အများနှင့်အကျုံးဝင်သော စီးပွားရေးလုပ်ငန်းများ ထူထောင်နိုင်ပါက နိုင်ငံ့စီးပွားရေး သုံးဆတက်လာနိုင်ဟုဆို - Property News in Myanmar from iMyanmarHouse.com
4801 Views

အများနှင့်အကျုံးဝင်သော စီးပွားရေးလုပ်ငန်းများ ထူထောင်နိုင်ပါက နိုင်ငံ့စီးပွားရေး သုံးဆတက်လာနိုင်ဟုဆို

အများနှင့် အကျုံးဝင် သည့် စီးပွားရေးလုပ်ငန်း (Inclu-sive Business)များ အကောင် အထည်ဖော်နိုင်ပါက စီးပွားရေး သုံးဆတိုးတက်လာနိုင်ကြောင်း ယူကေနိုင်ငံတကာဖွံ့ဖြိုးရေးဌာန မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ Dr. Gail Marzetti က ပြောကြားသည်။

ပြည်တွင်းလုပ်ငန်းရှင်များ ၏ဘဏ္ဍာရေးဆိုင်ရာ နည်းလမ်း များ ပြောင်းလဲရမည်ဖြစ်ပြီး လုပ် ငန်းများတွင် အခြေခံလူတန်းစား များ ပူးပေါင်းပါဝင်လာနိုင်မည့် အစီအစဉ်များ အကောင်အ ထည်ဖော်ရမည်ဟု မတ်လ ၁၅ ရက်က ပြုလုပ်သည့် အများနှင့် အကျုံးဝင်သော စီးပွားရေးလုပ်ငန်းအလုပ်ရုံဆွေးနွေးပွဲ၌ ၎င်းကပြောကြားသည်။

‘‘IB ကို အကောင်အထည် ဖော်နိုင်ရင် အစိုးရအတွက်ရော၊ လုပ်ငန်းရှင်တွေအတွက်ရော အ ကျိုးရှိမယ်။ နောက်ဆုံး ဆင်းရဲ နွမ်းပါးသူတွေအတွက်လည်း စီး ပွားရေးဆိုင်ရာ ကဏ္ဍတွေမှာ ပူးပေါင်းပါဝင်ခွင့်ရမယ်။ အစိုးရအနေနဲ့ မူဝါဒတွေ အကောင်အထည် ဖော်ရာမှာ အဆင်ပြေအောင် ဓန အဖွဲ့အစည်းကနေတစ်ဆင့် အကူအညီပေးနေပါတယ်’’ဟု Dr.Gail Marzetti က ပြောသည်။

IB ဆိုသည်မှာ စီးပွားရေးအရ ခိုင်မာစွာ ရပ်တည်နိုင်ပြီး ဆင်းရဲနွမ်းပါးသူများနှင့် ဝင်ငွေနိမ့်ပါး သူများအတွက် ကျယ်ပြန့်သည့် အတိုင်းအတာတစ်ခုဖြင့် တီထွင် ဆန်းသစ်ကာ စနစ်ကျသောနည်းလမ်းများ ကူညီပေးနိုင်သောလုပ်ငန်းများကို ဆိုလိုသည်။

စီးပွားရေးလုပ်ငန်းအများစု သည်အထက်တန်းနှင့် လူလတ်တန်းစားများကို ထိုးဖောက်ရန် အာရုံစိုက်သော်လည်း အခြေခံလူတန်းစားများပါဝင်သည့် စီးပွား ရေးလုပ်ငန်းများဖော်ဆောင်လာနိုင်ပါက ပိုမိုအကျိုးရှိမည်ဟု ၎င်းက ဆိုသည်။

‘‘CSR နဲ့ IB က မဆိုင်ဘူး။ CSR က လှူတဲ့ဘက်ကို သွားတယ်။ ကုမ္ပဏီတွေက အလှူအတန်းတွေ ပြုလုပ်ကြတယ်။ ဒါပေမဲ့ လှူတာက အတိုင်းအတာရှိ တယ်။ ကုမ္ပဏီအကျိုးအမြတ်ရဲ့ ရာခိုင်နှုန်းတစ်ခုအထိပဲ လှူနိုင် တယ်။ IB ကတော့ အခြေခံလူ တန်းစားတွေအတွက် စီးပွားရေး လုပ်ငန်းတစ်ခုထူထောင်တာပါ။ အခြေခံ လူတန်းစားတွေဆီက ထုတ်ကုန်ရဲ့ ကုန်ကြမ်းတွေကို ဝယ်တာ။ ဒါမှမဟုတ် ဝန်ထမ်းအ ဖြစ် အလုပ်ခန့်အပ်ပေးတာမျိုး တွေပါ’’ဟု Thura Swiss ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ဒေါက် တာ အောင်သူရက ပြောကြားသည်။

IB စီးပွားရေးလုပ်ငန်းကို ကိုကာကိုလာလုပ်ငန်းက ဆင်းရဲ နွမ်းပါးသည့် အမျိုးသမီးကွန်ရက် အသုံးပြု၍ ကိုကာကိုလာဖြန့်ချိ ရေးလုပ်ငန်း ဆောင်ရွက်ခြင်း၊ Microsoft ကုမ္ပဏီက ၎င်းတို့၏ အက်ပလီကေးရှင်းများဖြန့်ဝေရာ တွင် ဆင်းရဲနွမ်းပါးသူများ၏အွန် လိုင်းကွန်ရက်ကို အသုံးပြုခြင်း ဆောင်ရွက်ခဲ့ကြောင်း ၎င်းက ဥပမာပေးပြောကြားသည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service