အိမ်ခြံမြေကြောင့် နိုင်ငံ့စီးပွားရေး မိုးပျံပူဖောင်းပေါက်သလို မဖြစ်အောင် ထိန်းညှိခဲ့ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြောဆို - Property News in Myanmar from iMyanmarHouse.com
4876 Views

အိမ်ခြံမြေကြောင့် နိုင်ငံ့စီးပွားရေး မိုးပျံပူဖောင်းပေါက်သလို မဖြစ်အောင် ထိန်းညှိခဲ့ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြောဆို

အိမ်ခြံမြေကဏ္ဍကြောင့် နိုင်ငံ့၏စီးပွားရေး မိုးပျံပူဖောင်းပေါက်သလိုမဖြစ်သွားစေရန် အစိုးရသစ်တာဝန်ယူခဲ့သည့်နှစ်နှစ်အတွင်း ထိန်းညှိနိုင်ခဲ့ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ်ဦးဖြိုးမင်းသိန်းက ပြောဆိုသည်။

မတ် ၂၀ ရက်က ရန်ကုန်မြို့ ဆူးလေရှန် ဂရီလာဟိုတယ်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံ ၏ အခြေခံအဆောက်အအုံဆိုင်ရာ နှီးနှော ဖလှယ်ပွဲ၌ ၎င်းကပြောဆိုခဲ့ခြင်းဖြစ်သည်။

+++ ပူဖောင်းမပေါက်စေရန် +++

"မြန်မာနိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု စနစ်တကျဖြစ်လာစေဖို့အိမ်ခြံမြေကြောင့်စီးပွားရေးနှောင့်နှေးသွားတယ်ဆိုတာထက် အိမ်ခြံမြေကြောင့် မြန်မာနိုင်ငံရဲ့စီးပွားရေး မိုးပျံပူပေါင်းပေါက်သလို မဖြစ်သွားစေဖို့ အတွက် ထိန်းညှိလိုက်တာပဲဖြစ်ပါတယ်။ အခု ဆိုရင် စနစ်တကျ ဖွံ့ဖြိုးတိုးတက်မှုတွေကို တွေ့မြင်နေရမှာပဲဖြစ်ပါတယ်"ဟု ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောဆိုသည်။

+++ စီးပွားရေးအရေးပါ +++

မြန်မာနိုင်ငံ၏စီးပွားရေး တည်ငြိမ်မှုရရှိစေ နိုင်ရန်အတွက် ပြည်တွင်းအိမ်ခြံမြေလုပ်ငန်းမှာ အရေးပါကြောင်း၊ ထို့အတွက်ရန်ကုန်မြို့၌ ဆောက်လုပ်ရေးလုပ်ငန်းနယ်ပယ်နှင့်ပတ် သက်ပြီး စနစ်တကျဖွံ့ဖြိုးတိုးတက်ရန် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့က စနစ်တကျ ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်က ဆက်လက်ပြောဆို သည်။

+++ ထိန်းသိမ်းခဲ့ +++

"ဘာကြောင့် ဆောက်လုပ်ရေးကဏ္ဍနဲ့ အိမ်ရာစီမံကိန်းတွေကို စနစ်တကျဖြစ်ဖို့ ကြိုး ပမ်းနေသလဲဆိုရင်မြန်မာနိုင်ငံရဲ့စီးပွားရေး တည် ငြိမ်မှုရစေနိုင်ဖို့ဆိုတာ အိမ်ခြံမြေလုပ် ငန်းပေါ်မှာ အရေးကြီးပါတယ်။ အိမ်ခြံမြေ ကဏ္ဍရဲ့လှုပ်ခတ်မှုဟာ မြန်မာနိုင်ငံရဲ့စီးပွား ရေးနဲ့ ဘဏ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ၊ ဘဏ်တွေရဲ့ဆောင်ရွက်နေရမှု အခြေအနေ တွေအတွက် တောင့်တင်းခိုင်မာသွားစေနိုင် ဖို့အတွက် အိမ်ခြံမြေကို အစိုးရသစ်တာဝန်ယူ ခဲ့တဲ့နှစ်နှစ်တာအတွင်းမှာ ထိန်းသိမ်းခဲ့ပါ တယ်"ဟု ၎င်းက ပြောဆိုသည်။

+++ အခွင့်အလမ်းကောင်း +++

ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင် စရာလိုအပ်နေသူ အိမ်ထောင်စုတစ်သိန်းခွဲ ဝန်းကျင်ရှိပြီး ယင်းမှာအိမ်ခြံမြေရင်းနှီးမြှုပ် နှံလိုသူများအတွက် အခွင့်လမ်းကောင်းဟု ၎င်းက ဆက်လက်ပြောဆိုသည်။

+++ အရေးကြီး +++

"တိုင်းပြည်တစ်ပြည်မှာ စီးပွားရေးကျ ဆင်းနေတာကို ကယ်တင်ဖို့အခြေခံအားဖြင့် နည်းလမ်းသုံးခုရှိပါတယ်။ ဒီအခြေခံတွေက တော့ အခွန်လျှော့ချရေး၊ စီးပွားရေးမှာလည် ပတ်နေတဲ့ငွေရေးကြေးရေးတွေ မြန်မြန်ဆန် ဆန်နဲ့အလုံးအရင်းလည်ပတ်ဖို့နဲ့ဘဏ်တိုး တွေလျှော့ချဖို့ဆိုတဲ့ အခြေခံသုံးရပ်ပေါ်မှာ မူတည်ပြီးစီးပွားရေးကို ပြန်လည်ဦးမော့ရမှာ ဖြစ်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းက ပုဂ္ဂိုလ်တွေ အော်နေကြတယ်လို့လူတွေကပြော တယ်။ တကယ်တော့ဆောက်လုပ်ရေးလုပ်ငန်း က လူတွေအော်တာအရေးကြီးပါတယ်။ တိုင်းပြည်တစ်ပြည်မှာတစ်ကမ္ဘာလုံးမှာ စီးပွား ရေးပျက်ကပ်ဆိုက်တယ်ဆိုရင် ဆောက်လုပ် ရေးလုပ်ငန်းကပဲစတာပါ။ ဒါကြောင့် ဆောက်လုပ်ရေးကဏ္ဍက အရေးကြီးပါတယ် "ဟု မတ် ၁၉ ရက်က တော်ဝင်နှင်းဆီခန်းမတွင်ပြုလုပ် ခဲ့သော အခွန်သက်သာခွင့်အစီအစဉ်ကိုရွှေ့ ဆိုင်းခဲ့လျှင်ဆင့်ကဲဖြစ်ပေါ်လာမည့် အကျိုး ဆက်များနှင့် ပတ်သက်သည့်ဆွေးနွေးပွဲ၌ ပြောဆိုသည်။

Credit: The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service