တိုကျိုဇိမ်ခံအိမ်ငှားခများက အာရှ၏ဈေးအများဆုံးနှင့် ကမ္ဘာ့ဒုတိယဈေးအများဆုံးဖြစ် - Property News in Myanmar from iMyanmarHouse.com
2428 Views

တိုကျိုဇိမ်ခံအိမ်ငှားခများက အာရှ၏ဈေးအများဆုံးနှင့် ကမ္ဘာ့ဒုတိယဈေးအများဆုံးဖြစ်

တိုကျိုသည် ကမ္ဘာ့ဇိမ်ခံအိမ်အငှားဈေးကွက်များအနက် ဒုတိယဈေးအများဆုံး
ဖြစ်ကြောင်း ကမ္ဘာ့အိမ်ခြံမြေဈေးကွက်များကို စောင့်ကြည့်လေ့လာသည့်
သုတေသနအဖွဲ့ Savills World Research က ယခုသီတင်းပတ်အတွင်း
ထုတ်ပြန်လိုက်သည့် အချက်အလက်များအရ သိရသည်။

ဂျပန်နိုင်ငံ၏မြို့တော် တိုကျိုရှိ ဇိမ်ခံအိမ်ငှားခများသည် ယခုအခါ
သီတင်းပတ်တစ်ပတ်လျှင် ပျှမ်းမျှ အမေရိကန်ဒေါ်လာ ၂,၇၃၅ ဒေါ်လာ
ရှိပြီး ၂၀၁၇ ခုနှစ်ကထက် ၇ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။

ယင်းက တိုကျိုအား ပြီးခဲ့သည့်နှစ်အတွင်း ၅ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်၍
သီတင်းတစ်ပတ်လျှင် ပျမ်းမျှငှားခရမ်းမ အမေရိကန်ဒေါ်လာ ၃,၂၃၈ ဒေါ်လာ
ရှိသည့် နယူးယောက်စီးတီးအောက် ကမ္ဘာ့ဒုတိယဈေးအများဆုံးဇိမ်ခံအိမ်
အငှားဈေးကွက်ဖြစ်စေလိုက်ခြင်း ဖြစ်သည်။

ကမ္ဘာ့ဈေးနှုန်းလက်လှမ်းမမီဆုံးအိမ်ရာဈေးကွက်အဖြစ် ကျယ်ကျယ်ပြန့်ပြန့်
ရှုမြင်ခံထားရသည့် ဟောင်ကောင်က ကမ္ဘာ့စတုတ္ထဈေးအများဆုံးဇိမ်ခံအိမ်
အငှားဈေးကွက်အဖြစ် ဖော်ပြခံခဲ့ရသည်။

တရုတ်နိုင်ငံပိုင် အထူးအုပ်ချုပ်ခွင့်ရ
ဒေသဖြစ်သည့် ဟောင်ကောင်တွင် ဇိမ်ခံငှားခများသည် သီတင်းတစ်ပတ်လျှင်
ပျမ်းမျှ အမေရိကန်ဒေါ်လာ ၂၃၈၂ ဒေါ်လာ ရှိပြီး ၂၀၁၇ ကထက် ၂ ဒသမ ၇
ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။

"ကျွန်မတို့ရဲ့ လေ့လာမှုအရ ပြောရမယ်ဆိုရင် ဝယ်ယူဖို့ ဈေးအများဆုံးမြို့တွေ
ဟာ ငှားရမ်းဖို့ ဈေးအများဆုံးရယ်လို့တော့ သေချာပေါက်ကြီးမဟုတ်ပါဘူး" ဟု
Savills ၏ ကမ္ဘာ့သုတေသနခေါင်းဆောင် ယိုလန်ဘန်းက ပြောကြားခဲ့သည်။

ဟောင်ကောင်ရှိ အိမ်ဈေးနှုန်းများသည် ဆန်ဖရန်စစ္စကိုရှိ အိမ်ဈေးနှုန်းများထက်
နှစ်ဆများပြားကြောင်း၊ ဆန်ဖရန်စ္စကိုရှိ အိမ်ငှားခများသည် ဟောင်ကောင်ရှိ
အိမ်ငှားခများအောက် မလျော့နည်းမသက်သာသည့်အပြင် ရာခိုင်နှုန်း ၃၀ ခန့်ပင် ပိုမိုများပြားကြောင်းလည်း ဘန်းက နှိုင်းယှဉ်ပြခဲ့သည်။ ကမ္ဘာ့ဇိမ်ခံအိမ်ငှားဈေးကွက်များတွင် ဆန်ဖရန်စ္စကို နဝမမြောက်ဈေးအများဆုံးဖြစ်သည်။

လန်ဒန်ရှိ သီတင်းပတ်တစ်ပတ်လျှင် ပျမ်းမျှ ဇိမ်ခံအိမ်ငှားခသည်
အမေရိကန်ဒေါ်လာ ၂၃၉၆ ဒေါ်လာ ရှိပြီး ၂၀၁၇ ကထက် ၂ ဒသမ ၉ ရာခိုင်နှုန်း လျော့ကျသွားခဲ့ကာ ကမ္ဘာ့တတိယဈေးအကြီးဆုံးဇိမ်ခံအိမ်အငှားဈေးကွက်
ဖြစ်လာကြောင်း သိရသည်။တိုကျိုဇိမ်ခံအိမ်ငှားခများက အာရှ၏ဈေးအများဆုံးနှင့် ကမ္ဘာ့ဒုတိယဈေးအများဆုံးဖြစ်

တိုကျိုသည် ကမ္ဘာ့ဇိမ်ခံအိမ်အငှားဈေးကွက်များအနက် ဒုတိယဈေးအများဆုံး
ဖြစ်ကြောင်း ကမ္ဘာ့အိမ်ခြံမြေဈေးကွက်များကို စောင့်ကြည့်လေ့လာသည့်
သုတေသနအဖွဲ့ Savills World Research က ယခုသီတင်းပတ်အတွင်း
ထုတ်ပြန်လိုက်သည့် အချက်အလက်များအရ သိရသည်။

ဂျပန်နိုင်ငံ၏မြို့တော် တိုကျိုရှိ ဇိမ်ခံအိမ်ငှားခများသည် ယခုအခါ
သီတင်းပတ်တစ်ပတ်လျှင် ပျှမ်းမျှ အမေရိကန်ဒေါ်လာ ၂,၇၃၅ ဒေါ်လာ
ရှိပြီး ၂၀၁၇ ခုနှစ်ကထက် ၇ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။
ယင်းက တိုကျိုအား ပြီးခဲ့သည့်နှစ်အတွင်း ၅ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်၍
သီတင်းတစ်ပတ်လျှင် ပျမ်းမျှငှားခရမ်းမ အမေရိကန်ဒေါ်လာ ၃,၂၃၈ ဒေါ်လာ
ရှိသည့် နယူးယောက်စီးတီးအောက် ကမ္ဘာ့ဒုတိယဈေးအများဆုံးဇိမ်ခံအိမ်
အငှားဈေးကွက်ဖြစ်စေလိုက်ခြင်း ဖြစ်သည်။

ကမ္ဘာ့ဈေးနှုန်းလက်လှမ်းမမီဆုံးအိမ်ရာဈေးကွက်အဖြစ် ကျယ်ကျယ်ပြန့်ပြန့်
ရှုမြင်ခံထားရသည့် ဟောင်ကောင်က ကမ္ဘာ့စတုတ္ထဈေးအများဆုံးဇိမ်ခံအိမ်
အငှားဈေးကွက်အဖြစ် ဖော်ပြခံခဲ့ရသည်။ တရုတ်နိုင်ငံပိုင် အထူးအုပ်ချုပ်ခွင့်ရ
ဒေသဖြစ်သည့် ဟောင်ကောင်တွင် ဇိမ်ခံငှားခများသည် သီတင်းတစ်ပတ်လျှင်
ပျမ်းမျှ အမေရိကန်ဒေါ်လာ ၂၃၈၂ ဒေါ်လာ ရှိပြီး ၂၀၁၇ ကထက် ၂ ဒသမ ၇
ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။

"ကျွန်မတို့ရဲ့ လေ့လာမှုအရ ပြောရမယ်ဆိုရင် ဝယ်ယူဖို့ ဈေးအများဆုံးမြို့တွေ
ဟာ ငှားရမ်းဖို့ ဈေးအများဆုံးရယ်လို့တော့ သေချာပေါက်ကြီးမဟုတ်ပါဘူး" ဟု
Savills ၏ ကမ္ဘာ့သုတေသနခေါင်းဆောင် ယိုလန်ဘန်းက ပြောကြားခဲ့သည်။

ဟောင်ကောင်ရှိ အိမ်ဈေးနှုန်းများသည် ဆန်ဖရန်စစ္စကိုရှိ အိမ်ဈေးနှုန်းများထက်
နှစ်ဆများပြားကြောင်း၊ ဆန်ဖရန်စ္စကိုရှိ အိမ်ငှားခများသည် ဟောင်ကောင်ရှိ
အိမ်ငှားခများအောက် မလျော့နည်းမသက်သာသည့်အပြင် ရာခိုင်နှုန်း ၃၀ ခန့်ပင် ပိုမိုများပြားကြောင်းလည်း ဘန်းက နှိုင်းယှဉ်ပြခဲ့သည်။ ကမ္ဘာ့ဇိမ်ခံအိမ်ငှားဈေးကွက်များတွင် ဆန်ဖရန်စ္စကို နဝမမြောက်ဈေးအများဆုံးဖြစ်သည်။

လန်ဒန်ရှိ သီတင်းပတ်တစ်ပတ်လျှင် ပျမ်းမျှ ဇိမ်ခံအိမ်ငှားခသည်
အမေရိကန်ဒေါ်လာ ၂၃၉၆ ဒေါ်လာ ရှိပြီး ၂၀၁၇ ကထက် ၂ ဒသမ ၉ ရာခိုင်နှုန်း လျော့ကျသွားခဲ့ကာ ကမ္ဘာ့တတိယဈေးအကြီးဆုံးဇိမ်ခံအိမ်အငှားဈေးကွက်
ဖြစ်လာကြောင်း သိရသည်။

ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service