သြစတြေးလျက အရှေ့တောင်အာရှတွင် စမတ်စီးတီးများ တည်ဆောက်ပေးမည် - Property News in Myanmar from iMyanmarHouse.com
4295 Views

သြစတြေးလျက အရှေ့တောင်အာရှတွင် စမတ်စီးတီးများ တည်ဆောက်ပေးမည်

သြစတြေးလျက အရှေ့တောင်အာရှဒေသတစ်ခွင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်နှင့် အာဆီယံနိုင်ငံများ၏ စမတ်စီးတီးခေါ် စမတ်မြို့ပြရည်မှန်း
ချက်များ ပြည့်မြောက်စေရန် အာဆီယံနိုင်ငံများနှင့် အနီးကပ်လက်
တွဲဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

လာမည့်ငါးနှစ်အတွင်း သြစတြေးလျအစိုးရက အာဆီယံ-သြစတြေးလျစမတ်စီးတီးအစီအစဉ်သို့ သြစတြေးလျဒေါ်လာ သန်း ၃၀ (အမေရိကန်ဒေါ်လာ ၂၃ သန်း) ရင်းနှီးမည်ဖြစ်ကြောင်း သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ဂျူလီဘိရှော့ပ်က ဆစ်ဒနီ၌ မတ် ၁၈ တွင် ကျင်းပပြုလုပ်ခဲ့သော အာဆီယံ-သြစတြေးလျ
အထူးထိပ်သီးအစည်းအဝေးတွင် ပြောကြားခဲ့သည်။

အထက်ဖော်ပြပါအစီအစဉ်သည် အာဆီယံစမတ်စီးတီးကွန်ရက်ဖွံ့ဖြိုးရေးအပါအ၀င် အရှေ့တောင်အာရှဒေသအတွင်း ဒူပေနာပေခံ၍ အများနှင့်ယဉ်ပြိုင်ရသော လူ့အသိုက်အမြုံများ တည်ဆောက်ရန် နည်းပညာအထောက်အကူနှင့် သင်တန်းများ ပံ့ပိုးပေးမည်ဖြစ်သည်။

"၂၀၃၀ ပြည့်နှစ်မကုန်မီ အရှေ့တောင်အာရှတစ်ခွင် မြို့ပြဒေသတွေကို လူ သန်း ၉၀ ကျော် ရွှေ့ပြောင်းမယ်လို့လည်း ခန့်မှန်းရပါတယ်။အာဆီယံမြို့ပြတွေဟာ အံ့မခန်းတဲ့နှုန်းတစ်ခုနဲ့ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်။ မြို့ပြတွေ ဖွံ့ဖြိုးလာတဲ့အခါ ပေါကြွယ်ဝမှုတွေ၊ ကုန်သွယ်ရေးနဲ့ စီးပွားရေးကလည်း ဖွံ့ဖြိုးလာပါမယ်။ ဒီအခွင့်အလမ်းတွေကို ထိန်းချုပ်အသုံးချဖို့အတွက် မြို့ပြတွေဟာ ဆန်းသစ်တဲ့နည်းပညာတွေ၊ စမတ်စီမံကိန်းတွေနဲ့ အုပ်ချုပ်မှုကောင်းတွေ လိုအပ်ပါတယ်" ဟုလည်း ဘိရှော့ပ်က ပြောကြားခဲ့သည်။

စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းက ယင်းအစီအစဉ်ကို ချီးကျူးခဲ့ပြီး "သြစတြေးလျနဲ့ ၎င်းရဲ့ လုပ်ငန်းတွေနဲ့ ပူးပေါင်းပြီး အရှေ့တောင်အာရှဒေသတွင်း မြို့ပြဖွံ့ဖြိုးမှုနဲ့ ဆန်းသစ်တီထွင်မှုတိုးမြှင့်ရေး ဆောင်ရွက်သွားဖို့ မျှော်လင့်ပါတယ်။" ဟုလည်း ပြောကြားခဲ့သည်။

"လွန်ခဲ့တဲ့ နှစ် ၅၀ အတွင်း အာဆီယံဟာ တင်းမာမှုတွေကို ဖြိုခွဲရေး၊ငြိမ်းချမ်းရေးတည်ဆောက်ရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ ဥပဒေစိုးမိုးရေးတို့အတွက် ကြိုးပမ်းခဲ့ရပါတယ်။ အာဆီယီကို ကျွန်ုပ်တို့ဒေသရဲ့ မဟာဗျူဟာမြောက်မိတ်ဖက်အဖြစ် ပံ့ပိုးသွားဖို့ ကတိက၀တ်ပြုပါတယ်" ဟု
သြစတြေးလျဝန်ကြီးချုပ် မာလ်ကွန်တန်ဘူးလ်ကလည်း ပြောကြားခဲ့ကြောင်း သိရသည်။

ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service