လူတို့ဖန်တီးခဲ့သည့် အကျော်ကြားဆုံး ပေါင်းကူးအမိုးကြီးများ - Property News in Myanmar from iMyanmarHouse.com
4973 Views

လူတို့ဖန်တီးခဲ့သည့် အကျော်ကြားဆုံး ပေါင်းကူးအမိုးကြီးများ

ပေါင်းကူးအမိုးခုံးများကို လူ့သမိုင်းတွင် အစောဆုံး စတင်တွေ့ရှိရသည်မှာ ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၂၀၀၀ မှ ၁၀၀၀ ကြားကာလတွင်ဖြစ်ပြီး မက်ဆိုပိုတေးမီးယားဒေသတွင် အုတ်ဖြင့် ဆောက်လုပ်ခြင်းများကို စတင်တွေ့ရှိရသည်။

ယင်းဗိသုကာဟန်ကို စနစ်တကျ စတင်အသုံးပြုခဲ့ကြသည်မှာ ရှေးခေတ် ရောမ လူမျိုးများ ဖြစ်ကြသည်။ အောက်ပါတို့မှာ ကမ္ဘာပေါ်တွင် လူတို့ဖန်တီးခဲ့သည့် ပေါင်းကူးမိုး များအနက် အကျော်ကြားဆုံးအရာများ ဖြစ်ကြသည်။

+++ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ (Arcade Triumph ) +++

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ Ar-cade Triumph သည် ပဲရစ်၏ နာမည် အကျော်ဆုံး အထိမ်းအမှတ်နေရာများ တွင် တစ်ခုအပါအ၀င်ဖြစ်လေသည်။

အယ်လီဆီးနန်းတော်၏ အနောက် ဘက်စွန်းတွင် တည်ရှိသည်။ ပြင်သစ် တော်လှန်ရေးနှင့် နပိုလီယံခေတ်စစ်ပွဲ များအတွင်း မိခင်နိုင်ငံတော်အတွက် တိုက် ပွဲဝင် အသက်ပေးလှူခဲ့ကြသည့် သူရဲ ကောင်းစစ်သည်များကို ဂုဏ်ပြုသည့် အထိမ်းအမှတ်အားဖြင့် ဆောက်လုပ်ခဲ့ ခြင်း ဖြစ်သည်။

ပေါင်းကူးအမိုးတိုင်ကြီး၏ မျက် နှာပြင်များပေါ်တွင် ပြင်သစ်၏အောင် ပွဲများတွင် ပါဝင်သူခဲ့သူတို့၏ အမည်များ ကို ရေးထိုးထားသည်။

၁၈၀၆ ခုနှစ်မှ ၁၈၃၆ ခုနှစ် အကြား ဆောက်လုပ်ခဲ့ပြီး မီတာ ၅၀
(၁၆၄ ပေ) မြင့်မားသည်။

+++ အမေရိကန်ပြည်ထောင်စု၊ စိန့်လူး ၀စ်ရှိ The Gateway Arch +++

အမေရိကန်ပြည်ထောင်စု၊ မစ် ဇူရီပြည်နယ်၊ စိန့်လူးဝစ်မြို့တွင် တည်ရှိ သော The Gateway Arch အထိမ်း အမှတ် ပေါင်းမိုးခုံးကျောက်တိုင်ကြီးမှာ အမြင့်ပေ ၆၃၀ ခန့်ရှိသည်။

စတီးအောက်ခံတွင် မြေစေးဖြင့် ပေါင်းကူးအမိုးခုံးဟန် ဆောက်လုပ်ထား ပြီး အမေရိကန်ပြည်ထောင်စုတွင်သာမ က တစ်ကမ်္ဘာလုံး အတိုင်းအတာအရပါ လူတို့ပြုလုပ်ခဲ့သည့် အထိမ်းအမှတ်ကျောက် တိုင်များတွင် အကြီးမားဆုံး ဖြစ်သည်။

ကျောက်တိုင်ထိပ်သို့တက်ရန် ကြိုးရထားထားရှိပြီး တစ်တွဲလျှင် ခရီး သည် ၅ ဦးစီလိုက်ပါနိုင်သည်။ ပေါင်းကူး တိုင် တစ်ခုချင်းစီတွင် ကြိုးရထားတစ်စင်း စီ,စီစဉ်ပေးထားကာ ထိပ်ဖျားသို့ရောက် ရန် ၄ မိနစ်ကြာမြင့်မည် ဖြစ်သည်။

+++ ပေါ်တူဂီနိုင်ငံ၊ Rua Augusta ပေါင်းကူးအမိုးကြီး +++

ပေါ်တူဂီနိုင်ငံ၊ လစ္စဘွန်းတွင် ၁၇၅၅ ခုနှစ်အတွင်း မြေငလျင်ကြီး ပြင်းထန် စွာ လှုပ်ခတ်ခဲ့ပြီးနောက် မြေငလျင်ဒဏ်ခံခဲ့ရသည့် အထိမ်းအမှတ်အဖြစ် Rua Augusta ပေါင်းကူးကြီးကို တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

Rua Augusta ကို နှစ်ပေါင်း များစွာ အချိန်ယူ ဆောက်လုပ်ခဲ့ရပြီး ၁၇၅၅ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ ကာ ၁၈၇၃ ခုနှစ်တွင်မှ အပြီးသတ်နိုင်ခဲ့သည်။

+++ ဘယ်လ်ဂျီယမ်နိုင်ငံ၊ ဘရပ်ဆဲလ်မြို့ရှိ ဆင်ကွမ်းနဲ ပေါင်းမိုးခုံး Arch of Cinquantenaire +++

၁၈၈၀ ပြည့်နှစ်တွင် ဘရပ်ဆဲလ် မြို့၌ ကျင်းပခဲ့သော ကမ္ဘာ့ပြပွဲကြီးတွင် ဆင်ကွမ်းနဲ ပေါင်းမိုးခုံးကို ဆောက်လုပ်ခဲ့ပြီး ဘယ်လ်ဂျီယမ် လွတ်လပ်ရေး နှစ် ၅၀ ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် ပေါင်းမိုးခုံးဆောက်လုပ်မှုမှာ ရည်မှန်းထားသည့်ပြပွဲကာလအမီ ပြီးစီးခဲ့ခြင်းမရှိသည်သာမက နှစ်ပေါင်း များစွာကြာအောင် ဆက်လက် ဆောက်လုပ်ခဲ့ရပြီး ၁၉၀၅ ခုနှစ်တွင်မှ အပြီးသတ်နိုင်ခဲ့ကာ ဘယ်လ်ဂျီယမ်၏ ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့တွင်မှ ဖွင့်လှစ်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

+++ စပိန်နိုင်ငံ၊ ဘာစီလိုနာရှိ ( Arcde Triomf ) +++


စပိန်နိုင်ငံ၊ ကာတာလိုနီးယား ပြည်နယ်၏မြို့တော် ဘာစီလိုနာတွင် ၁၈၈၈ ခုနှစ်က ဘာစီလိုနာကမ်္ဘာ့ပွဲတော် ကြီးကို ကျင်းပခဲ့ရာတွင် Arc de Triomf ပေါင်းမိုးကြီးကို အဆိုပါပွဲတော်၏ ဂိတ် တံခါးအ၀င်ပေါက်အဖြစ် ဆောက်လုပ် ခဲ့ခြင်း ဖြစ်သည်။

+++ လာအိုနိုင်ငံ၊ ဗီယန်ကျင်းရှိ (Patuxai သူရဲကောင်းဗိမာန်အမိုးခုံး ) +++

လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့ တော်ရှိ အောင်မြင်မှုဂိတ်တံခါးဟု အဓိပ္ပာယ် ရသော Patuxai သူရဲကောင်းဗိမာန် အမိုး ခုံးကို ၁၉၅၇ ခုနှစ်တွင် စတင်ဆောက်လုပ် ခဲ့ပြီး ၁၉၆၈ ခုနှစ်တွင် အပြီးသတ်ပြီးစီး ခဲ့သည်။ ပြင်သစ်ထံမှ လွတ်လပ်ရေးရရန် တိုက်ပွဲဝင်ခဲ့ကြသော လာအိုစစ်သည်များ ကို ရည်စူးဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

+++ အီတလီနိုင်ငံ၊ ရောမမြို့ရှိ ( Arch of Constantine ) +++

အီတလီနိုင်ငံ၊ ရောမမြို့ရှိ နာမည်ကျော် ရှေးဟောင်းကစားကွင်းကြီး Colosseum နှင့် Palatine Hi တို့အကြားတွင် Arch of Constantine ပေါင်းမိုးကြီး တည်ရှိသည်။ ရောမတွင်ရှိသော အောင်မြင်မှုအထိမ်းအမှတ် ပေါင်းမိုးများတွင် နောက်ဆုံးဆောက်လုပ်ခဲ့သည့်အရာလည်း ဖြစ်သည်။ ခရစ်နှစ် ၃၁၂ ခုနှစ်တွင် မယ်လ်ဗီယန်တံတားတိုက်ပွဲ၌ အောင်ပွဲခံခဲ့သည့် အထိမ်းအမှတ်အဖြစ် ဆောက် လုပ်ခဲ့ခြင်းဖြစ်ပြီး ခရစ်နှစ် ၃၁၅ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည်။

+++ အိနိ္ဒယနိုင်ငံ၊ နယူးဒေလီရှိ ( India Gate )+++


အိနိ္ဒယနိုင်ငံ၊ နယူးဒေလီရ India Gate သည် အိနိ္ဒယနိုင်ငံ၏ အမျိုးသား အထိမ်းအမှတ်တစ်ခုဖြစ်ပြီး အညတရ စစ်သည်တော်တို့၏ ဗိမာန်ဟုလည်း ဆိုနိုင်သည်။

ပထမကမ္ဘာ့စစ်နှင့် အာဖဂန် စစ်ပွဲများအတွင်း ကျဆုံးခဲ့သည့် အိနိ္ဒယ စစ်သည်များကို ရည်စူးကာ ဆောက်လုပ် ခဲ့ခြင်းဖြစ်သည်။

၁၉၂၁ ခုနှစ်တွင် စတင်ဆောက် လုပ်ခဲ့ပြီး ၁၉၃၃ ခုနှစ်တွင် အများပြည်သူ သို့ တရားဝင်ဖွင့်လှစ်ပေးခဲ့သည်။

+++ မြောက်ကိုရီးယားနိုင်ငံ၊ ပြုံယမ်းမြို့ တော်ရှိ ( Arch of Triumph ) +++

မြောက်ကိုရီးယားနိုင်ငံ၊ ပြုံယမ်း မြို့တော်ရှိ Arch of Triumph သည် ကမ္ဘာ့အမြင့်မားဆုံး အောင်မြင်မှုအထိမ်း အမှတ် ပေါင်းမိုးခုံးဖြစ်ပြီး အမြင့် ၁၉၇ ပေနှင့် အကျယ် ၁၆၄ ပေရှိသည်။

၁၉၂၅ ခုနှစ်မှ ၁၉၄၅ ခုနှစ် အကြား ဂျပန်တို့ကို ကိုရီးယားတို့က လက်နက်စွဲကိုင်တော်လှန်ရာတွင် ဦးဆောင်ခဲ့သူ သမ္မတကင်အီဆွန်းကို ဂုဏ်ပြုသောအား ဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

၁၉၈၂ ခုနှစ်တွင် စတင်ဆောက် လုပ်ခဲ့ပြီး ကင်အီဆွန်း၏ ၇၀ နှစ်ပြည့် မွေးနေ့တွင် တရားဝင်ဖွင့်လှစ်ခဲ့သည်။

ပြုံယမ်းမြို့၊ မိုရန်ဘောင်ခရိုင် မှာတည်ရှိပြီး၊ ၀င်ကြေးကတော့ အခမဲ့ ပါ။ နေ့စဉ်ပိတ်ရက်မရှိ ဖွင့်လှစ်ပေးထား ပါတယ်။ ။

အိအိအေးအောင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
လူတို့ဖန်တီးခဲ့သည့် အကျော်ကြားဆုံး ပေါင်းကူးအမိုးကြီးများ - Property News in Myanmar from iMyanmarHouse.com
လူတို့ဖန်တီးခဲ့သည့် အကျော်ကြားဆုံး ပေါင်းကူးအမိုးကြီးများ - Property News in Myanmar from iMyanmarHouse.com
လူတို့ဖန်တီးခဲ့သည့် အကျော်ကြားဆုံး ပေါင်းကူးအမိုးကြီးများ - Property News in Myanmar from iMyanmarHouse.com
လူတို့ဖန်တီးခဲ့သည့် အကျော်ကြားဆုံး ပေါင်းကူးအမိုးကြီးများ - Property News in Myanmar from iMyanmarHouse.com
လူတို့ဖန်တီးခဲ့သည့် အကျော်ကြားဆုံး ပေါင်းကူးအမိုးကြီးများ - Property News in Myanmar from iMyanmarHouse.com
လူတို့ဖန်တီးခဲ့သည့် အကျော်ကြားဆုံး ပေါင်းကူးအမိုးကြီးများ - Property News in Myanmar from iMyanmarHouse.com
လူတို့ဖန်တီးခဲ့သည့် အကျော်ကြားဆုံး ပေါင်းကူးအမိုးကြီးများ - Property News in Myanmar from iMyanmarHouse.com
လူတို့ဖန်တီးခဲ့သည့် အကျော်ကြားဆုံး ပေါင်းကူးအမိုးကြီးများ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွာ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service