တရုတ်ပြည်မကြီး developer ဖြစ်သော Fullsun International က ဟောင်ကောင်ရှိ လူနေအိမ်ရာစီမံကိန်းတစ်ခုကို ဟောင်ကောင်ဒေါ်လာ ၁ ဘီလီယံနီးပါးဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
4406 Views

တရုတ်ပြည်မကြီး developer ဖြစ်သော Fullsun International က ဟောင်ကောင်ရှိ လူနေအိမ်ရာစီမံကိန်းတစ်ခုကို ဟောင်ကောင်ဒေါ်လာ ၁ ဘီလီယံနီးပါးဖြင့် ဝယ်ယူ

ဟောင်ကောင်စတော့အိတ်ချိန်းစာရင်းဝင် ပြည်မကြီး developer ဖြစ်သည့် Fullsun International သည် ဟောင်ကောင်မြို့လယ် ကောင်းလုံအရပ်ရှိ လူနေအိမ်ရာစီမံကိန်းတစ်ခုကို ဟောင်ကောင်ဒေါ်လာ ၁ ဘီလီယံနီးပါးဖြင့် ဝယ်ယူရန် သဘောတူညီချက် ရရှိခဲ့ကြကြောင်း ဟောင်ကောင်စတော့အိတ်ချိန်းသို့ ပေးပို့သည့်အကြောင်းကြားစာတွင် ဖော်ပြသည်ဟု ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

Fullsun International သည် တရုတ်ပြည်မကြီး ဖူကျောက်အခြေစိုက်ကုမ္ပဏီဖြစ်ပြီး ကောင်းလုံဒေသ၊ ဟိုမန်တင်အရပ်ရှိ ကွန်ဒိုမီနီယံစီမံကိန်းကို ဟောင်ကောင်ဒေါ်လာ သန်း ၉၂၀ ( ကန်ဒေါ်လာ ၁၁၇ သန်း) ဖြင့် ဝယ်ယူရန် သဘောတူလိုက်ခြင်း ဖြစ်သည်။

အခန်းပေါင်း ၇၈ ခန်းပါ ကွန်ဒိုစီမံကိန်းကို ဟောင်ကောင်အခြေစိုက် developer ဖြစ်သော Easyknit Group က ၂၀၁၄ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။

မြေနေရာအကျယ်အဝန်းမှာ စတုရန်းပေ ၈၀၆၀ ( ၇၄၉ စတုရန်းမီတာ) ဖြစ်သည်။

Fullsun International ၏ မိခင်ကုမ္ပဏီမှာ Fusheng Group ဖြစ်ပြီး ရှန်ကျန်း၊ ကျန်းကျိုးနှင့် ထျန်ကျင်းတို့ အပါအဝင် တရုတ်ပြည်တစ်လွှားရှိ မြို့ကြီးပေါင်း ၁၀ ခုတွင် အိမ်ခြံမြေစီမံကိန်းများ အကောင်အထည်ဖော်လျက်ရှိသည့် ကုမ္ပဏီ ဖြစ်သည်။

Fusheng Group သည် ၂၀၁၅ ခုနှစ်မှ စတင်ကာ ရှန်ကျန်း၊ ကွမ်ကျိုးနှင့် ဝူဟန်ကဲ့သို့ မြို့ကြီးများတွင် စုစုပေါင်း စတုရန်းမီတာ ၁၆ ဒသမ ၈ သန်း ကျယ်ဝန်းသည့် မြေနေရာတွင် ဆောက်လုပ်ရေးစီမံကိန်းပေါင်း ၇၀ ကျော် အကောင်အထည်ဖော်လုပ်ကိုင်ခဲ့ပြီးလည်း ဖြစ်သည်။

လွန်ခဲ့သော ၁၂ လတာကာလအတွင်း ပြည်မကြီး developer များသည် ဟောင်ကောင်အိမ်ခြံမြေများ ဝယ်ယူမှု လျှော့ချလာလျက်ရှိချိန်တွင် Fullsun ၏ ဝယ်ယူမှု ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။

ယခင် ၂၀၁၇ ခုနှစ် ဧပြီလမှ ၂၀၁၈ ခုနှစ် ဇန်နဝါရီလအကြား ပြည်မကြီး developer တို့သည် အစိုးရတင်ဒါခေါ်ရောင်းချခဲ့သည့် မြေများမှ ၁၁ ရာခိုင်နှုန်းကိုသာ ဝယ်ယူခဲ့ရာ ပြီးခဲ့သည့် ဘဏ္ဍာနှစ် ဝယ်ယူမှုဖြစ်သော ၅၃ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်လျှင် များစွာကျဆင်းသွားကြောင်း S&P Global Ratings Report တွင် ဖော်ပြသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
တရုတ်ပြည်မကြီး developer ဖြစ်သော Fullsun International က ဟောင်ကောင်ရှိ လူနေအိမ်ရာစီမံကိန်းတစ်ခုကို ဟောင်ကောင်ဒေါ်လာ ၁ ဘီလီယံနီးပါးဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service