အိမ်ရာဝယ်ယူမှုအတွက်ဝင်ငွေခွန် လျှော့သင့် မသင့် - Property News in Myanmar from iMyanmarHouse.com
23972 Views

အိမ်ရာဝယ်ယူမှုအတွက်ဝင်ငွေခွန် လျှော့သင့် မသင့်

အခု ရက်ပိုင်း လပိုင်းတွေ မှာ မြန်မာ့စီးပွားရေး ရပ်တန့်နေမှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ စီးပွားရေးကဏ္ဍအလိုက် ပညာရှင်တွေ၊ လုပ်ငန်းရှင်တွေအနေနဲ့ ကုစားနိုင်ဖို့ နည်း လမ်းတွေကို အစွမ်းကုန်ရှာကြံပြီး မူဝါဒ ချမှတ်ပေးနိုင်သူ အစိုးရရဲ့ထိပ်ပိုင်းပုဂ်္ဂိုလ် တွေနဲ့ တွေ့ဆုံတင်ပြဆွေးနွေးတာတွေကို အားတက်ဖွယ် တွေ့ရပါတယ်။ အချင်းချင်း လည်း သက်ဆိုင်ရာအစုအသင်းအဖွဲ့ အလိုက် ရပ်တည်တောင့်ခံနိုင်ဖို့ကိုလည်း ကြိုးစားနေကြတာကိုလည်း စိတ်မကောင်း စွာတွေ့ရပါတယ်။ နိုင်ငံတစ်ခုရဲ့ မက္ကရို စီးပွားရေးသာ ပြိုလဲသွားရင် သူ့ကို တည်မှီ ရပ်တည်နေရတ SME တွေ ၊ မိုက်ခရို စီးပွားရေးတွေ၊ အိမ်ထောင်စုတစ်ခုချင်း၊ လူတစ်ဦးချင်း စီးပွားရေးတွေပါ လိုက်ပါ ပြိုလဲသွားတတ်တယ်ဆိုတာကြောင့် မြန်မာ့ ရဲ့ မက္က ရိုစီးပွားရေးကဏ္ဍကြီး မပြိုလဲ အောင် သူတို့ ၀ိုင်းဝန်းအားထုတ်နေတယ် လို့ မြင်မိပါတယ်။

ဒီလိုအားထုတ်တဲ့နေရာမှာ သိသာ မြင်သာစေတာကတော့ မြန်မာ့စီးပွား ရေးရဲ့ အဓိကမဏ္ဍိုင် လုပ်ငန်းတွေဖြစ်တဲ့ ဆောက်လုပ်ရေး၊ စိုက်ပျိုးမွေးမြူရေးနဲ့ ဘဏ်လုပ်ငန်းကဏ္ဍတွေက ပိုမို လုပ်ကိုင် နေတယ်ဆိုတာပါပဲ။ မြန်မာ့အိမ်ခြံမြေ ဈေးကျနေချိန်မှာတောင် အရောင်းအ၀ယ် တွေ ပါးနေမှု၊ လုပ်ငန်းတွေအတွက် လုပ် သာကိုင်သာ မဖြစ်စေတဲ့ ဘဏ်တိုးနှုန်း၊ ကြီးမြင့်နေတဲ့ အခွန်နှုန်းထားတွေက စီးပွား ရေးရပ်တန့်နေမှုရဲ့ အဓိက လက်သည် တွေလို့ တွက်ဆမိချိန်မှာ အစိုးရကို အနာ ပြပြီး ဆေးတောင်းရပါတော့တယ်။ အခု လက်ရှိမြင်ရပုံဆို ဘာမှ မသိမတတ်သေး တဲ့ နုနုငယ်ငယ်အစိုးရကို ဆေးတောင်း ရုံတင်မကတော့ပဲနဲ့ ဆေးဖော်နည်းပါပြ ပြီး ဆေးသောက်ခွင့်တောင်းနေရတဲ့အထိ ဖြစ်နေတာကိုပါ။

ဘဏ်တိုးနှုန်းတွေကိုတော့ ဘယ် လောက် ရာခိုင်နှုန်းမှာထားပေးပါ။ ဒေသ ထွက် မွေးမြူရေးတွေ ငါးဖမ်းလုပ်ငန်းတွေ တိုးတက်အောင် ဘယ်လိုမူဝါဒလေးချမှတ် ပေးပါ။ အိမ်ရာဝယ်ယူမှုတွေ ရပ်တန့်နေ တဲ့အတွက် ၀င်ငွေခွန်လေးကို ဘယ်လောက် ရာခိုင်နှုန်းအထိ လက်တလောချပေးပါ ဆိုတဲ့ အစိုးရကို တင်ပြတောင်းဆိုသံတွေ ကို ကြားမိသူတိုင်း မြန်မာ့စီးပွားရေးရဲ့ လက်ရှိအခြေအနေကို ဆ၀ါးမိကြမှာပါ။ ဒီလို မြန်မာ့စီးပွားရေး ပြန်လည်နာလန် ထူနိုင်ဖို့အတွက် အကြံပြုတယ်ပဲပြော ပြော၊ တောင်းဆိုတယ်ပဲဆိုဆို အထက်က ပြောသလိုအချက်တွေထဲကမှ ၀င်ငွေခွန် လျှော့ပေးဖို့ဆိုတဲ့အချက်ကိုပဲ ဆွေးနွေးချင် ပါတယ်။

ယခုလိုမျိုး ၀င်ငွေခွန်နှုန်းထား မြင့်တက်မှုကြောင့် မြန်မာ့အိမ်ခြံမြေဈေး ဟာ ၁၉၉၈ ခုနှစ် တပ်မတော်အစိုးရ လက်ထက်မှာ အိမ်ခြံမြေဈေးကွက် အကြီး အကျယ် ယိုင်နဲ့ခဲ့ဖူးပါတယ်။ ဒါကိုသိတဲ့ အစိုးရအနေနဲ့ ဗဟိုဘဏ်၊ ပြည်တွင်း အခွန်များဦးစီးဌာနတွေနဲ့ ညှိနှိုင်းပြီး ၈၈/ ၉၈ ဆိုတဲ့ အမိန့်ကြော်ငြာစာနဲ့ ၀င်ငွေခွန် နှုန်းထားကို ၅ ရာခိုင်နှုန်းအထိ လျှော့ချပေး ခဲ့တဲ့အတွက် အိမ်ခြံမြေဈေးကွက်ဟာ ၂ နှစ်အတွင်းမှာ ပုံမှန်လည်ပတ်နိုင်ခဲ့တဲ့ သာဓကတစ်ခုဖြစ်ခဲ့ဖူးပါတယ်။ အခုလည်း အိမ်ခြံမြေလောက တုံ့ဆိုင်းနေတာဟာ ၁၉၉၈ ခုနှစ်က ပုံစံအတိုင်းဖြစ်နေတယ် ဆိုတာ သက်ဆိုင်ရာ ပညာရှင်အားလုံး သိနှင့်ပြီးသားဖြစ်ပါတယ်။ လက်ရှိအခြေ အနေအရဆိုရင် အိမ်ခြံမြေလောက အေး စက်ပြီး ဆောက်လုပ်ရေးလုပ်ငန်းကြီးတွေ ရပ်နေရလို့ လုပ်ငန်းတစ်ခုကို အလုပ်သမား ငါးထောင်ကျော်ကနေ တစ်သောင်းလောက် ရှိနေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတစ်ချို့ ဆိုရင် သူတို့လုပ်သားတွေကို အလုပ်မပေး နိုင်တော့တဲ့ အခြေအနေအထိ ရောက်နေပါ ပြီ။

အခုဆိုရင် ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေအနေနဲ့ လက်ရှိကောက်ခံ နေတဲ့ ၀င်ငွေခွန် ၃၀ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်း (သို့မဟုတ်) ၁၀ ရာခိုင်နှုန်း အထိလောက် လျှော့ချပေးဖို့ သက်ဆိုင် ရာ အစိုးရ လူကြီးတွေဆီကို တင်ပြတောင်း ဆိုထားတယ်လို့ သိရပါတယ်။ ဒီအကြံ ပြုချက်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရ အနေနဲ့ နောင်လာမယ့် ၂၀၁၈ ဘဏ္ဍာ နှစ်မှာ ပြင်ဆင်ပေးသွားမယ်လို့ ဆိုထား ပြီး မန်္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ကလည်း “အခက်အခဲတွေကို လက်တွဲ ဖြေရှင်းက ဖြေရှင်းနိုင်ကြောင်း၊ အခုအခြေ အနေဟာ စီးပွားရေး stagnant (ရပ်တန့်) နေပြီး Recession (စီးပွားပျက်မှု) သို့ ရောက်တော့မယ်လို့ ခင်ဗျားတို့ပြောနေ တာကို နားလည်သဘောပေါက်ကြောင်း၊ အနာနဲ့ ကိုက်ညီတဲ့ဆေးရှိပါတယ်။ လုပ် ပေးဖို့ပဲလိုပါတယ်။ Liberalisation (ဖြေ လျှော့မှုတွေ) တွေလုပ်ဖို့ ကျွန်တော်တို့ သဘောတူတယ်၊ ခင်ဗျားတို့ တင်ပြချက် တွေအရ Financial reform လုပ်စေချင် တာ၊ ကျွန်တော်တို့လုပ်ကြရပါမယ် ဆိုတဲ့ သတင်းစကားကို သက်ဆိုင်ရာ ဆောက် လုပ်ရေးလုပ်ငန်းရှင်တွေနဲ့ မန္တလေးမြို့ မှာ တွေ့ဆုံစဉ်က ပြောကြားခဲ့တယ်လို့ သိ ရပါတယ်။ ဒါပေမယ့် ဒီသတင်းစကား တွေဟာ လက်ရှိရပ်တန့်နေတဲ့ ဆောက်လုပ် ရေးလောက၊ အိမ်ခြံမြေလောကကို မသေ အောင် ဆွဲမဆန့်ထားနိုင်ပါဘူး။

တချို့တွေကတော့ ပြောကြပါ တယ်၊ ဒီလို ၀င်ငွေခွန်ကို မြှင့်ထားတယ် ဆိုတာ ငွေဖြူမပြနိုင်တဲ့ ငွေမဲတွေကို ထိန်း ချုပ်ရာရောက်တယ်ဆိုပြီးပြောကြပါတယ်။ ဒါပေမယ့် ဘဏ်တွေက ချေးထားတဲ့ စာ ရင်းပိုထုတ်ချေးငွေ OD Loan (Over Draft Loan ) ကိစ္စတောင် ပြေလည်အောင် မလုပ်နိုင်ခင် အချိန်ကြားကာလထဲမှာ လုပ်ငန်းတွေ ဆက်လက်လည်ပတ်နိုင်ဖို့ အတွက် ပိုက်ဆံကို ရတဲ့နည်းနဲ့ ထိုးထည့် ပြီး ကျားကန်ထားနိုင်ဖို့က ပိုအရေးကြီး ပါတယ်။ လောလောဆယ် အသက်ကယ် လုပ်ငန်းမှာ ကြောင်ဖြူပဲဖြစ်ဖြစ် ကြောင်မဲပဲ ဖြစ်ဖြစ် ကြွက်ခုတ်တတ်ဖို့ သာ အရေးကြီး ပါတယ်။ လုပ်ငန်းတွေ ပြန်လည် လည်ပတ် သွားနိုင်ပြီ၊ ဈေးကွက်ကလည်း ကောင်းမွန် လာပြီဆိုရင်တော့ သင့်လျော်တဲ့ အခွန်နှုန်း ထားကို ပြန်လည် ပြင်ဆင်ပြီးကောက်သင့် ပါတယ်။

“ကျွန်တော်တို့ အိမ်ခြံမြေ အခွန် အခ နှုန်းထားတွေက တခြားနိုင်ငံတွေနဲ့ ယှဉ်လိုက်မယ်ဆိုရင် အတော်လေး များနေ တာကို တွေ့ရပါတယ်။ အခွန်နှုန်းထား တွေက အရင်အစိုးရ လက်ထက်တုန်းက ၁၅ ရာခိုင်နှုန်းပဲ ရှိခဲ့တယ်။ နောက်ပိုင်း မှာ ၃၀ ရာခိုင်နှုန်း ဖြစ်သွားတယ်။ ၃၀ ရာခိုင်နှုန်း အခွန်သာတိုးသွားတယ်။ အမှန် တကယ် အခွန်ကောက်ခံရရှိမှု ၀င်ငွေက တိုးမလာတဲ့အပြင် ကျသွားတာကို တွေ့ ရတယ်။ ဈေးကွက်ထဲမှာ ဘယ်လိုဖြစ်နေ လဲဆိုတော့ အိမ်ခြံမြေ ၀ယ်တယ်ဆိုရင် ၃၀ ရာခိုင်နှုန်းဆိုတာ အလွန်များပြားနေ တာမို့ အခွန် တိမ်းရှောင်မှုတွေ ဖြစ်လာ တယ်။ အဓိက,ကတော့ အိမ်ခြံမြေ ဈေးကွက် အနေအထား အတော်လေးအေးနေတယ်။ ဆောက်လုပ်ရေးလုပ်ငန်းတွေလည်း အကုန် လုံးနီးပါး အခက်အခဲ ကြုံတွေ့နေရတယ်။ တချို့ဘဏ်ကနေ ချေးငွေတွေယူပြီး ဆောက်လုပ်ရေးလုပ်ငန်းတွေ လုပ်ကြတယ်။ တစ်ဖက်ကလည်း အိမ်ခြံမြေဈေးကွက် မကောင်းတာကြောင့် တိုက်ခန်းတွေ မရောင်းရတာမို့ ဆောက်လုပ်တဲ့ စရိတ် တွေသာ ၀င်သွားတယ်။ ၀င်ငွေတွေ မရဘူး။ တချို့ကလည်း ဘဏ်ချေးငွေနဲ့ လုပ်နေရ တာကြောင့် ဘဏ်တိုးတွေ ထပ်ခါတလဲလဲ ပေးနေရတယ်။ ဘေးကျပ် နံကျပ် အနေ အထားမျိုး ဖြစ်နေတာကို တွေ့ရတယ်။ ဒီလိုပုံစံ အနေအထားမျိုးမှာ အစိုးရက ကူညီဖြေရှင်းပေးမှသာလျှင် ဒီကိစ္စပြေလည် နိုင်မှာ ဖြစ်ပါတယ်။ အဲဒီလို လုပ်ပေးနိုင်တဲ့ အထဲမှာ အခွန်ကိစ္စလည်း အပါအ၀င်ဖြစ် ပါတယ်။ အိမ်ခြံမြေ ဈေးကွက် မြန်မြန် ဆန်ဆန် ပြန်လည် လှုပ်ရှားလာဖို့ အခွန် နှုန်းထားတွေကို ငါးရာခိုင်နှုန်းအထိ လျှော့ချပေးပြီး နှစ်နှစ်အထိ မလျှော့ချ ပေးနိုင်ရင်တောင် တစ်နှစ်ကို ငါးရာခိုင် နှုန်း လျှော့ချပေးမယ်။ နောက်တစ်နှစ်ကျ တော့ နည်းနည်းလေး ပြန်တက်ရင် တက် မယ်။ ဒီလိုသာ လျှော့ချပေးမယ်ဆိုရင် အိမ်ခြံမြေဈေးကွက်ကို ပိုစိတ်ဝင်စားမယ့် သူတွေ များလာမယ်။ အဓိက,ကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ရင်နှီးမြှုပ်နှံ ချင်တဲ့သူတွေဟာ ပိုက်ဆံမရှိတာ မဟုတ် ဘဲ ရှိတဲ့ ပိုက်ဆံအများစုကို ဘဏ်ထဲမှာ ပိုက်ဆံထည့်ပြီး ဘဏ်တိုးနဲ့ပဲနေကြတယ်။ ဘာလို့လဲဆိုတော့ တစ်ဖက်က နိုင်ငံစီးပွား ရေးကလည်း မကောင်းတဲ့အတွက် ရင်းနှီး မြှုပ်နှံမှုတွေ မလုပ်ကြဘူး။ တစ်ဖက်က ပြန်ကြည့်မယ်ဆိုပြန်ရင်လည်း အိမ်ခြံမြေ ဈေးကွက်ကလည်း မကောင်းဘူး။ အိမ်ခြံ မြေဈေးကွက်ထဲလည်း မထည့်ကြဘူး။ စီးပွားရေးလုပ်ငန်းထဲလည်း မထည့်ကြဘဲ ဘဏ်ထဲမှာပဲ စုဆောင်းငွေ တွေ အများကြီး ဖြစ်နေတာကို တွေ့ရပါ တယ်။ နိုင်ငံတနိုင်ငံမှာ စုဆောင်းငွေအ များအပြားဖြစ်နေတာကလည်း မကောင်း ပါဘူး။ သူ့ အထိုက်အလျောက် ငွေကြေး စီးဆင်းမှုဆိုတာ ရှိသင့်ပါတယ်။ အိမ်ခြံ မြေ လုပ်ငန်းမှာလည်း ဆောက်လုပ်ရေး လုပ်ငန်းတွေထဲကို ရင်းနှီးမြှုပ်နှံမှု ငွေတွေ စီးဆင်းသွားမယ်ဆိုရင် အလုပ်အကိုင် အခွင့်အလမ်းတွေ ငွေကြေးလည်ပတ် စီးဆင်းမှုတွေ ဖြစ်လာမယ်။ အစိုးရကနေ ပြုပြင်ထိန်းကျောင်းပေးမယ်ဆိုရင် အခြေ အနေကောင်းတွေ ဖြစ်ပေါ်လာနိုင်တယ်။” ဆိုတဲ့ မြန်မာနိုင်ငံရဲ့ အကြီးဆုံး အိမ်ခြံမြေ ရောင်းဝယ်ငှားဝဘ်ဆိုက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ရဲ့ မန်နေဂျင်း ဒါရိုက်တာ ဦးနေမင်းသူရဲ့ ပြည်တွင်း မီဒီယာတွေ မေးမြန်းမှုကို ဖြေကြားသွား တဲ့ အချက်တွေကလည်း ဒီကိစ္စ အတွက် Solution တွေပါပဲ။

ဒါ့ကြောင့် သတင်းအချက်အလက်နဲ့ Database အင်မတန်အားနည်း သေးတဲ့ ကျွန်တော်တို့ နိုင်ငံမှာ အိမ်ခြံမြေ ရောင်းဝယ်မှုကနေအခွန်ကောက်ခံရရှိ မှုဟာ အခွန်နှုန်းတိုးမြှင့်ထားသော်ငြား လည်း ၂၀၁၅ ခုနှစ်မှာ ကျပ်ငွေ (၁၂၂) ဘီလီယံကနေ ၂၀၁၇ ခုနှစ်လည်း ရောက် ရော ကျပ်ငွေ (၂၅) ဘီလီယံသာရရှိခြင်း ကို ကြည့်ခြင်းအားဖြင့် ၀င်ငွေခွန်နှုန်းထား လျှော့သင့် မသင့်ဆိုတာကို သက်ဆိုင်ရာ အနေဖြင့် မြန်မြန်ဆုံးဖြတ် ချက်ချနိုင်ဖို့ ဆန္ဒပြုရင်း။

ဘအေး မှ Myanmar Business News အတွက် အထူးရေးသားဖော်ပြသည်။
Credit: Myanmar Business News
အိမ်ရာဝယ်ယူမှုအတွက်ဝင်ငွေခွန် လျှော့သင့် မသင့် - Property News in Myanmar from iMyanmarHouse.com
အိမ်ရာဝယ်ယူမှုအတွက်ဝင်ငွေခွန် လျှော့သင့် မသင့် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service