တည်ဆောက်ရေးကာလထက်ကျော်သည့် လုပ်ငန်းများကို ဝင်ရောက်စစ်ဆေးမည် - Property News in Myanmar from iMyanmarHouse.com
4313 Views

တည်ဆောက်ရေးကာလထက်ကျော်သည့် လုပ်ငန်းများကို ဝင်ရောက်စစ်ဆေးမည်

တည်ဆောက်ရေးကာလထက် ကျော်လွန်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) က ဒုတိယအကြိမ် ဝင်ရောက်စစ်ဆေးမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများသည် လုပ်ငန်းလိုအပ်ချက်အရ တည်ဆောက်ရေးကာလ တစ်နှစ်နှင့်အထက် ခွင့်ပြုပေးလျက်ရှိပြီး အချို့သောလုပ်ငန်းများမှာ မြေယာအခက်အခဲ၊ ရေအခက်အခဲနှင့် ရာသီဥတုဆိုးရွားမှုများကြောင့် တည်ဆောက်ရေး ကာလထက်ကျော်လွန်ကာ လုပ်ငန်းမစတင်နိုင်သည့် စီးပွားရေးလုပ်ငန်းများရှိကြောင်း ယင်းဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ပြောကြားသည်။

“ အမှန်တကယ်တော့ သူတို့တွေ ဘာအခက်အခဲရှိလဲဆိုတာ ခေါ်မေးတာ။ ဥပမာ မြေယာလိုအခက်အခဲရှိရင် MIC အနေနဲ့ လုပ်ပေးနိုင်တာကိုကူညီပြီး လုပ်ငန်းမြန်ဆန်စေရေးကို လုပ်ပေးတယ်။ တကယ်လို့ အခက်အခဲမရှိဘဲနဲ့ တကယ်မလုပ်တဲ့ သူတွေကိုတော့ လုပ်ထုံးလုပ်နည်းနဲ့ အရေးယူမှာပါ ”ဟု ၎င်းက ရှင်းပြပြောဆိုသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေဖြင့် ယခုဘဏ္ဍာနှစ်အတွင်း တည်ဆောက်ရေးကာလ ကျော်လွန်သည့် ကုမ္ပဏီ ၁၁ ခုကို ဝင်ရောက်စစ်ဆေးခဲ့ပြီး ယင်းကုမ္ပဏီများ၏ အခက်အခဲကို ကူညီပေးခဲ့ကြောင်း၊ အဆိုပါအခက်အခဲဖြစ်သည့် စီးပွားရေးလုပ်ငန်းများမှာ စက်မှုလုပ်ငန်း၊ အိမ်၊ ခြံ၊ မြေလုပ်ငန်း ၊ ဆောက်လုပ်ရေးနှင့် အခြားသောကဏ္ဍများလည်း ပါဝင်ကြောင်း ယင်းကော်မရှင်ထံမှ သိရသည်။

ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းများအနေနှင့် စတင်ဝင်ရောက်သည့်ချိန်မှစ၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ လုပ်ငန်းအခြေအနေများကို သုံးလတစ်ကြိမ် အစီရင်ခံစာ တင်ရလေ့ရှိကာ တည်ဆောက်ရေးကြန့်ကြာသည့် လုပ်ငန်းများကို စစ်ဆေးလျက်ရှိကြောင်း MIC ထံမှ သိရသည်။

Credit: The Voice

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service