စီမံကိန်းသစ်တွေ လုပ်ခွင့်မပေးတဲ့ အစိုးရရဲ့ပထမဆုံး ခြောက်လဘတ်ဂျက် - Property News in Myanmar from iMyanmarHouse.com
4882 Views

စီမံကိန်းသစ်တွေ လုပ်ခွင့်မပေးတဲ့ အစိုးရရဲ့ပထမဆုံး ခြောက်လဘတ်ဂျက်

ယခင်အစိုးရအဆက်ဆက် ဘဏ္ဍာနှစ်တစ်နှစ်စာသာ ရသုံးမှန်းခြေ ငွေစာရင်း ဘတ်ဂျက်ကို အစဉ်အဆက် ရေးဆွဲအသုံးပြုခဲ့ရာမှ ယခုနှစ်တွင် ဘဏ္ဍာနှစ်ဝက်စာ ခြောက်လတာအတွက်ပထမဦးဆုံးအကြိမ် စတင်ရေးဆွဲကာ အသုံးပြုတော့မည်ဖြစ်သည်။

၂ဝ၁၈ ခုနှစ်၊ ပြည်ထောင်စု ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေဟု ခေါ်ဆိုသော ထိုဘတ်ဂျက်တွင် စီမံကိန်းသစ်များ မပါဝင်သည်ကို လေ့လာတွေ့ရှိရသည်။

သမ္မတက ခြောက်လဘတ်ဂျက်သည် ကြားခံကာလဖြစ်သည့်အတွက် မဖြစ်မနေပေးရမည့်စရိတ်များနှင့် ဆောင်ရွက်ဆဲလုပ်ငန်းများကိုသာ ဘတ်ဂျက်ချပေးရန်၊ ယင်းကာလအတွင်း မဖြစ်မနေ အကောင်အထည်ဖော်ရမည့် စီမံကိန်းများမှအပ စီမံကိန်းသစ်များမပါဝင်ရန် လွှတ်တော်ကို စာပို့ခဲ့သည်။

ယခုဘတ်ဂျက်တွင် အဓိကအရေးကြီးသည့် ဦးစားပေးမူဝါဒများကိုသာ ထည့်သွင်းခဲ့ခြင်းဖြစ်ပြီး တစ်နှစ်ဘတ်ဂျက်ကဲ့သို့အမြောက်အမြား ချပေးခဲ့ခြင်းမရှိပေ။

စီမံကိန်းသစ်များကို လာမည့် အောက်တိုဘာမှ ၂ဝ၁၉ ခုနှစ် စက်တင်ဘာလအထိ သတ်မှတ်ရေးဆွဲမည့် ၂ဝ၁၈“၂ဝ၁၉ ဘဏ္ဍာနှစ် ဘတ်ဂျက်တွင်သာ ထည့်သွင်းရေးဆွဲမည် ဖြစ်သည်။

လာမည့် ခြောက်လသည် မိုးရာသီဖြစ်သည့်အတွက် စီမံကိန်းသစ်များ မပေးဘဲ လျှော့ချခဲ့ခြင်းဖြစ်သည်။ ဝန်ထမ်းခန့်အပ်ထားမှုတွင်လည်း မဖြစ်မနေလောက်သာခန့်ရန် ဘတ်ဂျက်ကို လျှော့ချခဲ့သည်။

တိုင်းနှင့် ပြည်နယ်များအတွက်လည်း လုပ်ငန်းစီမံကိန်းသစ်များ ပါဝင်နေမှုကို လျှော့ချပြီး ဝန်ထမ်းအိမ်ရာတည်ဆောက်မှုကို ယခု ဘတ်ဂျက်ထဲတွင် ထည့်သွင်းခဲ့ခြင်း မရှိပေ။ ဆောင်ရွက်ဆဲစီမံကိန်းများ ရပ်မသွားစေရန်နှင့် မဖြစ်မနေ သာမန်အသုံးစရိတ်သာ ထည့်သွင်းခဲ့သည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါ်နွဲ့နွဲ့ဝင်းက ဆိုသည်။

'' သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက အဆိုပြုတင်ပြလာတဲ့ ဘတ်ဂျက်မှာ လုပ်ငန်းစီမံကိန်း သစ်တွေပါလာရင် ကျွန်မတို့မပေးဘူး။ ဆောင်ရွက်ဆဲ စီမံကိန်းတောင်မှ မဖြစ်မနေ ဆောင်ရွက်ရမယ့်ဟာမျိုးကိုပဲ ခွင့်ပြုတယ် ''ဟု ၄င်းက ပြောသည်။

ထို့ပြင် တင်ပြလာသည့် ဘတ်ဂျက်ကိုပင် လွှတ်တော်က ကျပ်ဘီလျံ ၁ဝဝ နှင့် ၁၃ဝကြား ထပ်ဖြတ်တောက်ပြီးမှ အတည်ပြုခဲ့သည်ဟု ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီဒုတိယဥက္ကဠ လွှတ်တော်အမတ် ဦးအောင်မင်းက ဆိုသည်။

လာမည့် ဧပြီမှ စက်တင်ဘာအတွင်း တစ်နိုင်ငံလုံး အသုံးစရိတ် ကျပ်ဘီလျံပေါင်း ၁ဝ,၆၇၇ ကျော်ရှိမည်ဖြစ်ပြီး ရငွေ စုစုပေါင်း ကျပ်ဘီလျံပေါင်း ၈,၄၉၁ ကျော်ရရှိရန် ခန့်မှန်းလျာထားသည်။

အသုံးစရိတ်ဆိုသည့်အထဲတွင် သာမန်အသုံးစရိတ် ကျပ်ဘီလျံ ၈,ဝဝဝ ကျော် အပါအဝင် ငွေလုံးငွေရင်းအသုံးစရိတ် ကျပ် ၂,၁၉၄ဘီလျံနှင့် အကြွေးပြန်ဆပ်ရမည့် ကျပ်သန်း ၄၇ဝ ကျော် ပါဝင်သည်။

စီမံကိန်းသစ်များ ခြောက်လအတွင်း မလုပ်သည့်တိုင် ဘတ်ဂျက်လိုငွေမှာ ကျပ်ဘီလျံ၂,၁ဝဝ ကျော် ရှိမည်။

မြန်မာတစ်နိုင်ငံလုံး ထုတ်လုပ်မှု အသားတင် ဂျီဒီပီတန်ဖိုး ကျပ် ၃၂,၈၇၃ ဘီလျံ ရှိမည်ဟု အစိုးရက ခန့်မှန်းထားသည်။

ထို့ကြောင့် ဘတ်ဂျက်ကို အစိုးရကရော လွှတ်တော်ကပါ လျှော့ချထားသော်လည်း လိုငွေမှာ ဂျီဒီပီ၏ ၆ ဒသမ ၆၅ ရာခိုင်နှုန်းအထိရှိနေသည်။ ထိုပမာဏသည် မူလခန့်မှန်းသည့် ဂျီဒီပီနှင့် လိုငွေအချိုး ၅ ရာခိုင်နှုန်းကို ကျော်လွန်နေသည်။

ရငွေအဖြစ်ရမည့် အခွန်ရငွေမှာ ထိုဘတ်ဂျက်ကာလအတွင်း အကျုံးမဝင်ဘဲဘဏ္ဍာနှစ်ကုန်ခါနီးမှသာ ရရှိခြင်းဖြစ်သည့်အတွက် ဂျီဒီပီနှင့် လိုငွေအချိုးအပေါ်သက်ရောက်ခဲ့သည်ဟု ဒေါ်နွဲ့နွဲ့ဝင်းက ရှင်းပြသည်။

အချို့သော အစိုးရ၏ စီးပွားရေးလုပ်ငန်းများသည် ခြောက်လပတ်အတွင်း ဝင်ငွေမပေါ်သေးသည်များလည်း ရှိကြောင်း ဆိုသည်။ထို့ကြောင့်လည်း လိုငွေအချိုးကို များစေခြင်းဖြစ်သည်ဟု ပြောသည်။

လက်ရှိတွင် ဘဏ္ဍာနှစ်ကို ပြောင်းပြီးသော်လည်း အခွန်ကောက်သည့် နှစ်ကာလသတ်မှတ်ချက်မှာ ချက်ချင်းမပြင်နိုင်သောကြောင့် ထိုကဲ့သို့သောကိစ္စ ဖြစ်ပေါ်ရခြင်းဖြစ်ပြီး နောင်တွင် တစ်ထပ်တည်းဖြစ်အောင် ပြင်ဆင်သွားမည်ဟု သိရသည်။

+++ ဝန်ကြီးဌာနဘတ်ဂျက် +++

ဝန်ကြီးဌာန ၂၃ ခုအနက် ၂၁ ခုကို အသုံးစရိတ်ချပေးပြီး အထူးသဖြင့် ပညာရေး၊ ကျန်းမာရေးအသုံးစရိတ်များကို အရင်ထက် ပိုတိုးပေးထားသည်ကို တွေ့ရသည်။

ပညာရေး၊ ကျန်းမာရေး အသုံးစရိတ်များကို လွှတ်တော်ကလည်း မဖြတ်ခဲ့ကြောင်း ဦးဇော်ဖေဝင်းက ပြောသည်။

သို့သော် ကာကွယ်ရေးဝန်ကြီးဌာနသည် ကျပ်ဘီလျံ ၁,၃ဝဝ ကျော်ဖြင့် အများဆုံးဖြစ်ပြီးစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အသုံးစရိတ်မှာ ကျပ်ဘီလျံ ၁,၂ဝဝ ကျော်ဖြင့် ဒုတိယနေရာလိုက်သည်။

ပညာရေးဝန်ကြီးဌာနက အသုံးစရိတ် ကျပ်ဘီလျံ ၈ဝဝ ကျော်ဖြင့် တတိယနေရာရှိပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အသုံးစရိတ်သည် ကျပ် ၄၁၉ ဘီလျံကျော်ဖြင့် စတုတ္ထနေရာလိုက်သည်။

ပြီးခဲ့သည့် ၂ဝ၁၇“၂ဝ၁၈ ဘဏ္ဍာနှစ်တစ်နှစ်စာဘတ်ဂျက်တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက အသုံးစရိတ် ကျပ်၎,၈၄၂ ဘီလျံဖြင့် အများဆုံးဖြစ်ခဲ့ပြီး လျှပ်စစ်နှင့် စွမ်းအင်က ကျပ် ၄,၄၉၇ ဘီလျံဖြင့် ဒုတိယ၊ကာကွယ်ရေးက ကျပ် ၂,၉၁၅ ဘီလျံဖြင့်တတိယလိုက်ပြီး ပညာရေးအသုံးစရိတ်မှာကျပ် ၁,၇၆၄ ဘီလျံ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကျပ် ၁,ဝ၇၇ ဘီလျံ ရရှိခဲ့သည်။

ထိုသို့ ဘတ်ဂျက်ချထားမှုကို ခြောက်လချင်း ခန့်မှန်းနှိုင်းယှဉ်ကြည့်ပါက စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အသုံးစရိတ်သည် သိသိသာသာ လျော့ကျသွားသည်ကို တွေ့ရပြီး ကာကွယ်ရေးအသုံးစရိတ်နှင့် ပညာရေး၊ ကျန်းမာရေးမှာ သိသိသာသာ မကွာခြားပေ။သို့သော် ယခုခြောက်လဘတ်ဂျက်သည် စီမံကိန်းသစ်များ မပါဝင်ဘဲ ယခင်ဘတ်ဂျက်မှာ ပါဝင်ပေသည်။

ရသုံးမှန်းခြေဥပဒေကြမ်းအရ ယခုခြောက်လဘတ်ဂျက်တွင် သီးသန့်ငွေစာရင်း (ဥအ့နမ ဗခခသကညအ) ဖွင့်လှစ်ထားသည့် နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်း ၂ဝ အနက် သယံဇာတ အဓိကထုတ်လုပ်သော နိုင်ငံပိုင်လုပ်ငန်း အများဆုံးပါဝင်သည့် လုပ်ငန်းရှစ်ခုကို မိမိဖွင့်လှစ်ထားသော ဥဗ ထဲမှ အသုံးစရိတ်အားလုံး သုံးစွဲရန် ညွှန်ကြားလိုက်သည်။ကျန်လုပ်ငန်း ၁၁ ခုအတွက် အသုံးစရိတ်အနက် အချို့ကို အစိုးရက ထောက်ပံ့မည်ဖြစ်ပြီး ကျန်အသုံးစရိတ်အတွက် မိမိ ဥဗ ထဲမှ သုံးစွဲရမည်ဖြစ်သည်။

ပြည်ထောင်စုက အသုံးစရိတ်အားလုံးထောက်ပံ့မည့် တစ်ခုတည်းသော နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းမှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းပင်ဖြစ်သည်။ မည်မျှထောက်ပံ့မည်ကိုမူ သီးခြားဖော်ပြထားခြင်းမရှိပေ။

+++ တိုင်းနှင့် ပြည်နယ်ဘတ်ဂျက် +++

ဗဟိုအစိုးရက တိုင်းနှင့် ပြည်နယ်များသို့ ဘတ်ဂျက်ချထားပေးရာတွင် ပမာဏအများမှ အနည်းသို့ ဖော်ပြရလျှင် ရှမ်းပြည်နယ် ကျပ်ဘီလျံ ၁ဝဝ ကျော်၊ စစ်ကိုင်းတိုင်း ကျပ် ၈၈ ဘီလျံကျော်၊ တနသင်ာ်ရီတိုင်း ၇၂ ဘီလျံ ကျော်၊ ရခိုင်ပြည်နယ် ကျပ်ဘီလျံ ၇ဝ ကျော်၊ ကချင်ပြည်နယ် ကျပ် ၆၉ ဘီလျံကျော်၊ မကွေးတိုင်း ၆၈ဘီလျံကျော်၊ ချင်းပြည်နယ် ကျပ် ၆၆ ဘီလျံခန့်၊ ပဲခူးတိုင်း ၆၃ ဘီလျံကျော်၊ ဧရာဝတီတိုင်း ကျပ်၅၆ ဘီလျံကျော်၊ မန္တလေးတိုင်း ၅၁ ဘီလျံကျော်၊ ကရင်ပြည်နယ် ကျပ် ၃၇ ဘီလျံကျော်၊မွန်ပြည်နယ် ၃၆ ဘီလျံခန့်၊ ကယားပြည်နယ်ကျပ် ၂၃ ဘီလျံ ကျော်နှင့် ရန်ကုန်တိုင်းဒေသကြီး ကျပ် ၁ဝ ဘီလျံကျော်တို့ ချထားပေးသည်ကို တွေ့ရသည်။

ပြည်ထောင်စုက ကောက်ခံသော အခွန်များကိုလည်း သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်ကို ရာခိုင်နှုန်းဖြင့် ပြန်လည်ခွဲဝေပေးသည့်အတွက် အခွန်ရရှိမှုတွင် ရန်ကုန်တိုင်းနှင့်မန္တလေးတိုင်း ဒေသကြီးသည် အခွန်အများဆုံးရရှိရာ ပြည်ထောင်စုက များစွာထောက်ပံ့ရန် မလိုအပ်ကြောင်း သိရသည်။

Credit: The Myanmar Times
စီမံကိန်းသစ်တွေ လုပ်ခွင့်မပေးတဲ့ အစိုးရရဲ့ပထမဆုံး ခြောက်လဘတ်ဂျက် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service