ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရေးစီမံကိန်းဆက်လက် အကောင်အထည်ဖော် နိုင်ရေးအတွက် ဂျပန်နိုင်ငံအစိုးရနှင့်ညှိနှိုင်း​ဆွေး​နွေး​နေ - Property News in Myanmar from iMyanmarHouse.com
5570 Views

ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရေးစီမံကိန်းဆက်လက် အကောင်အထည်ဖော် နိုင်ရေးအတွက် ဂျပန်နိုင်ငံအစိုးရနှင့်ညှိနှိုင်း​ဆွေး​နွေး​နေ

ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရေးစီမံကိန်းဆက်လက် အကောင်အထည်ဖော် နိုင်ရေးအတွက် ဂျပန်နိုင်ငံအစိုးရနှင့်​ညှိနှိုင်းဆွေးနွေးလျက်ရှိ ​ကြောင်းသိရသည်​။

ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်တည်ဆောက်ရေး စီမံကိန်းအတွက် တင်ဒါအောင် ပြည်ပကုမ္ပဏီ (၃)ခုနှင့် မြန်မာ့လေကြောင်း ဌာနတို့ချုပ်ဆိုထားသော မူဘောင်သဘောတူညီချက်စာချုပ် ၂နှစ်သက်တမ်းကုန် ဆုံးသွားသဖြင့် သဘောတူညီမှုပျက်ပြယ်သွားပြီဖြစ်​၍ စီမံကိန်းဆက်လက် အကောင်အထည်ဖော်နိုင်ရေးအတွက် ဂျပန်နိုင်ငံအစိုးရ၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆွေးနွေး​နေခြင်းဖြစ်​သည်​။

အဆိုပါစီမံကိန်းသည် နိုင်ငံတော်စီမံကိန်း တစ်ရပ်အနေဖြင့် မဖြစ်မနေ ဆောင်ရွက်ရမည့် စီမံကိန်းဖြစ်သဖြင့် စီမံကိန်းဆက်လက် အကောင်အထည်ဖော် နိုင်ရန်​​ဆောက်​ရွက်​သွားမည်​ဖြစ်​​ကြောင်းလေ ကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှအသိ​ပေးထုတ်​ပြန်​ထားသည်​။

"ဒီစီမံကိန်းအတွက်​ ဝန်​ကြီးရုံးနဲ့ ပို့​ဆောင်​ဆက်​သွယ်​​ရေးဝန်​ကြီးဌာနတို့ ​ဆွေး​နွေး ညှိနှိုင်းနေပါတယ်​ အ​သေးစိတ်​ ကို​တော့မသိရ​သေးပါဘူး"ဟု လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က မတ် ၁၅ ရက်က ပြောသည်။

ပို့ဆောင်ရေးဝန်ကြီးဌာနက ဖွဲ့စည်းပေးထားသော လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ရေး ကြီးကြပ်မှုကော်မတီနှင့်တင်​ဒါ​အောင်​ပြည်​ပကုမ္ပဏီဖြစ်​သည့် JGC-Yongnam-CAI Consortium (HIA Myanmar Company Limited-HIAMCL) တို့သည် Concession Agreement ချုပ်ဆိုနိုင်ရေးအတွက် ၂၀၁၅ခုနှစ်​ဇန်​နဝါရီလမှမှ ဒီဇင်​ဘာလ အထိ ဆွေးနွေးမှု (၁၁) ကြိမ် ပြုလုပ်ခဲ့ပြီး၊ ကနဦး မူဘောင်သဘောတူ ညီချက် Framework Agreement ကို ၂၀၁၆ခုနှစ်​ ဇန်​နဝါရီလဇန်​န၃၀ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည်​။

Concession Agreement ချုပ်ဆိုနိုင်ရေးအတွက် ညှိနှိုင်းမှုကော်မတီနှင့် HIAMCL တို့အကြား ညှိနှိုင်းဆွေးနွေးပွဲ (၅) ကြိမ်နှင့် Technical Working Group Meeting အစည်းအဝေး (၁) ကြိမ် ပြုလုပ်ခဲ့ပြီး၊ထိုသို့ဆွေးနွေးရာတွင် အဓိကကျသည့် အချက်များအပေါ် သဘောတူညီမှုမရနိုင်သေးမီ Framework Agreement စာချုပ်သက်တမ်း (၂) နှစ်မှာ ရက်နေ့တွင်၂၀၁၈ခုနှစ်​ ဇန်​နဝါရီ ၃၀ရက်​​နေ့တွင်​ကုန်ဆုံးခဲ့ ​သဖြင့်စာချုပ်ပါ စည်းကမ်းချက်များအရ Framework Agreement အား ရပ်စဲလိုက်​​ကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှထုတ်​ပြန်​ထားသည်​။

စာချုပ်သက်တမ်းမကုန်ဆုံးမီ ညှိနှိုင်းမှုကော်မတီနှင့် HIAMCL နှစ်ဦးနှစ်ဖက်စလုံးမှ စာချုပ်ပါစည်းကမ်းချက်များအရ သက်တမ်း တိုးမြှင့်ရန် အဆိုပြုခဲ့ခြင်းမရှိဘဲ စာချုပ်သက်တမ်းကုန်ဆုံးသွားခြင်းကြောင့် HIAMCL သို့ အကြောင်းကြားစာပေးပို့ခဲ့ရာ HIAMCL ဘက်မှ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် လေ ကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတို့မှ စီမံကိန်းအတွက် အားထုတ်ကြိုးပမ်း ထောက်ပံ့ခဲ့ မှုအပေါ် အသိအမှတ်ပြုနားလည်ပါကြောင်း အကြောင်းပြန်ကြားခဲ့​ကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်​။

Credit: The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service