အမေရိကန်တွင် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ကျော်က ၈ လောင်းပြိုင်လူသတ်မှုကြီးဖြစ်ခဲ့ပြီး ယခုအခါ သရဲအလွန်ခြောက်သည့် နေအိမ်ကြီးသို့ တစ်ဦးလျှင် ၇၅ ဒေါ်လာဖြင့် ညအိပ်စုံစမ်းနိုင်ပြီ - Property News in Myanmar from iMyanmarHouse.com
5141 Views

အမေရိကန်တွင် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ကျော်က ၈ လောင်းပြိုင်လူသတ်မှုကြီးဖြစ်ခဲ့ပြီး ယခုအခါ သရဲအလွန်ခြောက်သည့် နေအိမ်ကြီးသို့ တစ်ဦးလျှင် ၇၅ ဒေါ်လာဖြင့် ညအိပ်စုံစမ်းနိုင်ပြီ

အိုင်အိုဝါပြည်နယ်ရှိ ဗီလစ္စကာမြို့ကလေးသည် လူဦးရေ ၁၂၅၂ ဦးသာရှိပြီး ကမ္ဘာလှည့်ခရီးသည်တို့ကို ဆွဲဆောင်နိုင်မည့်အရာလည်း များများစားစားမရှိချေ။

သို့ရာတွင် ယင်းမြို့ကလေးရှိ Villisca Axe House အမည်ရှိ စံအိမ်ကြီးမှာမူ ကမ္ဘာသို့ပင် နာမည်ကျော်လှသည်။

သစ်ဖြင့်ဆောက်လုပ်ထားသော အဖြူရောင်နေအိမ်ကြီးဖြစ်ပြီး ခြောက်ခြားဖွယ်လူသတ်မှုကြီးဖြစ်ပွားရာနေရာဖြစ်ခဲ့ကာ မိသားစုတစ်ခုလုံး အသတ်ခံခဲ့ရသည်။

ကလေး ၄ ဦးအပါအဝင် ကလေးများ၏သူငယ်ချင်း ၂ ဦးပါ အသတ်ခံခဲ့ရပြီး ပုဆိန်ဖြင့် ခုတ်သတ်ခံခဲ့ကြရခြင်း ဖြစ်သည်။ စုစုပေါင်း လူ ၈ ဦး အသတ်ခံခဲ့ရခြင်း ဖြစ်သည်။သံသယရှိသူ များစွာရှိခဲ့ရာ အိုင်အိုဝါပြည်နယ်မှ အထက်လွှတ်တော်အမတ်တစ်ဦးပင် ပါဝင်သည်။

သို့ရာတွင် အဆိုပါအမှုကြီးနှင့် ပတ်သက်ပြီး မည်သူမျှ ဖမ်းဆီးအရေးယူခံခဲ့ရခြင်း မရှိချေ။

နောင်နှစ်ပေါင်း ၁၀၀ ကျော် ယနေ့အချိန်ထိ အသတ်ခံခဲ့ရသူတို့၏ ဝိဥာဉ်များရှိနေဆဲဖြစ်ကာ ၎င်းတို့အတွက် တရားမျှတမှုကို စောင့်ဆိုင်းနေဟန် ရှိလေသည်။

အကယ်၍ သင့်အနေဖြင့် ပရလောကအတွေ့အကြုံများ ရရှိလိုသည်ဆိုပါက အဆိုပါနေအိမ်ကြီးသို့ ညအိပ်ညနေသွားရောက်လည်ပတ်နိုင်လေသည်။

အိုင်အိုဝါပြည်နယ်၊ ဗီလစ္စကာမြို့ကလေးရှိ အဆိုပါနေအိမ်တွင် မိသားစုလိုက် သတ်ဖြတ်မှုကြီးခံခဲ့ရသည်မှာ ၁၉၁၂ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့ ဖြစ်လေသည်။

မြို့ငယ်လေး၏ ဆိတ်ငြိမ်သော လူနေရပ်ကွက် လမ်းတစ်လမ်းအတွင်းရှိ ရှေးဟောင်းအဖြူရောင် အိမ်ကြီးတစ်လုံး နေဝင်ဖျိုးဖျ အလင်းပျောက်သောအချိန်များတွင် ယင်းနေအိမ်၌ လူသူကင်းမဲ့ဆိတ်ငြိမ်နေသည်မှာ ဝန်းကျင်နေအိမ်များနှင့် ခြားနားနေသည်ကို သတိပြုမိနိုင်လေသည်။

ပိုမိုနီးကပ်စွာလေ့လာကြည့်မည်ဆိုပါက တံခါးများနှင့် ပြတင်းများကို အသေပိတ်ထားသည်ကို တွေ့ရမည်ဖြစ်သည်။

ခြံဝန်းနောက်ရှိ နေအိမ်ကိုကြည့်မည်ဆိုပါကလည်း ယခုခြံဝန်းကြီးအတွင်း လူသူကင်းမဲ့လျက်ရှိနေသည်မှာ နှစ်ပရိစ္ဆေဒကြာမြင့်ခဲ့ပြီကို သိရှိနိုင်သည်။

ရာသီဥတုအလီလီ၏ အောက်တွင် ဟောင်းနွမ်းပျက်စီးနေပြီဖြစ်သော နေအိမ်ရှေ့ဆင်ဝင်မှာလည်း လာရောက်လည်ပတ်မည့်သူတို့အား တစုံတရာသတိပေးနေသကဲ့သို့ ရှိနေသည်။

ဤအိမ်ကြီးကား အိုင်အိုဝါပြည်နယ်တွင်သာမက အမေရိကန်တစ်နိုင်ငံလုံးတွင်ပါ "Murder House" ဟု နာမည်ကျော်သော နေအိမ်ကြီးဖြစ်၏။

အိမ်ရှင် ဂျိုဆီယာမိုးရ်၏ မိသားတစ်စုလုံးနှင့် ညအိပ်ဧည့်သည် ၂ ဦးကို သတ်ဖြတ်သွားသည့် လူသတ်တရားခံ (သို့မဟုတ်) တရားခံများကိုကား ယနေ့တိုင်မဖော်ထုတ်နိုင်သေးချေ။
နှစ်ပေါင်း ၁၀၆ နှစ်ရှိပြီဖြစ်သည့် ယနေ့တိုင် စံအိမ်ကြီး၏လျှို့ဝှက်ချက်များက လာရောက်လည်ပတ်မည့်သူများကို ဆွဲဆောင်ထားနိုင်ဆဲ ဖြစ်သည်။

ဤစံအိမ်ကြီးသို့ လာရောက်သုတေသနပြုခဲ့ကြသည့် ပရလောကသုတေသီတို့ထံတွင် ယင်းနေအိမ်၌ သရဲခြောက်ကြောင်း အထောက်အထားအသံဖိုင်၊ ဗွီဒီယိုဖိုင်ပေါင်းများစွာ ရှိနေသည်။

နေအိမ်သို့ လာရောက်လေ့လာခဲ့သူများသည် ကလေးသံများကြားရခြင်း၊ မီးလုံးများပြုတ်ကျသည်-လှေကားများရွေ့လျားနေသည်ကို တွေ့မြင်ခြင်း၊ အိမ်တွင်းရှိ ပစ္စည်းပစ္စယများ ပျံဝဲနေသည်ကို တွေ့မြင်ခြင်းများ ကြုံခဲ့ကြရသည်ဟု ဆိုသည်။

ယင်းနေအိမ်ကြီးသို့ လူ ၆ ဦးပါအဖွဲ့ ညအိပ်ညနေလည်ပတ်မည်ဆိုလျှင် ကန်ဒေါ်လာ ၄၂၈ ဖြင့် အလည်အပတ်သွားနိုင်မည်ဖြစ်ပြီး ထပ်တိုးတစ်ဦးလျှင် ၇၅ ဒေါ်လာ ကျသင့်မည်ဟု ဆိုသည်။

ယခု ၂၀၁၈ မတ်လ အတွင်း ညအိပ်လေ့လာသူ ၉ ဦးရှိခဲ့ပြီး ယနေ့ မတ်လ ၂၁ ရက်ညတွင်လည်း ညအိပ်နေထိုင်စုံစမ်းရန် စာရင်းပေးထားသူရှိနေသည်။

သင့်အနေဖြင့် သရဲခြောက်သော ဗီလစ္စကာနေအိမ်ကြီးသို့ ညအိပ်စုံစမ်းလိုပါက ဖုန်းနံပါတ် 712.621.1530 (မစ္စတာ မာတင်လင်း) ထံသို့ ဆက်သွယ်ကာ အသေးစိတ်အချက်အလက်များ မေးမြန်းနိုင်ပါသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
အမေရိကန်တွင် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ကျော်က ၈ လောင်းပြိုင်လူသတ်မှုကြီးဖြစ်ခဲ့ပြီး ယခုအခါ သရဲအလွန်ခြောက်သည့် နေအိမ်ကြီးသို့ တစ်ဦးလျှင် ၇၅ ဒေါ်လာဖြင့် ညအိပ်စုံစမ်းနိုင်ပြီ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service