လမ်းမတော်မြို့နယ်က အထပ်မြင့်လမ်းသစ်အိမ်ရာ - Property News in Myanmar from iMyanmarHouse.com
7135 Views

လမ်းမတော်မြို့နယ်က အထပ်မြင့်လမ်းသစ်အိမ်ရာ

ရန်ကုန်မြို့တွင် အိမ်ခြံမြေ တိုက်ခန်းအရောင်းအ၀ယ် လုပ်ငန်းများ အေးစက်သွားသည်ကို မှတ် မှတ်ရရ ပြောပါဆိုလျှင် လက်ရှိအရပ် သားအစိုးရသစ်လက်ထက်မှစ၍ ယနေ့ အထိဟု ဆိုနိုင်ပါသည်။ ၂၀၁၂ ခုနှစ် ၂၀၁၄ ခုနှစ်ကာလကဆိုလျှင် ဤသို့ မဟုတ်ပါ။ ရန်ကုန်မြို့တွင်း မြို့ပြင်နေရာ အနီး၌ အိမ်ခြံမြေတိုက်ခန်းရောင်းဝယ် သူများဖြင့် အထူးစည်ကားခဲ့ပါသည်။

ထိုစဉ်ကဆိုလျှင် အိမ်ခြံမြေ အရောင်းအ၀ယ်များ ကောင်းနေသလို တိုက်ခန်းအရောင်းအ၀ယ်လုပ်ငန်းများ ကလည်း မြို့နယ်အလိုက် ရောင်းသူဝယ် သူတို့ဖြင့် ရပ်ကွက်တိုင်းလိုလိုတွင် နေ့စဉ် စည်ကားသောကာလဖြစ်ခဲ့ပါသည်။ ထို အချိန်က တိုက်ခန်းအရောင်းအ၀ယ် လောကတွင် ဆောက်လုပ်ရေး ကန်ထရိုက် တာများနှင့် ဆောက်လုပ်ရေးအင်ဂျင်နီ ယာများမှာ အလွန်အမင်း စန်းပွင့်သော ကာလဖြစ်ပြီး “ဇာတ်မင်းသားလေးသိန်း ဇော်...သိန်းဇော်..တိုင်းပြည်ကမျှော်” သီချင်းကဲ့သို့ ကန်ထရိုက်တိုက်ဆောက် လိုသူများ ကန်ထရိုက်တိုက် ကြိုပွိုင့် ၀ယ် လိုသူများနှင့် ကန်ထရိုက်တိုက်ဝယ်လိုသူ များက ယင်းတို့နှင့်ဆက်သွယ်လိုသဖြင့် အပြေးအလွှားလာရောက်၍ တွေ့ဆုံချင် ကြသော ကာလလည်းဖြစ်ခဲ့သည်။ ယခု အချိန်ကာလတွင်မူ အဆိုပါ ကန်ထရိုက် တာများမှာ ဘယ်ဆီကိုရောက်ကုန်သည် မသိပါ။ ကြက်ပျောက် ငှက်ပျောက်ခြေရာ ဖျောက်နေကြသည်ကို တွေ့ရသည်။

သို့သော်လည်း “ပတ္တမြားမှန် လျှင် နွံမနစ်”ဆိုသကဲ့သို့ မှန်မှန်ကန်ကန် ဖြင့် ဆောင်ရွက်လျက်ရှိကြသော ဆောက် လုပ်ရေးကုမ္ပဏီကြီးများအနေဖြင့် အရှိန် အဟုန်မပျက် ဆောက်လုပ်ရေးဝန်ကြီး ဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန နှင့် အကျိုးတူပူးပေါင်းလျက် အိမ်ရာ အသစ်ဆောက်လုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်ကို ၀မ်းမြောက် ဖွယ် မြင်တွေ့ရသည်။

သာဓကအားဖြင့် ၁၉၅၅ ခုနှစ် ခန့်က တည်ဆောက်ခဲ့သည်။ ရန်ကုန်မြို့ လမ်းမတော်မြို့နယ် လမ်းသစ်အိမ်ရာ မှာ ပျက်စီးယိုယွင်းနေပြီဖြစ်သဖြင့် အသစ် ပြန်လည်တည်ဆောက်တော့မည့်သတင်း ကောင်းပင် ဖြစ်ပါသည်။

++++ လမ်းသစ်အိမ်ရာ အသစ်ပြန်လည်တည် ဆောက်တော့မည် +++

ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲသော လမ်းမတော်မြို့နယ် လမ်းသစ်အိမ်ရာကို အသစ်ပြန်လည်တည် ဆောက်မည်ဟု သိရသည်။ ယင်းသို့ ဆောက်လုပ်မည့် လမ်းသစ်အိမ်ရာစခန်း တွင် တစ်တိုက်လျှင် ၂၄ ခန်းပါ လေးထပ်တိုက်ပေါင်း ၁၁ တိုက်ပါရှိမည်ဖြစ် ပြီး အခန်းပေါင်း ၂၆၄ ခန်းပါရှိမည်ဖြစ် ရာ ဌာနဆိုင်ရာနှင့် အသင်းအဖွဲ့အတွက် အခန်း ၅ ခန်းလည်းပါရှိသည်ဟု သိရသည်။၁၉၅၅ ခုနှစ်ခန့်က တည်ဆောက်ခဲ့သည့် လမ်းသစ်အိမ်ရာ

အဆိုပါ လမ်းသစ်အိမ်ရာမှာ ၁၉၅၅ ခုနှစ်ဝန်းကျင်ခန့်က တည်ဆောက် ခဲ့သဖြင့် ယခုအခါ အနှစ် (၆၀)ရှိလာပြီ ဖြစ်သည်ဟု သိရသည်။ ထိုစဉ်က အိမ် လခတစ်လလျှင် ငွေကျပ် ၈၀ ၀န်းကျင် သာပေးဆောင်ရခဲ့ရသော်လည်း ယခု အခါ အိမ်ခန်းဖွဲ့စည်းတည်ရှိမှုအပေါ် မူတည်ပြီး အိမ်လခ တစ်လလျှင် ငွေကျပ် ၁၀၀၀၀ိ/- (ကျပ်တစ်သောင်း)နီးပါးပေး ဆောင်နေရသည်ဟု ဆိုသည်။

+++ အထပ်မြင့်လမ်းသစ်အိမ်ရာ ၂၃ လွှာပါ +++

ယခုအခါ လမ်းသစ်အိမ်ရာစခန်း ကို အထပ်မြင့်အဆောက်အအုံအဖြစ် ပြန်လည်တည်ဆောက်မည်ဖြစ်သဖြင့် မြေညီထပ်မှ ၇ လွှာအထိ ကားပါကင် ပါဝင်မည်ဖြစ်ပြီး ၈ လွှာမှ ၂၃ လွှာအထိ အခန်းများတွင် ယခုနေထိုင်သူများအား ပြန်လည်နေရာချထားပေးမည်ဟု သိရ သည်။

++++ အိမ်ပြောင်း/ အိမ်တက်စရိတ်နှင့် အိမ်ငှား စရိတ်များလည်း ပေးအပ်မည် +++

အိမ်ပြောင်း အိမ်တက်စရိတ် အတွက် ၃ သိန်းနှုန်းပေးအပ်မည်ဖြစ်ပြီး အိမ်ငှားစရိတ်အဖြစ် ဌာနမှ ၂ သိန်း ၃ သောင်းပေးအပ်မည်ဖြစ်သည်။ ထို့အပြင် အဆိုပါ စီမံကိန်းကို တည်ဆောက်မည့် ကုမ္ပဏီမှလည်း ၁ သိန်းထပ်ဆောင်းပေး ဦးမည်ဖြစ်သဖြင့် စုစုပေါင်း တစ်လလျှင် ၃ သိန်း ၃ သောင်းရရှိကြမည်ဟု သိရ သည်။

+++ မူရင်းအထောက်အထားတင်ပြနိုင်သူများ တစ်နှစ်စာ အိမ်ငှားရမ်းခနှင့် အတက်/ အဆင်းခပါရ +++

လက်ရှိနေထိုင်သူများ တင်ပြရ မည့် စာရွက်စာတမ်းများကိုလည်း အများ ပြည်သူသိရှိနိုင်စေရန် အဆိုပါ စီမံကိန်း ရုံးရှေ့တွင် အသိပေးကြော်ငြာထားသည် ဟု သိရသည်။ စာရွက်စာတမ်းမူရင်း အထောက်အထားများ တစ်ခါတည်းပေး အပ်ပါက ယာယီပြောင်းရွှေ့စရိတ်အဖြစ် တစ်နှစ်စာ အိမ်ငှားရမ်းခ ၃၆ သိန်း ၆ သောင်းနှင့် အိမ်ပြောင်းရွှေ့စရိတ် အတက် အဆင်းအတွက် ၆ သိန်း စုစုပေါင်း ၄၅ သိန်း ၆ သောင်းကို ချက်လက်မှတ်ဖြင့် ၂၀၁၈ ခုနှစ် ဇန်န၀ါရီလ ၁၂ ရက်နေ့ စ၍ ပထမအကြိမ် ထုတ်ပေးနေသည်ဟု သိရသည်။ ဇန်န၀ါရီလအတွင်း ပြောင်း ရွှေ့မည့်သူများသည် မရမ်းကုန်းမြို့နယ် ပုဂ္ဂလိကဘဏ်တွင် ထုတ်ယူရမည်ဟု သိ ရသည်။

+++ အိမ်ခန်းမှ အပြီးအပိုင်ရွှေ့ပြောင်းပေးသူ များ ကျန် ၂နှစ်စာ အိမ်ငှားခလာယူထား +++

အိမ်ခန်းမှအပြီးအပိုင်ပြောင်း ရွှေ့ပြီးကြောင်း အထောက်အထားများ စီမံကိန်းရုံးသို့ အခန်းအပ်နှံပါက ၁၄ ရက်အတွင်း ကျန် ၂ နှစ်စာ အိမ်ငှားခ များကို ထပ်မံထုတ်ပေးမည်ဟု သိရသည်။ ပြောင်းရွှေ့ကာလကို ကလေးများ စာမေး ပွဲအပြီး သင်္ကြန်အလွန်အထိ စောင့်ဆိုင်း ပေးပြီးနောက် အိမ်ပြောင်းရွှေ့ခြင်းများ ပြီးဆုံးမှသာလျှင် အဆောက်အအုံဟောင်း များကို ဖျက်သိမ်းပြီး တည်ဆောက်ခြင်း လုပ်ငန်းများ စတင်နိုင်မည်ဟုသိရသည်။ ၂၀၂၁ ခုနှစ်ခန့်တွင် ရန်ကုန်မြို့ လမ်း မတော်မြို့နယ် လမ်းသစ်အဆင့်မြင့်အိမ် ရာသစ်ကြီးကို မြင်တွေ့ရတော့မည်ဟု သိရသည်။

+++ လူတိုင်းနေချင်လှတာ ဘုန်းကြီးလမ်းက လမ်းသစ်အိမ်ရာ +++

လမ်းသစ်အိမ်ရာသည် ရန်ကုန် မြို့လယ် အချက်အချာကျသောနေရာ တွင် တည်ရှိခြင်း၊ ဘုန်းကြီးလမ်းဘေး တွင် တည်ရှိခြင်း၊ ရန်ကုန်မြို့ သရက် တောကျောင်းတိုက်အနီးတွင် တည်ရှိခြင်း ရုပ်ရှင်ရုံများနှင့်နီးခြင်း၊ သူနာပြုတက်္ကသိုလ် နှင့်နီးခြင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး နှင့်နီးခြင်း၊ သံဈေးနှင့်နီးခြင်း၊ ဗဟိုစည် ဆေးရုံနှင့်နီးခြင်း၊ ရန်ကုန်မြစ်ဆိပ်နှင့် နီးခြင်း၊ လသာ၊ အထက(၁)နှင့် (၂)တို့ နှင့်နီးခြင်း၊ ဗိုလ်ချုပ်ဈေးတို့နှင့်နီးခြင်း၊ သိမ်ကြီးဈေးနှင့်နီးခြင်း၊ ညောင်ပင်လေး ဈေးနှင့်နီးခြင်း စသည့်ကောင်းခြင်း လက္ခဏာအပေါင်းတို့နှင့် ပြည့်စုံနေသည့် နေရာကြီးဖြစ်သဖြင့် ၂၀၂၁ ခုနှစ်တွင် တည်ဆောက်ပြီးစီးသည်နှင့် ရန်ကုန်-ဒလ တံတားသစ်ကြီးနှင့် အပြိုင်အဆိုင် စည်ကားသိုက်မြိုက်နေတော့မည်မှာ အမှန်ပင်ဖြစ်ပါပေတော့သည်။


ကြံတိုင်းအောင်လို့ ဆောင်တိုင်း မြောက်ကြပါစေ

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
လမ်းမတော်မြို့နယ်က အထပ်မြင့်လမ်းသစ်အိမ်ရာ - Property News in Myanmar from iMyanmarHouse.com
လမ်းမတော်မြို့နယ်က အထပ်မြင့်လမ်းသစ်အိမ်ရာ - Property News in Myanmar from iMyanmarHouse.com
လမ်းမတော်မြို့နယ်က အထပ်မြင့်လမ်းသစ်အိမ်ရာ - Property News in Myanmar from iMyanmarHouse.com
လမ်းမတော်မြို့နယ်က အထပ်မြင့်လမ်းသစ်အိမ်ရာ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

CarsDB
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service