တပ်စ်ကန် ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသောယာတောအိမ်ကြီး - Property News in Myanmar from iMyanmarHouse.com
4432 Views

တပ်စ်ကန် ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသောယာတောအိမ်ကြီး

ရီနေးဆန်းခေတ်၏ ခေါင်းဆောင်တစ်ဦးဟု ဆိုအပ် သော မိုက်ကယ်အိန်ဂျလိုသည် Sistine Chapel အဆောက်အအုံကြီး၏ နံရံဆေးရေးပန်းချီများကို အပြီးသတ် ရေးဆွဲပေးခဲ့ပြီး နောက်ပိုင်း ၃ နှစ်အကြာတွင် အနုပညာလောက မှ အနားယူလိုက်ကာ ၁၁ ရာစုခေတ် တပ်စ်ကန်ဗိသုကာဟန် ဖြင့် ဆောက်လုပ်ထားသော နေအိမ်ကြီးတွင် ဘ၀နေ၀င်ချိန်များ ကို ဖြတ်သန်းခဲ့လေသည်။

ယခုအခါ အဆိုပါနေအိမ်ကို အရောင်းဈေးကွက်တင် လာရာ သင့်အနေဖြင့် မိုက်ကယ်အိန်ဂျလို၏ နေအိမ်တွင် နေထိုင် နိုင်မည့် အခွင့်ထူးကြီး ပေါ်ပေါက်လာပြီဖြစ်လေသည်။

ကမ္ဘာတစ်လွှားရှိ နေအိမ်အားလုံးအနက် စိတ်ကူးယဉ် အဆန်ဆုံးနေအိမ်ကြီးအဖြစ် သတ်မှတ်ခြင်းခံထားရပြီး သမိုင်း အမွေအနှစ်တစ်ခုကို ပိုင်ဆိုင်နိုင်မည့် အခွင့်အရေးလည်း ဖြစ် သည်။

ဝိုင်နီနှင့် ၀ိုင်ဖြူချက် စပျစ်ခင်းများ၊ အလယ်ခေတ် အဆောက်အအုံကြီးများ များပြားသည့် တောင်ပေါ်မြို့များ၊ ဆိုက်ပရပ်ပင်များနှင့် နေကြာများ အပြိုင်းအရိုင်းရှိရာ တောင် ကုန်းများပေါများသည့်ဒေသတွင် တည်ရှိသည်။

မိုက်ကယ်အိန်ဂျလို၏ နေအိမ်ကို Handsome Properties International အိမ်ခြံမြေကုမ္ပဏီမှတစ်ဆင့် ဈေးကွက်တင်သွင်း လာခြင်းဖြစ်ပြီး ကန်ဒေါ်လာ ၇ ဒသမ ၅ သန်းဈေးခေါ်ထား သည်။ မိုက်ကယ်အိန်ဂျလိုသည် အသက် ၇၂ နှစ်အရွယ်၊ ၁၅၄၉ ခုနှစ်တွင် ၀ယ်ယူခဲ့ခြင်းဖြစ်သည်။

နေအိမ်အကျယ်အ၀န်းမှာ စတုရန်းပေ ခြံအကျယ် အ၀န်းမှာ ၂ ဒသမ ၄ ဟက်တာ (၅ ဒသမ ၉ ဧက) ရှိပြီး နေအိမ်မှာ ၉၀၀ စတုရန်းမီတာ ( ၉၆၈၇ ဒသမ ၅ စတုရန်းပေ) အကျယ်အ၀န်းရှိသည်။ ယင်းခြံဝန်းကို ဘိုနာရိုတီမိသားစုက နှစ်ပေါင်း ၃၀၀ ကျော် ပိုင်ဆိုင်ခဲ့၏။

နံရံများမှာ မူရင်းအုတ်နံရံများဖြစ်ပြီး ကြီးမားသည့် ကျောက်တုံးမီးလင်းဖိုများ၊ သစ်ထုတ်တန်းများ တွေ့ရမည် ဖြစ်သည်။

မိုက်ကယ်အိန်ဂျလို၏ နေအိမ်အတွင်း အိပ်ခန်း ၈ ခန်း၊ ရေချိုးခန်း ၇ ခန်းနှင့် မီးလင်းဖိုများ ပါဝင်ပြီး မီးဖိုဆောင်မှာ မူ ယနေ့ခေတ်အမြင်ဖြင့် ကြည့်လျှင် အတန်ငယ် ရှေးဆန်နေသည် ကို တွေ့ရသည်။

ခြံဝန်းအတွင်းရှိ ပန်းခြံအတွင်းတွင်မူ သံပုရာရနံ့၊ သံလွင်ရနံ့များ သင်းထုံနေသည်။ နေအိမ်တည်နေရာမှာ သြစတေးလျနိုင်ငံ၊ ဘရစ်္စဘိန်းမြို့တွင်ဖြစ်ပြီး မြို့လယ်မှာ အတန် ငယ်ဝေးကွာသည်။
ခြံဝန်းအတွင်း သံလွင်ဆီထုတ်သည့် ဆီစက်တစ်လုံး ရှိပြီး နောက်ပိုင်းပိုင်ရှင်များက ဧည့်ဂေဟာအဖြစ် ပြောင်းလဲမွမ်းမံ ခဲ့သည်။

ဘရစ္စဘိန်းသည် သြစတေးလျနိုင်ငံ၊ ကွင်းစလန်ပြည် နယ်၏ မြို့တော်ဖြစ်ပြီး သြစတေးလျတွင် တတိယမြောက် လူဦး ရေအထူထပ်ဆုံးမြို့ကြီးလည်းဖြစ်သည်။

ရှေရီ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
တပ်စ်ကန် ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသောယာတောအိမ်ကြီး - Property News in Myanmar from iMyanmarHouse.com
တပ်စ်ကန် ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသောယာတောအိမ်ကြီး - Property News in Myanmar from iMyanmarHouse.com
တပ်စ်ကန် ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသောယာတောအိမ်ကြီး - Property News in Myanmar from iMyanmarHouse.com
တပ်စ်ကန် ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသောယာတောအိမ်ကြီး - Property News in Myanmar from iMyanmarHouse.com
တပ်စ်ကန် ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသောယာတောအိမ်ကြီး - Property News in Myanmar from iMyanmarHouse.com
တပ်စ်ကန် ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသောယာတောအိမ်ကြီး - Property News in Myanmar from iMyanmarHouse.com
တပ်စ်ကန် ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသောယာတောအိမ်ကြီး - Property News in Myanmar from iMyanmarHouse.com
တပ်စ်ကန် ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသောယာတောအိမ်ကြီး - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service