လော့စ်အိန်ဂျလိ၏ နာမည်ကျော် အယ်လ်ပွေဘလို သမိုင်းဝင်အထိမ်းအမှတ်နေရာတွင် အိမ်ရာမဲ့များနေထိုင်ရန် ကားနောက်တွဲများ ချထားပေးမည် - Property News in Myanmar from iMyanmarHouse.com
4757 Views

လော့စ်အိန်ဂျလိ၏ နာမည်ကျော် အယ်လ်ပွေဘလို သမိုင်းဝင်အထိမ်းအမှတ်နေရာတွင် အိမ်ရာမဲ့များနေထိုင်ရန် ကားနောက်တွဲများ ချထားပေးမည်

လော့စ်အိန်ဂျလိမြို့ အုပ်ချုပ်ရေးအဖွဲ့သည် မြို့တော်တွင်းရှိ အိမ်ရာမဲ့ပေါင်းများစွာကို သမိုင်းဝင်နေရာတစ်ခုဖြစ်သော အယ်လ် ပွေဘလိုတွင် နေရာချထားပေးနိုင်ရန် စီစဉ်လျက်ရှိနေသည်။
အဆိုပါ သမိုင်းဝင်နေရာကို ၁၇၈၁ ခုနှစ်က စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

သမိုင်းဝင်နေရာ၏ တောင်ဘက်ထောင့်တွင် မြို့တော်မှ ပိုင်ဆိုင်သည့် ကားရပ်နားရန် နေရာတွင် ကားနောက်တွဲ ၅ ခု ချထားကာ အိမ်ရာမဲ့များကို နေရာပေးရန် အဆိုအား ကန့်ကွက်သူမရှိ အတည်ပြုလိုက်ခြင်း ဖြစ်သည်။
ကားနောက်တွဲ ၃ ခုကို အိမ်ရာမဲ့များ နေထိုင်ရန်နေရာအဖြစ် အသုံးပြုသွားမည်ဖြစ်ပြီး ကားနောက်တွဲတစ်ခုလျှင် ကုတင် ၂၀ စီ ပါဝင်မည်ဖြစ်သည်။

ကျန် ကားနောက်တွဲတစ်ခုကို ရေချိုးရန်နေရာအဖြစ် အသုံးပြုစေမည်ဖြစ်ပြီး ကျန်တစ်ခုတွင်မူ အိမ်ယာမဲ့များအတွက် စီမံခန့်ခွဲပေးမည့်သူတို့ ရုံးခန်းဖွင့်ကာ အမြဲတမ်းနေထိုင်နိုင်မည့်နေရာများ ကူညီရှာဖွေလမ်းညွှန်ပေးသွားမည် ဖြစ်သည်။

ယခုနွေရာသီတွင် စတင်အသုံးပြုနိုင်ရန် ရည်မှန်းထားပြီး ကန်ဒေါ်လာ ၂ ဒသမ ၄ သန်းခန့် ကုန်ကျမည်ဟု ဆိုသည်။

အင်ဂျင်နီယာဗျူရိုက ခန့်မှန်းရာတွင် ကားရပ်နားရန်နေရာတွင် ပြုလုပ်ခြင်းဖြစ်သောကြောင့် ရုံးရက်များတွင် တစ်ရက်လျှင် ကန်ဒေါ်လာ ၃၀၀ မှ ၃၅၀ အကြား နစ်နာမည်ဖြစ်ပြီး ရုံးပိတ်ရက်များအတွက်မူ တစ်ရက်လျှင် ကန်ဒေါ်လာ ၆၅၀ မှ ၇၅၀ အကြား နစ်နာဆုံးရှုံးမည်ဟု ဆိုသည်။

ယခုစီမံကိန်းကို တင်သွင်းသူ ဟိုဆေး ဟူဇာက ပြောကြားရာတွင်မူ ယခုကဲ့သို့ စီမံကိန်းမျိုးမှာ လိုအပ်ချက်အလွန်များခြင်းကြောင့် လစ်လျူရှုလိုက်ရန် မဖြစ်နိုင်ကြောင်း ပြောကြားသည်။

“လော့စ်အိန်ဂျလိမှာ အရေးပေါ်-ယာယီလူနေနိုင်မယ့်နေရာတွေ ချက်ချင်းလိုနေတယ်ဆိုတာ လော့စ်အိန်ဂျလိက လူတိုင်းသိကြပါတယ်” ဟု ဟိုဆေး ဟူဇာက ပြောကြားသည်။

ယခုအချိန်တွင် ဆောက်လုပ်ရေးလုပ်ငန်းများ စတင်လျက်ရှိနေပြီး အိမ်ရာမဲ့များအတွက် ရေရှည်စီမံကိန်းများ အကောင်အထည်ဖော်ပေးရန် ဘဏ္ဍာငွေ ကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံချထားပေးခဲ့သည့် Measure HHH မှ ယခုစီမံကိန်းအတွက် ရန်ပုံငွေ ထုတ်ပေးခဲ့ခြင်းဖြစ်သည်။

လော့စ်အိန်ဂျလိတွင် မကြာသေးမီနှစ်များအတွင်း အိမ်ယာမဲ့ကဏ္ဍတွင် အခြေအနေများ ပိုမိုဆိုးရွားလာခြင်းကြောင့် ရေရှည်စီမံကိန်းများကို အာရုံစိုက်နေသည့်တချိန်တည်းတွင် ယာယီနေထိုင်ရန်နေရာများ အများအပြားဖော်ဆောင်ပေးရန် လိုအပ်လျက်ရှိကြောင်းလည်း ဟိုဆေးဟူဇာက ပြောကြားသည်။

အိမ်ရာမဲ့နှင့် ဆင်းရဲမွဲတေမှုဆိုင်ရာ ကော်မတီ၏ အစည်းအဝေးတွင် ကော်မတီဝင်တစ်ဦးဖြစ်သူ မိုက်ခ် ဘိုနင်က အကြံပြုခဲ့ရာတွင် ယခုစီမံကိန်းကဲ့သို့ ယာယီနေထိုင်ရေးဖြေရှင်းပေးမှုမျိုးကို မြို့တော်တစ်လွှားတွင် အများအပြားဆက်လက်ပြုလုပ်သင့်ကြောင်း အကြံပေးထားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
လော့စ်အိန်ဂျလိ၏ နာမည်ကျော် အယ်လ်ပွေဘလို သမိုင်းဝင်အထိမ်းအမှတ်နေရာတွင် အိမ်ရာမဲ့များနေထိုင်ရန် ကားနောက်တွဲများ ချထားပေးမည် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service