ရှယ်ယာအရောင်းအဝယ်ကို တစ်နေ့လေးကြိမ် တိုးမြှင့်ရောင်းချပေးမည် - Property News in Myanmar from iMyanmarHouse.com
4465 Views

ရှယ်ယာအရောင်းအဝယ်ကို တစ်နေ့လေးကြိမ် တိုးမြှင့်ရောင်းချပေးမည်

ရန်ကုန်စတော့ အိတ်ချိန်းက လက်ရှိရှယ်ယာအရောင်းအဝယ်ပြုလုပ်နေသည့် ကြိမ် ရေနှစ်ကြိမ်မှ လေးကြိမ်အဖြစ် မတ်လကုန်ပိုင်းမှ စတင်တိုးမြှင့်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်စတော့အိတ်ချိန်းက လက်ရှိတွင် နံနက်၁၁နာရီနှင့် မွန်း လွဲ ၁ နာရီတို့၌ ရှယ်ယာဈေးကွက် အရောင်းအဝယ်ပြုလုပ်နေပြီး မတ် လကုန်ပိုင်းမှစတင်၍ နံနက် ၁၀ နာရီနှင့်မွန်းတည့် ၁၂ နာရီတို့တွင်ပါ အရောင်းအဝယ်ပြုလုပ်သွားမည် ဖြစ်သဖြင့် နေ့စဉ်ရှယ်ယာအရောင်း အဝယ်ဈေးနှုန်းမှာ နံနက် ၁၀ နာရီ တွင် တစ်ကြိမ်၊ ၁၁ နာရီတွင် တစ် ကြိမ်၊ မွန်းတည့်၁၂ နာရီတွင် တစ် ကြိမ်နှင့် မွန်းလွဲ၁ နာရီတွင် တစ် ကြိမ် စုစုပေါင်းလေးကြိမ်ဖြင့် ဈေး ကွက်အရောင်းအဝယ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရန်ကုန်စတော့ အိတ်ချိန်း၊ Administration Department rS Executive Senior Manager ဦးသက်ထွန်းဦးက ပြော သည်။

ယင်းနှင့်ပတ်သက်ပြီး မတ်လ ၂၀ ရက်က ရန်ကုန်စတော့အိတ် ချိန်းတွင် ပြုလုပ်သည့် ရန်ကုန်စတော့ အိတ်ချိန်း၏အရောင်းအဝယ်ပြုလုပ် သည့်ကြိမ်ရေ (Matching Time)တိုး မြှင့်ခြင်းနှင့် ပတ်သက်သည့် သတင်း စာရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်စတော့အိတ်ချိန်းစ တော့ရှယ်ယာဈေးကွက်အတွင်း ရင်း နှီးမြှုပ်နှံသူအရေအတွက် ပိုမိုတိုး တက်များပြားလာစေရန်နှင့် ဈေး ကွက်ပိုမိုသွက်လက်လာစေရန် ရည် ရွယ်ကာ ယခုကဲ့သို့အရောင်း
အဝယ် ပြုလုပ်သည့် အကြိမ်အရေအတွက် တိုးရခြင်းဖြစ်ကြောင်း Adminis- tration Department မှ Executive Senior Manager ဦးသက် ထွန်းဦးက ပြောသည်။

""လက်ရှိမှာတစ်နေ့ကို အ ရောင်းအဝယ်ပြုလုပ်တဲ့ ကြိမ်ရေနှစ် ကြိမ်ကနေ လေးကြိမ်ထိတိုးလိုက် တာနဲ့ တစ်ပြိုင်နက်ဈေးနှုန်းကလည်း တစ်နေ့တည်းမှာ လေးမျိုးဖြစ်သွား မယ်။

Customer တွေအနေနဲ့ ဈေး ကွက်ထဲမှာတစ်ရက်တည်းကို ပါဝင် ပတ်သက်မှုပိုများလာမှာပေါ့။ ဈေး ကွက်မှာအရောင်းအဝယ်ပိုသွက် လာမယ်လို့ သုံးသပ်ထားပါတယ်""ဟု ၄င်းကပြောသည်။

ရန်ကုန်စတော့အိတ်ချိန်းအနေ ဖြင့် အရောင်းအဝယ်ကြိမ်ရေကို နှစ် ကြိမ်မှလေးကြိမ်သို့ ပြောင်းလဲတိုး မြှင့်ရန် မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် Japan Exchange Gro- up(JPX)? Daiwa Institute of Rese- arch (DIR) တို့နှင့် စမ်းသပ်မှုများ ဆောင်ရွက်ခဲ့ရာ ရှယ်ယာအရောင်း အဝယ်မှာ ၃၀ ရာခိုင်နှုန်းခန့်တက် လာခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ အကြိမ်ရေတိုးမြှင့် နိုင်ရန် မတ်လ၁၂ရက်က ပြုလုပ် သည့် ရန်ကုန်စတော့အိတ်ချိန်း၏ ဒါရိုက်တာအဖွဲ့အစည်းအဝေးမှ အတည်ပြု ဆုံးဖြတ်ခဲ့ကြပြီး မြန်မာ နိုင်ငံငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်မှ အတည်ပြုချက် တောင်းထားပြီဖြစ်ကြောင်း သိရသည်။

ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင် ကုမ္ပဏီအဖြစ် FMI၊ မြန်မာသီလဝါ (MTSH)၊ မြန်မာ နိုင်ငံသားများဘဏ် (MCB)၊ ပထမ ပုဂ္ဂလိကဘဏ် (FPB)နှင့်TMH Telecom Public ကုမ္ပဏီက ဝင် ရောက်လုပ်ကိုင်နေခြင်းဖြစ်သည်။


Credit: Democracytoday

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service