စင်္ကာပူရှိ ဒေါ်လာ ၁ ဘီလီယံတန် ဆောက်လုပ်ရေးစီမံကိန်းမြေနေရာကို ကုမ္ပဏီ ၁၅ ခုက အပြိုင်အဆိုင် လေလံဆွဲခဲ့ - Property News in Myanmar from iMyanmarHouse.com
4805 Views

စင်္ကာပူရှိ ဒေါ်လာ ၁ ဘီလီယံတန် ဆောက်လုပ်ရေးစီမံကိန်းမြေနေရာကို ကုမ္ပဏီ ၁၅ ခုက အပြိုင်အဆိုင် လေလံဆွဲခဲ့

စင်္ကာပူရှိ ဘူကစ်တီမားအရပ်တွင် ကူးသန်းရောင်းဝယ်ရေးနှင့် လူနေအိမ်ရာဆိုင်ရာ ဆောက်လုပ်ရေးစီမံကိန်း မြေနေရာကို စင်္ကာပူရှိ ထိပ်တန်း developer ၁၅ ခုတို့က အပြိုင်အဆိုင်လေလံဆွဲခဲ့ကြသည်။

ယင်းနေရာ၏ ကာလတန်ကြေးမှာ စင်္ကာပူဒေါ်လာ ၁ ဘီလီယံ (ကန်ဒေါ်လာ ၇၅၉ သန်း) ခန့်ဖြစ်ပြီး CapitaLand, UOL Group နှင့် Lendlease တို့ အပါအဝင် ထိပ်တန်း developer ၁၅ ခုတို့က ယှဉ်ပြိုင်လေလံဆွဲခဲ့ကြခြင်း ဖြစ်သည်။

စင်္ကာပူမြို့ပြပြန်လည်ဖွံ့ဖြိုးရေး အာဏာပိုင်အဖွဲ့ (URA) က developer တို့ တင်သွင်းလာသည့် လျှောက်လွှာများကို စတင်သုံးသပ်နေပြီဖြစ်ပြီး ဇကာတင်လေလံအောင်သူများ စာရင်းကို ထုတ်ပြန်ပြီးနောက် လေလံအနိုင်ရသူကို ကြေညာမည်ဖြစ်သည်။

အဆိုပါ လုပ်ငန်းစဉ်များအားလုံးအတွက် ၂ လခန့် အချိန်ယူရဦးမည် ဖြစ်သည်။
လေလံဆွဲခဲ့ကြသည့်မြေနေရာမှာ Central Region ၏ အနောက်ဖျားရှိ ဟော်လန်လမ်းတွင် တည်ရှိပြီး Holland Village MRT ဘူတာရုံအနီးတွင် ဖြစ်သည်။

မြေကွက်အကျယ်အဝန်းမှာ စတုရန်းမီတာ ၂၂၉၆၇ ( စတုရန်းပေ ၂၄၇၂၁၅) ရှိပြီး လူနေခန်းပေါင်း ၅၇၀ ခန့်အထိ အကောင်အထည်ဖော်နိုင်မည့်နေရာဖြစ်ကာ အနိုင်ရသည့် developer အနေဖြင့် စီမံကိန်းအပြီးသတ်ဆောက်လုပ်နိုင်ရန် ၇ နှစ်ခန့် အချိန်ယူရမည် ဖြစ်သည်။

ယင်းမြေနေရာပေါ်တွင် ကြမ်းခင်းဧရိယာ စတုရန်းမီတာ ၅၉၇၁၅ ( ၅၄၂၇၆၇ စတုရန်းပေ) အကျယ်အဝန်း ဆောက်လုပ်နိုင်ဖွယ်ရှိပြီး အနည်းဆုံး ၆၀ ရာခိုင်နှုန်းကို လူနေအတွက် အသုံးပြုသွားမည်ဖြစ်သည်။

ကျန်သည့်နေရာများကိုမူ ကူးသန်းရောင်းဝယ်ရေး (သို့မဟုတ်) အသင့်နေလူနေခန်းများအဖြစ် အကောင်အထည်ဖော်သွားမည် ဖြစ်သည်။
“မျှော်မှန်းထားတဲ့အတိုင်းပဲ အဓိက player တွေ ဝင်ပြိုင်ကြတယ်။ ဈေးနှုန်းကတော့ စင်္ကာပူဒေါ်လာ ၁ ဘီလီယံကျော်ဖို့ရှိပြီး စီမံကိန်းအနိုင်ရဖို့အတွက် လူနေမဟုတ်တဲ့ စီမံကိန်းတွေကို စီမံခန့်ခွဲခဲ့တဲ့ အတွေ့အကြုံတွေ လိုအပ်မှာ ဖြစ်ပါတယ်” ဟု ကမ္ဘာကျော် အိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီ JLL ၏ သုတေသနဌာနမှ အမျိုးသားညွှန်ကြားရေးမှူး အွန်တက်ခ်ဟွေက ပြောကြားခဲ့သည်။

ယခုမြေနေရာကို တင်ဒါယှဉ်ပြိုင်တင်သွင်းသူများပြားခြင်းမှာ စင်္ကာပူ၏ လူနေနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အိမ်ခြံမြေဈေးကွက် တည်ငြိမ်မှုအခြေအနေကို ပြသနေခြင်းဖြစ်ကြောင်းလည်း အွန်တက်ခ်ဟွေက ဆက်လက်ပြောကြားသည်။

စင်္ကာပူသည် ၄ နှစ်ဆက်တိုက် အိမ်ကျမြေဈေးကွက်ကျဆင်းနေမှုမှ ၂၀၁၇ ခုနှစ် နောက်ဆုံး ၃ လပတ်မှ စတင်ကာ ပြန်လည်ရုန်းထလာနိုင်ခဲ့သည်။

၂၀၁၈ ခုနှစ် ပထမ ၂ လတာကာလအတွင်း အလယ်လတ်တန်းနေအိမ်တို့၏ ဈေးနှုန်းမှာ ၄ ဒသမ ၇ ရာခိုင်နှုန်းခန့် မြင့်တက်လာပြီး ဈေးကွက်တွင် ရောင်းလိုအားများသော နေအိမ်တို့၏ ဈေးနှုန်းများမှာမူ ၂ ဒသမ ၄ ရာခိုင်နှုန်းခန့် ကျဆင်းသွားခဲ့သည်။

တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် စင်္ကာပူအိမ်ခြံမြေဈေးနှုန်းများမှာ ၂၀၁၈ ခုနှစ်အတွင်း ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ မြင့်တက်ဖွယ်ရှိကြောင်း Credit Suisse မှ ဈေးကွက်သုတေသီတို့က ခန့်မှန်းထားသည်။

Morgan Stanley ကမူ ၈ ရာခိုင်နှုန်းဟု အတိအကျဟောကိန်းထုတ်ထားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
စင်္ကာပူရှိ ဒေါ်လာ ၁ ဘီလီယံတန် ဆောက်လုပ်ရေးစီမံကိန်းမြေနေရာကို ကုမ္ပဏီ ၁၅ ခုက အပြိုင်အဆိုင် လေလံဆွဲခဲ့ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service