုန် မြစ်က သွားကြည့်လိုက်ပါ။ တစ် ဖက်ကမ်း ဒလက မှောင်မည်းလို့။ အဲဒီတော့ ကိုယ့်စိတ်ထဲ ဘယ်လို ခံစားရမလဲ။ ဒေသခံပြည်သူတွေ ဘက်က တွေးကြည့်ပါ’’ ဟု ဒေါ်နီ လာကျော်က ပြောသည်။

အဆိုပါမြို့သစ် အကောင် အထည်ဖော်ရာတွင် မြို့နယ်ငါးခု၊ တံတားနှစ်စင်း၊ ၂၆ ကီလိုမီတာ ရှည်သည့် ပင်မလမ်းကြောင်း၊ ၁၀ ကီလိုမီတာရှိ စက်မှုဇုန်၊ လျှပ်စစ်ဓာတ်အားစက်ရုံ၊ ရေသန့်နှင့် ရေဆိုးထုတ်စက်ရုံများ ပါဝင်မည် ဖြစ်သည်။ မြို့သစ်စီမံကိန်းတည် ဆောက်ပြီးစီးပါက စင်ကာပူနိုင်ငံ ထက် နှစ်ဆ ကျယ်ဝန်းမည်ဟု အဆိုပါကုမ္ပဏီသစ်က ထုတ်ပြန် ထားသည်။

မြို့သစ်စီမံကိန်းသည် အခြေခံ တည်ဆောက်ရေးလုပ်ငန်းများပြီးစီးပါက ကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကုန်ကျမည်ဖြစ်သည်။

ရန်ကုန်မြို့သစ် စီမံကိန်း တွင် လုပ်ကိုင်လိုသည့် ကုမ္ပဏီနှင့် လုပ်ငန်းရှင်များသည် NYDC Challenge စနစ်ဖြင့် ယှဉ်ပြိုင်ရ မည်ဖြစ်သည်။ NYDC Challengeဆိုသည်မှာ ကုမ္ပဏီတစ်ခုက မိမိ လုပ်ကိုင်လိုသည့် စီမံကိန်းတစ်ခု ကို အစအဆုံး ကုန်ကျခံလေ့လာ စစ်တမ်းပြုလုပ်၍ ပုံစံထုတ်ပေးရ မည်ဖြစ်သည်။ ပုံစံထွက်လာပါက အခြားကုမ္ပဏီများနှင့် အတူ ဈေး ပြိုင်တင်ဒါ ဝင်ပြိုင်ရမည် ဖြစ် သည်။ အကယ်၍ ယင်းကုမ္ပဏီ သည် တင်ဒါမအောင်မြင်ပါက တင်ဒါအောင်မြင်သည့် ကုမ္ပဏီက စီမံကိန်းပုံစံထုတ်လုပ်ခဲ့သည့် ကုန်ကျစရိတ် ပြန်လည်ပေးအပ်ရ မည်ဖြစ်သည်။

ယခင်အစိုးရလက်ထက်က တင်ဒါအောင်မြင်ထားသည့် ကုမ္ပ ဏီများသည် အဆိုပါ စီမံကိန်း တွင် လုပ်ကိုင်လိုပါက ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး ယခင်အစိုးရလက် ထက်က တင်ဒါရရှိထားသူများ သည် အတည်ဖြစ်သည်ဟု မယူ ဆထားကြောင်း ဦးသိမ်းဝေက ပြောသည်။

‘‘လျှောက်နိုင်တယ်။ ဝင်ပြိုင် နိုင်တယ်။ ဒါပေမဲ့ အရင်တုန်းက ရထားလို့ ဒီနေ့ ကျိန်းသေရမယ်ဆို တာတော့ မရှိပါဘူး’’ဟု ဦးသိမ်း ဝေက ပြောသည်။

မြို့သစ်စီမံကိန်း တစ်ခုလုံး ကို ယခင်တင်ဒါအောင်ထားသည့် ကုမ္ပဏီသုံးခုကိုသာ အကောင်အထည်ဖော်ခွင့်မပေးနိုင်ကြောင်းကို ကုမ္ပဏီများအား ရှင်းရှင်းလင်းလင်းပြောထားကြောင်း ဒေါ်နီလာ ကျော်က ဆိုသည်။

မြို့သစ်စီမံကိန်းသည် အ ကောင်အထည်ဖော်သင့်သည့် စီမံ ကိန်းဖြစ်သော်လည်း ရန်ကုန်တိုင်း လွှတ်တော်က ခွင့်ပြုခြင်းရှိ၊ မရှိ မသေချာသေးသည့် စီမံကိန်းဖြစ် ကြောင်း ဓနစံရာဆောက်လုပ်ရေး လုပ်ငန်းရှင် ဦးရဲလင်းက ပြော သည်။

ရန်ကုန်မြို့သစ် စီမံကိန်း သည် ရန်ကုန်မြို့၏အစိတ်အပိုင်း တစ်ခုအဖြစ် အကောင်အထည် ဖော်သင့်ပြီး ရန်ကုန်မြို့၏လိုအပ် ချက်ကို ဖြည့်ဆည်း အကောင် အထည်ဖော်ရန် လိုအပ်နေသည် ဟု မြို့ပြပညာရှင် ဒေါက်တာ ကျော်လတ်က ပြောသည်။

‘‘မြို့သစ် စီမံကိန်းတွေဆို တာ အစိုးရက ဖော်ဆောင်သင့် တယ်။ အစိုးရမှ မြို့ပြလိုအပ်ချက်ကို သိမှာ။ ကုမ္ပဏီတွေက ဦး ဆောင်ရင် သူတို့လိုတာပဲ အ ကောင်အထည် ဖော်သွားလိမ့် မယ်’’ဟု ၎င်းက ပြောသည်။

ရန်ကုန်မြို့သစ် တည် ဆောက်ရန် ကော်မတီဖွဲ့စည်း သော်လည်း ပိုမိုထိရောက်စွာ အ လုပ်လုပ်နိုင်ရန် ကုမ္ပဏီအဖြစ် တိုင်းအစိုးရက ဖွဲ့စည်းခဲ့သည်ဟု ဒေါ်နီလာကျော်က ပြောသည်။ အထက်ပါ ကုမ္ပဏီ ဒါရိုက်တာ အဖွဲ့ကို အဖွဲ့ဝင်ဒါရိုက်တာငါးဦး ဖြင့် ဖွဲ့စည်းထားသည်။ ၎င်းတို့ထဲ တွင် ရန်ကုန်တိုင်းလျှပ်စစ်၊ စက် မှုလက်မှုနှင့် လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဒေါ်နီလာကျော်က ဥက္ကဋ္ဌဖြစ်ပြီး ဦးသိမ်းဝေက ဒုတိယဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် ဖြစ်သည်။ ကျန်ဒါရိုက်တာအဖွဲ့ဝင် သုံးဦးမှာ တိုင်းဒေသကြီး စိုက်ပျိုးရေးဝန်ကြီး ဦးဟံထွန်းနှင့်

လွတ်လပ်သော ဒါရိုက်တာ နှစ်ဦးအဖြစ် စင်ကာပူဝန်ကြီးဟောင်း George Yeo ၊ ကုလသမဂ္ဂလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအရာရှိဟောင်း ဦးထွန်းမြတ်တို့ဖြစ်သည်။

ရန်ကုန်တိုင်းအစိုးရက ဦးသိမ်းဝေကို အမှုဆောင်အရာရှိ ချုပ်အဖြစ် ရွေးချယ်ခြင်းသည် နိုင်ငံတကာ အတွေ့အကြုံရှိပြီး ပြည်တွင်းတွင် နာမည်ကောင်းရှိ သည့် စီးပွားရေးလုပ်ငန်းရှင်ကို ရွေးချယ်ခြင်းဖြစ်ကြောင်း ဒေါ်နီလာကျော်က ပြောသည်။ ဦးသိမ်းဝေက အဆိုပါစီမံကိန်းတွင် ၎င်းပိုင်ကုမ္ပဏီငါးခုစလုံး မည်သည့် စီးပွားရေးမျှ ဝင်ရောက်လုပ်ကိုင်မည်မဟုတ်ကြောင်း ကတိပေးထားသည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service