ငပလီကမ်းခြေရှိဟိုတယ်အချို့ ၀န်ကြီးဌာနလိုင်စင်မရှိဘဲ ဖွင့်လှစ်နေဟုဆို - Property News in Myanmar from iMyanmarHouse.com
5006 Views

ငပလီကမ်းခြေရှိဟိုတယ်အချို့ ၀န်ကြီးဌာနလိုင်စင်မရှိဘဲ ဖွင့်လှစ်နေဟုဆို

ငပလီကမ်းခြေဒေသ တွင် ဖွင့်လှစ်ထားသည့် The Lodge Blue Ocean ဟိုတယ်၊ BT Bay Hotelဟိုတယ်နှင့် Pris- tine Mermaid Resort တို့ကို လုပ်ငန်းလိုင်စင်ချထားပေးခြင်း မရှိကြောင်း ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာန ညွှန်ကြားရေး မှူး ဦးဝင်းမျိုးညွှန့်က ပြောသည်။

ဟိုတယ်နှင့် ခရီးသွားလာ ရေးဝန်ကြီးဌာနထံမှ ဟိုတယ်နှင့် တည်းခိုရိပ်သာလိုင်စင် ရယူထား ခြင်းမရှိသည့် ဟိုတယ်များသည် ဥပဒေအရနိုင်ငံခြားသားတည်းခို မှု လက်ခံခွင့်မရှိကြောင်း ၎င်းက ပြောသည်။

‘‘The Lodge Blue Ocean ဟိုတယ်ကတော့ ကျွန်တော်တို့ ဆီမှာ လိုင်စင်လျှောက်ထားဆဲပဲ။ လိုအပ်တဲ့အချက်အလက်လေး တွေရှိလို့ ပြန်တောင်းထားတယ်။ ကျန်တဲ့နှစ်ခုကတော့ ကျွန်တော် တို့ မှတ်တမ်းထဲမှာမရှိပါဘူး’’ ဟု ဦးဝင်းမျိုးညွှန့်ကပြောသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် စည်ပင်သာယာမှ လိုင်စင်ရယူ၍ ဖွင့်လှစ်ထားသည့် တည်းခိုခန်း အများအပြားရှိပြီး အဆိုပါတည်းခိုခန်း များအနေဖြင့် နိုင်ငံခြားသား တည်းခိုမှုကို လက်ခံလိုပါက သက်ဆိုင်ရာဝန်ကြီးဌာန၌ ဟိုတယ်နှင့် တည်းခိုရိပ်သာ လိုင်စင် ထပ်မံရယူရမည်ဖြစ်သည်။

ဟိုတယ်နှင့် ခရီးသွားလာ ရေးဝန်ကြီးဌာနတွင် လိုင်စင်ရယူ ထားခြင်းမရှိဘဲ ဖွင့်လှစ်ထား သည့်အဆိုပါ ဟိုတယ်သုံးခုသို့ ဆက်သွယ်ရာ နိုင်ငံခြားသား ခရီးသည်တည်းခိုမှုကို လက်ခံ သည်ဟု ပြန်လည်ဖြေကြားသော်လည်း လိုင်စင်ရယူခြင်းနှင့်ပတ် သက်၍ ဖြေကြားခြင်းမရှိဘဲ ပြန်လည်ဆက်သွယ်မည်ဟု သာပြော ဆိုခဲ့သည်။

The Lodge Blue Ocean ဟိုတယ်၊ BT Bay Hotel ဟိုတယ် နှင့် Pristine Mermaid Resort သုံးခုစလုံးသည် သံတွဲခရိုင်စည် ပင်သာယာတွင် အဆောက်အအုံ ဆောက်လုပ်ခွင့်ရရှိထားကြောင်း မြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းက ပြောသည်။

‘‘BT Bay ကအရင်တည်းခိုခန်းလိုင်စင်ရှိပြီးသားဟာကို ပြန်ဝယ်လိုက်တာ။ သူကရှိနေတာ ကြာပြီ။ အခုမှ ဟိုတယ်အနေနဲ့ အဆင့်မြှင့်ပြီး လိုင်စင်လျှောက် တာပေါ့။ Pristine Mermaid Resort က တော့လပိုင်းပဲရှိသေး တယ်။ စည်ပင်ကတော့ အဆောက်အအုံဆောက်လုပ်ခွင့်နဲ့ တည်းခိုခန်းလိုင်စင်ပဲ သက်ဆိုင် တယ်။ ဟိုတယ်လိုင်စင်ကတော့ ဟိုတယ်ခရီးနဲ့ပဲ သက်ဆိုင်ပါ တယ်’’ဟု ၎င်းကပြောသည်။

ဟိုတယ်သုံးခုအနက် BT Bay Hotel ဟိုတယ်သည် Bawga Theiddhi ဟိုတယ်အုပ် စုပိုင်ဖြစ်ပြီး ပုဂံနှင့် ကျိုက်ထီးရိုး ၌ ဟိုတယ်များဖွင့်ထားသည်။ အလားတူ Pristine Mermaid Resort သည် Pristine ဟို တယ်အုပ်စုပိုင်ဖြစ်ပြီး အင်းလေး နှင့် ပုဂံတွင် ဟိုတယ်များဖွင့် လှစ်ထားသည်။

ငပလီကမ်းခြေတွင် စည်ပင်သာယာမှ တစ်ဆင့်တည်း ခိုခန်းလိုင်စင်ရယူထားသည့် အရေအတွက် ၁၀ခုခန့် ရှိသည်။ ငပလီကမ်းခြေတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ဟိုတယ်နှင့် တည်းခိုရိပ်သာ လိုင်စင် ၃၄ ခုထုတ်ပေးထားပြီး၁,၂၂၃ခန်း ရှိ သည်။ ငပလီကမ်းခြေသို့ ၂၀၁၆ တွင် နိုင်ငံခြားခရီးသွား ၄၃,၀၀၀ ၀င်ရောက်ခဲ့ပြီး ၂၀၁၇ တွင် ငါး သောင်းကျော်ဝင်ရောက် ခဲ့သည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service