တရုတ်တွင် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုများ အားကောင်းသော်လည်း ရောင်းအား ထိုင်းမှိုင်း - Property News in Myanmar from iMyanmarHouse.com
4252 Views

တရုတ်တွင် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုများ အားကောင်းသော်လည်း ရောင်းအား ထိုင်းမှိုင်း

တရုတ်ပြည်မကြီးတွင် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုများ အားကောင်းနေသော်လည်း အိမ်ခြံမြေရောင်းအားမြင့်တက်မှုက ဆက်လက်အားနည်းလျက် ရှိသည်။

တရုတ်နိုင်ငံတစ်ဝန်း အိမ်ခြံမြေဖွံ့ဖြိုးတိုးတက်မှုများတွင် ရင်းနှီးမြှုပ်နှံမှုများသည် ယမန်နှစ် ပထမနှစ်လကထက် ယခု၂၀၁၈ ခုနှစ် ပထမနှစ်လတွင် ၉ ဒသမ ၉
ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး တရုတ်ယွမ် ၁ ဒသမ ၀၈ ထရီလျံ (အမေရိကန်ဒေါ်လာ ၁၇၀ ဒသမ ၇ ဘီလျံ) ရှိခဲ့ကြောင်း တရုတ်အမျိုးသားစာရင်းအင်းဗျူရိုက မတ် ၁၄ တွင် ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ
သိရသည်။

ရင်းနှီးမြှုပ်နှံမှုမြင့်တက်ခြင်းက နိုင်ငံတစ်ဝန်း အိမ်ခြံမြေရောင်းအားကို ထင်သလောက်မမြင့်တက်စေခဲ့ဘဲ ယေဘုယျအားဖြင့် ထိုင်းမှိုင်းစေခဲ့သည်။ ရောင်းအားသည် ၂၀၁၈ ပထမနှစ်လတွင် ၂၀၁၇ ပထမနှစ်လကထက် ၄ ဒသမ ၁ ရာခိုင်နှုန်းသာ မြင့်တက်ခဲ့သည်။ ယင်းမြင့်တက်နှုန်းသည် ၂၀၁၇ တွင် မြင့်တက်နှုန်း ၇ ဒသမ ၇ ရာခိုင်နှုန်းနှင့် ၂၀၁၆ တွင် မြင့်တက်နှုန်း ၂၂ ဒသမ ၅ ရာခိုင်နှုန်းတို့အောက် သိသိသာသာလျော့နည်းခဲ့သည်။

ထိုစဉ် ဆောက်လုပ်ရေးကဏ္ဌက ၎င်းဇန်န၀ါရီ-ဖေဖော်ဝါရီနှစ်လအတွင်း ဆောက်လုပ်မှုကြမ်းခင်းဧရိယာအားဖြင့် ယခင်နှစ်များ၏ယင်းနှစ်လများကအောက်
အနည်းဆုံးနှုန်းအဖြစ် ၂ ဒသမ ၉ ရာခိုင်နှုန်းသာ မြင့်တက်ခဲ့သည်။

အစိုးရမတည်သော တန်ဖိုးမျှတအိမ်ရာများမှအပ အိမ်ရာရောင်းအားသည် ယခုနှစ်ပထမနှစ်လအတွင်း ယမန်နှစ်ပထမနှစ်လကထက် ၁၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး တရုတ်ယွမ် ၁ ဒသမ ၀၆ ထရီလျံယွမ် (အမေရိကန်ဒေါ်လာ ၁၆၈ ဘီလျံ) ရှိခဲ့ကြောင်း၊ သို့သော်လည်း ဒီဇင်ဘာတွင် မြင့်တက်ခဲ့သည့်နှုန်း ၂၁ ရာခိုင်နှုန်းနှင့်နှိုင်းစာလျှင်မူ လျော့နည်းကျဆင်းခဲ့ကြောင်း သိရသည်။

အိမ်ခြံမြေကောလာဟလများ ဖိနှိပ်နှိမ်နင်းရန် တရားဝင်စီမံချက်များက တရုတ်နိုင်ငံတစ်ဝန်း ရောင်းအားမြင့်တက်မှုများကို ဆက်လက်ဖိနှိပ်ချိုးနှီမ်ထားသည်။ ယခုလအစောပိုင်းတွင် တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်၏ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက အစိုးရ၏ အိမ်ခြံမြေအခွန်ဥပဒေကြမ်းတစ်ရပ် ရေးဆွဲမည့် အစီအစဉ်များကို ချပြခဲ့သည်။

ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service