ဂျပန်အခြေစိုက် Lotte group က တရုတ်ပြည်ရှိ ဈေးဝယ်စင်တာအားလုံးကို ရောင်းချတော့မည် - Property News in Myanmar from iMyanmarHouse.com
4713 Views

ဂျပန်အခြေစိုက် Lotte group က တရုတ်ပြည်ရှိ ဈေးဝယ်စင်တာအားလုံးကို ရောင်းချတော့မည်

တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့တွင် အခြေစိုက်ရုံးချုပ်များရှိသည့် Lotte group လုပ်ငန်းစုံကုမ္ပဏီကြီးသည် တရုတ်ပြည်ရှိ ဈေးဝယ်စင်တာ hypermarket အားလုံးကို ရောင်းထုတ်တော့မည်ဖြစ်ကြောင်း တောင်ကိုရီးယားအခြေစိုက် ယုံဟက်ပ် သတင်းအေဂျင်စီ၏ သတင်းတစ်ရပ်တွင် ဖော်ပြသည်။

တရုတ်ပြည်ရုံးခွဲဖြစ်သော Lotte China က တရားဝင်ထုတ်ပြန်ကြေညာလိုက်ပြီလည်းဖြစ်ပြီး လာမည့် ၃ လအတွင်း တရုတ်ပြည်တွင်းရှိ ဈေးဝယ်စင်တာအားလုံးကို ရောင်းချသွားမည် ဖြစ်သည်။

တောင်ကိုရီးယားတွင် အမေရိကန်ပြည်ထောင်စုက ဒုံးကျည်ကာကွယ်ရေးစနစ်ချထားရန် စီစဉ်မှုနှင့် စပ်လျဉ်းပြီး တောင်ကိုရီးယား-တရုတ် သံတမန်ရေးတင်းမာမှုများ ဖြစ်ပေါ်လာပြီးနောက်ပိုင်းတွင် ယခုကဲ့သို့ ဈေးဝယ်စင်တာများအားလုံး ရောင်းထုတ်ရန် စီစဉ်လာခြင်းလည်း ဖြစ်သည်။

Lotte ၏ ဈေးဝယ်စင်တာများကို ဝယ်ယူလိုသူများသည် ယခုအခါ စတင်ကြည့်ရှုလေ့လာလျက်ရှိနေကြပြီဖြစ်သည်။

ကုမ္ပဏီအများစုက သက်ဆိုင်ရာဈေးဝယ်စင်တာနှင့် ပတ်သက်သည့် စာရွက်စာတမ်းများကိုသာ ကြည့်ရှုကြသော်လည်း Liqun Group ကမူ ဈေးဝယ်စင်တာများသို့ ကွင်းဆင်းကြည့်ရှုလျက်ရှိကြကြောင်းလည်း ယုံဟက်ပ်သတင်းတွင် ဖော်ပြသည်။

Lotte Mart မှ အကြီးအကဲအချို့ကပြောရာတွင်မူ Liqun Group အပြင် အခြားကုမ္ပဏီ ၄ ခုခန့်လည်း ကွင်းဆင်း စုံစမ်းလာကြကြောင်း ပြောကြားကြသည်။

လာမည့်ဇွန်လတွင် တရုတ်ပြည်ရှိ ဈေးဝယ်စင်တာအားလုံးကို အပြီးသတ်ရောင်းချသွားရန် ရည်မှန်းထားသည်။

Lotte သည် တရုတ်ပြည် လက်လီစီးပွားရေးလုပ်ငန်းအတွက် ကိုရီးယားဝမ်ငွေ ၇၀၀ ဘီလီယံ (ကန်ဒေါ်လာ ၆၅၃ သန်း) ရင်းနှီးမြှုပ်နှံထားခဲ့ရာ အဆိုပါငွေများကို ယခုအခါ ပြန်လည်ရယူနိုင်ရန် ကြိုးစားလာခြင်း ဖြစ်သည်။

တရုတ်ပြည်တွင် Lotte Mart ၉၉ ခုရှိသည့်အနက် ၈၇ ခုကို ဈေးရောင်းမှု ရပ်ဆိုင်းထားလိုက်ပြီ ဖြစ်သည်။

Lotte Mart သည် ယခုဈေးဝယ်စင်တာများကို ပြန်လည်ရောင်းထုတ်ရခြင်းအတါက် ဝမ်ငွေ ၁ ဒသမ ၂ ဘီလီယံခန့် အရှုံးပေါ်ခဲ့သည်ဟုလည်း ယုံဟက်ပ်သတင်းတွင် ဖော်ပြသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဂျပန်အခြေစိုက် Lotte group က တရုတ်ပြည်ရှိ ဈေးဝယ်စင်တာအားလုံးကို ရောင်းချတော့မည် - Property News in Myanmar from iMyanmarHouse.com
ဂျပန်အခြေစိုက် Lotte group က တရုတ်ပြည်ရှိ ဈေးဝယ်စင်တာအားလုံးကို ရောင်းချတော့မည် - Property News in Myanmar from iMyanmarHouse.com
ဂျပန်အခြေစိုက် Lotte group က တရုတ်ပြည်ရှိ ဈေးဝယ်စင်တာအားလုံးကို ရောင်းချတော့မည် - Property News in Myanmar from iMyanmarHouse.com
ဂျပန်အခြေစိုက် Lotte group က တရုတ်ပြည်ရှိ ဈေးဝယ်စင်တာအားလုံးကို ရောင်းချတော့မည် - Property News in Myanmar from iMyanmarHouse.com
ဂျပန်အခြေစိုက် Lotte group က တရုတ်ပြည်ရှိ ဈေးဝယ်စင်တာအားလုံးကို ရောင်းချတော့မည် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service