ယခုနှစ်မှစ၍ ရန်ကုန်မြစ်၏အနောက်ဘက်ကမ်း ဒေသတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်မည့်သတင်းကြောင့် သက်ဆိုင်ရာဒေသများတွင် ဈေးကွက်ဖြစ်ထွန်းလာနိုင် - Property News in Myanmar from iMyanmarHouse.com
6078 Views

ယခုနှစ်မှစ၍ ရန်ကုန်မြစ်၏အနောက်ဘက်ကမ်း ဒေသတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်မည့်သတင်းကြောင့် သက်ဆိုင်ရာဒေသများတွင် ဈေးကွက်ဖြစ်ထွန်းလာနိုင်

ယခုနှစ်မှစတင်ကာ ရန်ကုန်မြစ်၏အနောက်ဘက်ကမ်းဒေသတစ်ခုလုံးအား
ဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး
ဝန်ကြီးချုပ် က မတ်လအတွင်းပြောကြားခဲ့ပြီး ထိုကဲ့သို့ပြောကြားခဲ့ခြင်းကြောင့် အဆိုပါဒေသများတွင် အိမ် ခြံ မြေ ဈေးကွက်မှာ ဦးမော့လာဖွယ်ရှိကြောင်း
အိမ် ခြံ မြေ အကျိုးဆောင်များက ပြောဆိုသည်။

ထိုကဲ့သို့ စီမံကိန်းဧရိယာများဖော်ဆောင်ပါက အရေးကြီးသည်မှာ မြေနေရာပင်ဖြစ်ကြောင်း ၊ မြေနေရာလိုအပ်ချက်များအပြင်စီမံကိန်းအပြီး ဒေသဖွံ့ဖြိုးတိုးတက်မှုများရှိလာပါက အိမ် ခြံ မြေ ဈေးကွက်အတွက်လည်း ကောင်းမွန်လာမည်ဖြစ်ကြောင်း ၊ ယခင်ကာလများအတွင်းကလည်း မြို့သစ်အပါအ၀င်
စီမံကိန်းဧရိယာများဖော်ဆာင်မည်ဆိုပါက အဆိုပါနေရာများတွင်ဈေးကွက်ဖြစ်ထွန်းလေ့ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအိမ် ခြံ မြေ၀န်ဆောင်မှုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

" မြန်မာနိုင်ငံမှာ အိမ်ခြံမြေလုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံမှုလုပ်လိုသူတွေ များစွာရှိပါတယ်။ အိမ်ခန်းတွေလိုချင်တဲ့သူတွေ ရာနဲ့ချီ ထောင်နဲ့ချီ သိန်းနဲ့ချီပြီး ရှိနေပါတယ်။ ရာနဲ့ချီဆိုတာ အဆင့်မြင့်အိမ်ရာမှာ နေထိုင်လိုသူတွေရှိနိုင်ပါတယ်။ ထောင်နဲ့ချီဆိုတာ အလယ်အလတ်သောသူများအတွက် ရှိနေပါတယ်။ သိန်းနဲ့ချီတဲ့ အခြေခံလူတန်းစားတွေအတွက် နေထိုင်စရာ အခွင့်အလမ်းတွေများစွာလိုအပ်နေတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ ဒီအခွင့်အလမ်း ဟာ စီးပွားရေးလုပ်ငန်း ရင်းနှီးမြှုပ်နှံမှုလုပ်လိုသူတွေအတွက် အခွင့်အလမ်းကောင်းပဲဖြစ်ပါတယ်။ နေစရာလိုအပ်နေတဲ့ အိမ်ထောင်စုပေါင်း တစ်သိန်းခွဲလောက် ကျွန်တော်တို့ တိုင်းအတွင်းမှာ ရှိနေတာဖြစ်ပါတယ်။ လူဦးရေတိုးတက်များပြားလာတာနဲ့အမျှ လူဦးရေ ၇.၄သန်းကျော် ရှိနေတဲ့ ရန်ကုန်မြို့ကြီးဟာ စီးပွားရေးအရ အရေးကြီးတဲ့ စိန်ခေါ်မှုတွေရှိနေသလို အခွင့်အလမ်းပေါင်းများစွာရှိနေပါတယ်။ ရန်ကုန်မြို့ရဲ့ အထပ်မြင့်အဆောက်အဦ တစ်ခုပေါ်ကနေ ကြည့်လိုက်မယ်ဆိုရင် ရန်ကုန်မြစ်ရဲ့ အနောက်ဘက်ကမ်းဟာ ဖွံ့ဖြိုးတိုးတက်မှုဘာမှ မရှိသေးဘူးဆိုတာ တွေ့ရမှာဖြစ်ပါတယ်။ ဒီ၂၀၁၈ ခုနှစ်ကနေစပြီး ရန်ကုန်တိုင်းအတွင်းမှာ ရန်ကုန်မြစ်ရဲ့ အနောက်ဘက်ကမ်း ဒေသတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွားမဲ့နှစ်ဖြစ်ပါတယ်။ ဒါကြောင့်မို့ Infrastructure ကဏ္ဍမှာ အရေးကြီးသောနှစ်ဖြစ်တယ်လို့ ကျွန်တော့အနေနဲ့ ပြောပါရစေ။ ၂၀၁၈ခုနှစ် အတွင်းမှာ ရန်ကုန်မြို့သစ်စီမံကိန်းအထူးစီးပွားရေးဇုန်ကြီးတွေ တည်ဆောက်သွားမှာ ဖြစ်တဲ့အတွက် ရန်ကုန်မြစ်ရဲ့ တစ်ဘက်ကမ်းဟာ ပိုမိုဖွံ့ဖြိုးတိုးတက်တဲ့ Smart City တစ်ခုအနေနဲ့ အထူးစီးပွားရေးဇုန် ဧရိယာကြီးတစ်ခု အနေနဲ့ပေါ်ထွန်းလာမှာဖြစ်ပါတယ်"ဟု မတ်လ ၂၀ ရက်တွင် ဝန်ကြီးချုပ်က ပြောဆိုခဲ့သည်။

မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service