ဒန်ဇဲလ် ဝါရှင်တန်၏ နေအိမ် (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏ နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
4336 Views

ဒန်ဇဲလ် ဝါရှင်တန်၏ နေအိမ် (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏ နေအိမ်များ)

ကမ္ဘာကျော် အက်ရှင်သရုပ်ဆောင် ဒန်ဇဲလ် ဝါရှင်တန်၏ နေအိမ်မှာ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့တွင် တည်ရှိသည်။

ခြံဝန်းအကျယ် ၁ ဒသမ ၅ ဧကရှိပြီး ခြံဝန်းအတွင်း ရေကူးကန်နှင့် တင်းနစ်ကွင်းတို့ပါဝင်ကာ Beverly Park အမည်ရှိ သီးသန့် အိမ်ရာဝန်းအတွင်း တည်ရှိခြင်း ဖြစ်သည်။

ရုပ်ရှင်သရုပ်ဆောင်၊ ထုတ်လုပ်သူ၊ ဒါရိုက်တာအဖြစ် အနုပညာခရီးကို ဖြတ်သန်းခဲ့ပြီး ကြွယ်ဝမှုမှာ ကန်ဒေါ်လာ သန်း ၁၉၀ ခန့်ဖြစ်ကြောင်း ခန့်မှန်းထားကြသည်။

သူ၏ နှစ်စဉ်ဝင်ငွေမှာ ကန်ဒေါ်လာ သန်း ၆၀ မှ သန်း ၉၀ အကြားရှိသည်။

ဝါရှင်တန်သည် အက်ရှင်ဇာတ်ကားများ၊ သမိုင်းနောက်ခံဇာတ်ကားများဖြင့် နာမည်ကျော်ခြင်းလည်း ဖြစ်သည်။

၁၉၉၀ ပြည့်လွန်ကာလများက ထုတ်လွှင့်ခဲ့သည့် St. Elsewhere ရုပ်သံဇာတ်လမ်းဖြင့် သရုပ်ဆောင်လောကသို့ စတင်ခြေချခဲ့သည်။
Training Day ဇာတ်ကားဖြင့် အကောင်းဆုံးသရုပ်ဆောင်အဖြစ် ရွှေကမ္ဘာလုံးဆုနှင့် အော်စကာဆု၊ Glory ဇာတ်ကားဖြင့် အကောင်းဆုံးဇာတ်ပို့ ရွှေကမ္ဘာလုံးဆုနှင့် အော်စကာဆုတို့ ရရှိခဲ့သည်။

Fences ဇာတ်ကားအတွက် တိုနီဆုလည်း ရရှိခဲ့သေးသည်။
ဝါရှင်တန်သရုပ်ဆောင်သော ဇာတ်ကားများမှာ အများအားဖြင့် ပြင်ပလောကမှ လက်တွေ့ဘဝများနှင့် နီးစပ်လေ့ရှိရာ သူ၏ နာမည်ကျော် Malcolm X တွင် ပြည်သူများ၏အခွင့်အရေး တက်ကြွလှုပ်ရှားသူအဖြစ် သရုပ်ဆောင်ထားသည်။

အခြား သမိုင်းအခြေခံဇာတ်လမ်းများတွင် အထက်တန်းကျောင်း ဘောလုံးနည်းပြ ဟာမန် ဘွန်း၊ လူမျိုးရေးခွဲခြားမှုဆန့်ကျင်သည့် တက်ကြွလှုပ်ရှားသူ တောင်ဖရိကသား စတိဗ် ဘီကို၊ အမေရိကန်ကဗျာဆရာ/နိုင်ငံရေးသမား မယ်လ်ဗင် ဘီ-တိုလ်ဆင်၊ လူဆိုးဂိုဏ်းခေါင်းဆောင် ဖရန့်ခ် လူးကပ်စ် အစရှိသည့် ဇာတ်ရုပ်များနေရာတွ င် ပါဝင်သရုပ်ဆောင်ခဲ့သည်။

သူ၏ အခြားနာမည်ကျော်ဇာတ်ကားများမှာ John Q., Out of Time, Man on Fire, The Manchurian Candidate, Philadelphia, He Got Game, The Pelican Brief, Crimson Tide, Courage Under Fire နှင့် The Preacher’s Wife တို့ ဖြစ်ကြသည်။

ရုပ်ရှင်လောကသို့ စတင်ခြေချစဉ်က ဆုံစည်းခဲ့သူ ပေါ်လက်တာ ပီးယားဆန်နှင့် ၁၉၈၃ ခုနှစ်၊ ဇွန်လ ၂၅ ရက်တွင် လက်ထပ်ခဲ့ပြီး သားသမီး ၄ ဦးထွန်းကားသည်။

ဝါရှင်တန်၏ အခြားကမ္ဘာကျော်ဇာတ်ကားတစ်ခုမှာ ၂၀၁၆ ခုနှစ်က ဒါရိုက်တာ အန်တွိုင်း ဖူကွာ ရိုက်ကူးထုတ်လုပ်ခဲ့သည့် The Magnificent Seven ဖြစ်ပြီး ယင်းဇာတ်ကားတွင် ဆမ်ချီဆွန်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဒန်ဇဲလ် ဝါရှင်တန်၏ နေအိမ် (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏ နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
ဒန်ဇဲလ် ဝါရှင်တန်၏ နေအိမ် (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏ နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service