နီကိုလပ်ကေ့ခ်ျ၏ သရဲခြောက်သောအိမ် (ကမ္ဘာကျော်တို့၏ သရဲခြောက်သော နေအိမ်ကြီးများ) - Property News in Myanmar from iMyanmarHouse.com
6918 Views

နီကိုလပ်ကေ့ခ်ျ၏ သရဲခြောက်သောအိမ် (ကမ္ဘာကျော်တို့၏ သရဲခြောက်သော နေအိမ်ကြီးများ)

ကမ္ဘာကျော်ရုပ်ရှင်သရုပ်ဆောင် နီကိုလပ်ကေ့ခ်ျသည် သမားရိုးကျမဟုတ်သော နေအိမ်ကြီးများကို နှစ်ခြိုက်သူတစ်ဦးဖြစ်၏။

ထို့ကြောင့်ပင် အမေရိကန်ပြည်ထောင်စု၊ နယူးအော်လင်းပြည်နယ်ရှိ သရဲခြောက်သော နေအိမ်ကြီးကို ဝယ်ယူပိုင်ဆိုင်ခဲ့ခြင်းလည်း ဖြစ်သည်။
နေအိမ်ကို လာ လော်ရီ စံအိမ်ဟု အမည်ပေးထားသည်။

နီကိုလပ်ကေ့ခ်ျက NY Daily News သတင်းဌာနသို့ ပြောကြားခဲ့ရာတွင် “တခြားသူတွေက ပင်လယ်ကမ်းစပ်ရှေ့ မှောက်မှာရှိတဲ့ နေအိမ်တွေ ပိုင်ဆိုင်ကြတယ်။ ကျွန်တော်ကတော့ သရဲတွေရဲ့  ရှေ့ မှောက်မှာရှိတဲ့ နေအိမ်ကို ပိုင်ဆိုင်ထားတယ်” ဟု အရွှန်းဖောက် ပြောကြားခဲ့သည်။

လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ နီးပါး၊ ၁၈၃၀ ပြည့်လွန်ကာလများတွင် နယူးအော်လင်းပြည်နယ်၌ ချမ်းသာကြွယ်ဝကာ ထင်ရှားကျော်ကြားသည့် မဒမ် ဒယ်လ်ဖင်း လာ လော်ရီ အမည်ရှိ အမျိုးသမီးကြီးတစ်ဦးနှင့် ခင်ပွန်းဖြစ်သူ ဒေါက်တာ လူးဝစ် လာလောရီတို့ ဇနီးမောင်နှံ ရှိခဲ့ဖူးသည်။

ဒယ်လ်ဖင်းတို့ ဇနီးမောင်နှံသည် ယခုနေအိမ်ကြီးတွင် ပါတီပွဲများ မကြာခဏကျင်းပခဲ့လေ့ရှိ၏။

မဒမ် ဒယ်လ်ဖင်း ကျော်ကြားသည့်အခြားအချက်မှာ သူ့ထံတွင် အလုပ်လုပ်ကိုင်နေကြသည့် ကျွန်များ (ထိုအချိန်က အမေရိကတွင် ကျွန်စနစ် မဖျက်သိမ်းသေး) ကို ရက်ရက်စက်စက် ညှင်းပန်းနှိပ်စက်ခြင်း ဖြစ်သည်။

တခါတွင် မဒမ် ဒယ်လ်ဖင်းသည် ကျွန်တစ်ဦး၏ ကလေးငယ်ကို ကြာပွတ်ဖြင့် ပြင်းထန်စွာ ရိုက်လိုက်ရာ ကလေးငယ်မှာ လွင့်ထွက်သွားကာ ခေါင်မိုးနှင့်တိုက်မိပြီး ပြန်လည်ပြုတ်ကျပြီး သေဆုံးသွားခဲ့ရဖူးသည်ဟူသော ပြောကြားချက်များ ရှိသည်။

တနေ့တွင်မူ မဒမ် ဒယ်လ်ဖင်းအတွက် ကံကြမ္မာပြောင်းလဲစေမည့်ဖြစ်ရပ် ပေါ်ပေါက်လာသည်။

ယင်းမှာ နေအိမ်မီးလောင်မှုဖြစ်ပွားခြင်းဖြစ်ပြီး မီးလောင်ရာသို့ ကူညီရန်ရောက်လာသူများက ဒယ်လ်ဖင်း၏ နေအိမ်အတွင်း ရက်ရက်စက်စက် ညှင်းပန်းနှိပ်စက်ခံထားရသည့် ဒဏ်ရာဗရပွနှင့် ကျွန်များ များစွာတွေ့လိုက်ရခြင်း ဖြစ်သည်။

ထို့နေ့က မဒမ် ဒယ်လ်ဖင်းထွက်ပြေးတိမ်းရှောင်သွားခဲ့ကာ သတင်းအစအနပျောက်သွားခဲ့သည်။

ယင်းနောက်ပိုင်း နှစ်ပေါင်းများစွာကာလအတွင်း ပိုင်ရှင်ပေါင်းများစွာ ပြောင်းလဲခဲ့ရာတွင် နစ်ကိုလပ်ကေ့ခ်ျလည်း အပါအဝင်ဖြစ်ခဲ့သည်။

နစ်ကိုလပ်ကေ့ခ်ျသည် ငွေကြေးအကျပ်အတည်းများစွာ ကြုံခဲ့ရချိန်တွင် အဆိုပါနေအိမ်ကို ပိုင်ရှင်မှ ပြန်လည်ရွေးဝယ်ခွင့်မရှိသည့် လေလံပွဲဖြင့် လေလံတင်ရောင်းချခံခဲ့ရခြင်း ဖြစ်သည်။

သို့ရာတွင် နစ်ကိုလပ်ကေ့ခ်ျသည် နေအိမ်ပေါင်းများစွာ ပိုင်ဆိုင်ခဲ့ဖူးရာ လော့စ်အိန်ဂျလိမြို့၊ နာမည်ကျော် ဘဲအဲရ်အရပ်ရှိ အင်္ဂလိပ် တူးဒေါ်ဗိသုကာဟန်စံအိမ်၊ ဂျာမနီရှိ ၁၁ ရာစု ရဲတိုက်ကြီး၊ ရိုဒီအိုင်းလန်းရှိ အင်္ဂလိပ်ကျေးလက်ဟန်စံအိမ်၊ နယူးအော်လင်းရှိ နေအိမ်၊ လာ့စ်ဗီးဂပ်နေအိမ်နှင့် နယူးပို့ထ်ကမ်းခြေရှိ နေအိမ်တို့ ဖြစ်ကြသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နီကိုလပ်ကေ့ခ်ျ၏ သရဲခြောက်သောအိမ် (ကမ္ဘာကျော်တို့၏ သရဲခြောက်သော နေအိမ်ကြီးများ) - Property News in Myanmar from iMyanmarHouse.com
နီကိုလပ်ကေ့ခ်ျ၏ သရဲခြောက်သောအိမ် (ကမ္ဘာကျော်တို့၏ သရဲခြောက်သော နေအိမ်ကြီးများ) - Property News in Myanmar from iMyanmarHouse.com
နီကိုလပ်ကေ့ခ်ျ၏ သရဲခြောက်သောအိမ် (ကမ္ဘာကျော်တို့၏ သရဲခြောက်သော နေအိမ်ကြီးများ) - Property News in Myanmar from iMyanmarHouse.com
နီကိုလပ်ကေ့ခ်ျ၏ သရဲခြောက်သောအိမ် (ကမ္ဘာကျော်တို့၏ သရဲခြောက်သော နေအိမ်ကြီးများ) - Property News in Myanmar from iMyanmarHouse.com
နီကိုလပ်ကေ့ခ်ျ၏ သရဲခြောက်သောအိမ် (ကမ္ဘာကျော်တို့၏ သရဲခြောက်သော နေအိမ်ကြီးများ) - Property News in Myanmar from iMyanmarHouse.com
နီကိုလပ်ကေ့ခ်ျ၏ သရဲခြောက်သောအိမ် (ကမ္ဘာကျော်တို့၏ သရဲခြောက်သော နေအိမ်ကြီးများ) - Property News in Myanmar from iMyanmarHouse.com
နီကိုလပ်ကေ့ခ်ျ၏ သရဲခြောက်သောအိမ် (ကမ္ဘာကျော်တို့၏ သရဲခြောက်သော နေအိမ်ကြီးများ) - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service