အဆင့်မြင့် မင်္ဂလာဈေးကို ဧပြီတွင် စတင်တည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
5163 Views

အဆင့်မြင့် မင်္ဂလာဈေးကို ဧပြီတွင် စတင်တည်ဆောက်မည်

မီးလောင်ပျက်စီးခဲ့သည့် မင်္ဂလာဈေးကြီးကို ဧပြီ ၁ ရက် တွင် ပြန်လည်တည်ဆောက်မည် ဖြစ်ပြီး ၂ နှစ်ခွဲအတွင်း အပြီးတည် ဆောက်မည်ဖြစ်သည်။

လွန်ခဲ့သည့် ၂ နှစ်က မီး လောင်ပျက်စီးခဲ့သည့် မင်္ဂလာဈေးကို ဆန်းမြတ်ထွန်း (SMT) ဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူ တည်ဆောက်မည်ဖြစ်သည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဌာနများ၊ တိုင်းအစိုးရနှင့် ဈေးတည်ဆောက်မည့်ကုမ္ပဏီတို့ တွေ့ဆုံကာ ဈေးတည်ဆောက်ရန် မတ်လ ၃၀ ရက်က သဘောတူစာချုပ်ချုပ်ဆိုခဲ့ကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောသည်။

ဈေးကို ကားပါကင်နှင့် ၁၅ ထပ် အဆင့်မြင့်အဆောက်အအုံ တည်ဆောက်မည်ဖြစ်ပြီး ကျပ် ၆၈ ဘီလီယံကျော် ကုန်ကျမည်ဟု ခန့်မှန်းထားသည်။ ဈေးဒီဇိုင်းတင် ဒါကို Amenity Design Group က ရရှိထားကြောင်း အင်ဂျင်နီ ယာဌာန (အဆောက်အအုံ) လက် ထောက်ဌာနမှူး ဦးကြည်မြင့်ကပြောသည်။

မတ်လ ၃၁ ရက်တွင် ဈေး နေရာကို ကနဦးမြေစမ်းသပ်ခြင်း များ၊ မြေညှိခြင်းများ ပြုလုပ်မည် ဖြစ်သည်။ ဈေးနေရာချရန်၊ ဆိုင် ခန်းများ ရောင်းချရန်နှင့် အတည် တကျဖြစ်ရန် သုံးလအတွင်း ဆောင်ရွက်မည်ဖြစ်၍ ၂၀၂၀ နှစ်ကုန်တွင် မင်္ဂလာဈေးသစ်ပြန်လည်အသက်ဝင်လာမည်ဟု ခန့်မှန်းထားသည်။

အဝတ်အထည်နှင့် ဆေးဝါး များ၊ အလှကုန်များ လက်လီလက်ကားရောင်းချနေသော မင်္ဂလာဈေးကို ၁၉၉၈ တွင် စတင်ဖွင့်လှစ်ခဲ့သည်။

၂၀၁၀ ၌ ပထမ အကြိမ်၊ ၂၀၁၆ ဇန်နဝါရီ ၉ ရက်တွင် ဒုတိယအကြိမ် မီးလောင်ကျွမ်းခဲ့သည်။ ဒုတိယအကြိမ်မီးလောင်ကျွမ်းမှုတွင် တတိယထပ်မှ ခေါင်မိုးထပ်အထိ ဆိုင်ခန်း ၁,၆၃၆ ခန်း ဆုံးရှုံးခဲ့သည်။ မီးသင့်မင်္ဂလာဈေးကို ၂၀၁၆ အောက်တိုဘာက နှစ်လအတွင်း အပြီးဖြိုဖျက်ခဲ့သည်။

‘‘မီးလောင်ပြီး ကြာသွားတာ ၂ နှစ်၊ ထပ်ဆောက်ဖို့ ၂ နှစ်ဆို တော့ ငါးနှစ်လောက်ရှိမှာပေါ့။ ဒါပေမဲ့ အဓိကက အမြန်ဆုံးတည်ဆောက်ပြီးစီးဖို့ပဲ လိုလားပါ တယ်။ စဆောက်ပြီဆိုရင် အေး ပါပြီ။ ဈေးကို မှီတည်ပြီး ရပ်တည် နေတဲ့ မိသားစုဝင်တွေ မနည်းပါ ဘူး’’ဟု မင်္ဂလာဈေး အလှကုန် အထပ်မှ ဒေါ်သိင်္ဂီဌေးက ပြော သည်။

မင်္ဂလာဈေး မီးလောင်ပြီး နောက် ဈေးသည်အများစုသည် ဈေးအနောက်ဘက်ရှိ ရွှေပြည့်စုံ ဈေး၊ ရွှေမင်္ဂလာဈေးနှင့် မင်္ဂလာ မွန်ဈေးတို့တွင် ဆိုင်ခန်းများ ငှား ရမ်း ရောင်းချနေသည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service