ဆောက်လုပ်မှု ခေတ္တရပ်ဆိုင်းထားသည့် မြရိပ်ညို ဟိုတယ်ဝင်းအတွင်း ရှိ အထပ်မြင့် စီမံကိန်း - Property News in Myanmar from iMyanmarHouse.com
4711 Views
ဆောက်လုပ်မှု ခေတ္တရပ်ဆိုင်းထားသည့် မြရိပ်ညို ဟိုတယ်ဝင်းအတွင်း ရှိ အထပ်မြင့် စီမံကိန်း
မြရိပ်ညိုဟိုတယ်ဝင်းအတွင်း တည်ဆောက်မည့် အထပ်မြင့်စီမံကိန်းသည် မြို့နယ်ရှစ်မြို့နယ်ကို ရေပေးဝေနေသည့် ရေလှောင်ကန်နှင့်မလွတ်ကင်းသဖြင့် ဆောက်လုပ်မှု ခေတ္တရပ်ဆိုင်းထားကြောင်း ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် မှ ပြောကြားကြောင်း သိရသည်။
ထို နေရာတွင် ရေလှောင်ကန်ကြီးရှိသည်။ ထိုရေကန်အား အရင်လုပ်ရမည်။အဲဒါကို မလုပ်သေး သရွေ့ ရပ်ထားရမည်။အဲဒီကိစ္စနဲ့ ပတ်သက်ပြီး စည်ပင်ကိုပြောတော့ စည်ပင်ကလူကြီးတွေလာကြည့်ပြီး ဒါကို စိတ်ချရအောင်လုပ်ပြီးမှပဲ ကျန်တာတွေပေးမည်ဆိုပြီး မတ် ၁၄ ရက်က စပြီးရပ်လိုက်သည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
ယင်းစီမံကိန်းနှင့်ပတ်သက်ပြီး ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီမှ အင်ဂျင်နီယာဌာန၊ လွှတ်တော် ကိုယ်စားလှယ်တို့မှ ယခုလအတွင်း စစ်ဆေးမှုများ ပြုလုပ်ခဲခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဗဟန်းမြို့နယ်အတွင်းရှိ ရေလှောင်ကန်သည် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဗဟန်းမြို့နယ် ၊ စမ်းချောင်းမြို့နယ်၊ ကမာရွတ်မြို့နယ်၊ လမ်းမတော် မြို့နယ်၊လသာမြို့နယ်၊ ကျောက်တံတားမြို့နယ်၊ ပန်းဘဲတန်ြး မို့နယ် အစရှိသည့် မြို့နယ် များကို ရေဖြန့်ဝေပေးနေကြောင်း သိရသည် ။
ဒါကို လုံခြုံစိတ်ချရပြီဆိုမှ သူ့ရဲ့ ဆောက်ခွင့်ကိုပေးနိုင်မယ်။ မြေတူးတာလည်း အရင်က တစ်ပတ်တစ်ခါပဲပေးတာ ဖြစ်သည်ဟုသိရသည်။
ဗဟန်းမြို့နယ်၊ ပုလဲလမ်း၊ ကမ္ဘောဇလမ်း၊ ကုက္ကိုင်းလမ်း၊ ဘဏ်ရိပ်သာလမ်းတို့ နှင့် ထိစပ်လျက်ရှိသည့် တပ်မတော်ပိုင် မြရိပ် ညိုဟိုတယ်ဝင်းအတွင်း မြရိပ်ညိုစီမံကိန်း Mix – used အထပ်မြင့် အဆောက်အအုံများဆောက်လုပ်ခွင့်ပြုရန် Zaykabar Co.Ltd မှ လျှောက်ထားခြင်းနှင့် ပတ်သက်ပြီး အဆိုပြု တည်နေရာသည် ရွှေတိဂုံစေတီတော် ကန့်သတ် ဧရိယာ၏ ပြင်ပတည်ရှိရာ သာမန်အားဖြင့် ပင်လယ်ရေမျက်နှာပြင်အထက်အမြင့် ၄၁၇ ပေအထိ ဆောင်ရွက်နိုင်သော ဧရိယာဖြစ်ပြီး လျာထား Zoning Plan အရ FAR – ၁ ဒသမ ၅ ၊ ၊BCR – ဝ ဒသမ ၅၊ Low Density Residential Area အဖြစ် လျာထားရန်နေရာများဖြစ်ကြောင်း သိရသည်။
သို့သော်လည်း တင်ပြပုံစံအရ Overall FAR - ၅ ဒသမ ၃၇၊ BCR – ဝ ဒသမ ၃၇၊ အဆောက်အဦးအမြင့် များသည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ၃၈၂ ပေ၊ ၃၉၇ ပေ၊ ၃၅၃ ပေ၊ ၄၁၀ ပေ၊ ၄၁၂ ပေတို့ဖြင့်အထပ်မြင့်အဆောက်အအုံ ၁၂ လုံးနှင့်သုံးထပ် အဆောက်အအုံသုံးလုံးတို့ ဆောက်လုပ်ခွင့် လျှေက်ထားခဲ့ကြောင်း၊ အဆိုပါ တင်ပြမှုနှင့်ပတ်သက်ပြီး ၂၀၁၇ ဇွန် ၈ ရက်တွင် ပြုလုပ်သည့်ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၂၁/ ၂၀၁၇) ဆုံးဖြတ်ချက် အပိုဒ် ၁ဝ၄ အရ ကန့်ကွက်ရန် မရှိကြောင်း တည်ဆောက်မည့်အချိန်ကာလTime Line ၊ Time Schedule တို့နှင့်အတူ ပြန်လည်တင်ပြရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဇွန် ၁၂ ရက် ရက်စွဲဖြင့် အကြောင်းပြန်ထားသည့် စီမံကိန်းတစ်ခုဖြစ်ကြောင်းသိရသည်။
Credit :Daily Eleven
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
Upcoming Property Events
From 14 Jun To 15 Jun
Magical World Apartment
From 14 Jun To 15 Jun
Mingalar Market
From 02 Jun To 30 Jun
42 Mini Condo
From 02 Jun To 30 Jun
Central Shophouse
From 09 Jun To 09 Jul
The Vista Luxury Residence
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service