ပြည်သူတွေကို ဆွဲဆောင်ဖို့ လိုသေးတဲ့ ရန်ကုန်စတော့ အိတ်ချိန်း - Property News in Myanmar from iMyanmarHouse.com
5225 Views

ပြည်သူတွေကို ဆွဲဆောင်ဖို့ လိုသေးတဲ့ ရန်ကုန်စတော့ အိတ်ချိန်း

အိမ်နီးချင်းနိုင်ငံများနှင့် ယှဉ်လျှင် နှစ်ပေါင်းများစွာ နောက်ကျပြီးမှ စတင်ဖွင့်လှစ်နိုင်ခဲ့သည့် ရန်ကုန် စတော့ အိတ်ချိန်းသည် လက်ရှိအချိန်ထိ ထင်သလောက် အရောင်းအဝယ်မဖြစ်သေးဘဲ စံချိန်တင် အရောင်း အဝယ် ကျဆင်းမှုများနှင့် ကြုံတွေ့ နေရပြီဖြစ်သည်။

ပြီးခဲ့သည့် ဦးသိန်းစိန်အစိုးရလက်ထက်က ၄င်းတို့  အစိုးရလက်ထက်တွင် ရန်ကုန် စတော့ အိတ်ချိန်းဖွင့်နိုင်ရမည်ဆိုသော ရည်ရွယ်ချက်ကြောင့် လက်ပူတိုက် အမြန်ဖွင့်လှစ်ခဲ့သည်ဟု ဝေဖန်ခံနေရသည့် ရန်ကုန် စတော့ အိတ်ချိန်းသည် အမှန်တကယ်မှာလည်း အရောင်းအဝယ် မဖြစ်ခဲ့ပေ။

ရန်ကုန်စတော့အိတ်ချိန်း တွင် ဖေဖော်ဝါရီအတွင်း စတော့ရှယ်ယာအရောင်းအ၀ယ်ကျပ် သန်း ၇၄၀ ကျော်ဖိုးဖြစ်ခဲ့ပြီး စတော့သမိုင်းတစ်လျှောက် အနည်းဆုံးဖြစ်ခဲ့ကြောင်း ရန်ကုန်စတော့ အိတ်ချိန်းစာရင်းများ၌ ဖော်ပြထားသည်။

ရန်ကုန်စတော့အိတ်ချိန်း တွင် ငါးခုမြောက် စာရင်းဝင်ကုမ္ပဏီ ရှိလာသော်လည်း ရှယ်ယာ ၀ယ်ရောင်းများ ကျဆင်းပြီး ပြီးခဲ့သည့် ဇန်န၀ါရီထက် ကျပ်သန်း၅၀၀ ကျော် စတော့ရှယ်ယာဝယ်ရောင်းလျော့နည်းခဲ့သည်။

၂၀၁၇ သြဂုတ်တွင်ရန်ကုန် စတော့အိတ်ချိန်း၌ ရှယ်ယာဝယ် ရောင်းသည် ကျပ် ၂ ဒသမ ၂ ဘီလီယံဝယ်ရောင်းဖြစ်ခဲ့ပြီး ထိုမှဆက် တိုက်ကျဆင်းလာသည်။ ၂၀၁၇ ဒီဇင်ဘာတွင် ကျပ်သန်း ၈၅၀ အ၀ယ်အရောင်းဖြစ်ခဲ့ပြီး ၂၀၁၈တွင် ကျပ် ၁ ဒသမ ၂ သန်း ၀ယ်ရောင်းဖြစ်ခဲ့၍ အနည်းငယ်မြင့် တက်လာသည်။ သို့သော် ဖေဖော်ဝါရီတွင် ပြန်လည်ကျဆင်းခဲ့ သည်။

‘‘ရှယ်ယာထက် ဘဏ်တိုးက ပိုသေချာတယ်ဆိုတဲ့အတွက် ဘဏ်အပ်ငွေကို လုပ်နေကြတယ်။ နောက်ပြီး ကုမ္ပဏီတွေက အ မြတ်ပေးတာလည်း ဘဏ်တိုး လောက်တောင် အမြတ်အစွန်း မသေချာတော့ စတော့ရှယ်ယာ ကို စိတ်မ၀င်စားကြတာ’’ဟု စတော့ရှယ်ယာပိုင်ရှင် ဦးသက်လွင်က ပြောသည်။

ရန်ကုန်စတော့အိတ်ချိန်း တွင် ပထမဦးဆုံး စာရင်းဝင် သည့် FMI ကုမ္ပဏီသည် ၂၀၁၇ ဇန်န၀ါရီ ၂ ရက်၌ ရှယ်ယာတစ်စု ကျပ် ၁၄,၀၀၀ ပေါက်ဈေးရှိ သော်လည်း ၂၀၁၈ မတ်လဆန်းတွင် ၂၈ ရှယ်ယာတစ်စု ကျပ် ၁၁,၅၀၀ သာ ပေါက်ဈေးရှိခဲ့ သည်။

သီလ၀ါအထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီ(MTSH)သည်ယင်းကာလအတွင်း ရှယ် ယာတစ်စုပေါက်ဈေးကျပ် ၄,၅၀၀ မှ ၂,၉၀၀ အထိ ကျဆင်းခဲ့သည်။ မြန်မာနိုင်ငံသားများ ဘဏ်သည် ရှယ်ယာတစ်စုပေါက်ဈေး ကျပ် ၉,၆၀၀ မှ ၇,၉၀၀ အထိကျဆင်းခဲ့သည်။ ရန်ကုန်စတော့အိတ်ချိန်း သို့ TMH ကုမ္ပဏီ စတင်ဝင် ရောက်ခဲ့သည့် ဇန်န၀ါရီ ၂၆ ရက်တွင် ကျပ် ၃,၀၀၀ ပေါက် ဈေးရှိသော်လည်း မတ်လဆန်းတွင် ကျပ် ၂,၉၀၀ သာ ပေါက်ဈေးရှိခဲ့သည်။

ရန်ကုန်စတော့အိတ်ချိန်း သည် ၂၀၁၆ အတွင်း ကျပ်ဘီလီ ယံ ၇၀ ကျော် ရှယ်ယာအရောင်း အ၀ယ်ဖြစ်ခဲ့ပြီး ၂၀၁၇ အတွင်း စတော့ရှယ်ယာကျပ် ၂၂ ဘီလီယံ ကျော်ဖိုး ရောင်းဝယ်ခဲ့သည်။ ၂၀၁၇ သည် ၂၀၁၆ နှင့် နှိုင်းယှဉ် လျှင် သုံးဆကျော် လျော့နည်း ကြောင်း ရန်ကုန်စတော့အိတ်ချိန်း က ထုတ်ပြန်ထားသည်။

ယခု ၂၀၁၈ စတင်သော သုံးလတာ ကာလအတွင်း အရောင်အဝယ်မှာ ကျဆင်းနေဆဲဖြစ်ပြီး ရန်ကုန်စတော့ အိတ်ချိန်းကို လူအများစု စိတ်ဝင်စားလာစေရန် ပြန်လည် ဆွဲတင်ရမည့် အခြေအနေပင်ဖြစ်သည်။

စတော့ အိတ်ချိန်းအား အရောင်းအဝယ်ပြုလုပ်ချိန် တိုးမြှင့်ခြင်း၊ အွန်လိုင်းမှရောင်ဝယ်နိုင်ခြင်းတို့ ကို ပြုလုပ်ပေးခြင်း၊ နိုင်ငံပိုင်လုပ်ငန်းစုများစတော့ အိတ်ချိန်းတွင်ပါဝင်လာနိုင်ရန် အသွင်ပြောင်း ပေးသော်လည်း လူ အများစု၏ စိတ်ဝင်စားမှုမှာ ထူးခြားစွာမြင့်တက်လာခြင်းမရှိပေ။

ရှယ်ယာဈေးကျဆင်းပြီး အ ရောင်းအဝယ်အေးနေသည့် ရန် ကုန်စတော့အိတ်ချိန်း ပိုမိုအသက်ဝင်ရန်နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း များကိုအများပိုင်ပြုလုပ်ပြီး စတော့အိတ်ချိန်း၌ စာရင်းဝင် ကုမ္ပဏီအဖြစ် အစိုးရက ဆောင် ရွက်သင့်ကြောင်း ရန်ကုန်စတော့ အိတ်ချိန်း၌ မြန်မာအစိုးရနှင့် အကျိုးတူ ဆောင်ရွက်နေသည့် ဂျပန် Daiwa Securities ကုမ္ပဏီ က ၂၀၁၇ မေလအတွင်း အကြံ ပြုခဲ့သည်။

‘‘ဗီယက်နမ်နိုင်ငံမှာ စတော့ အိတ်ချိန်းဖွင့်ပြီး ခြောက်နှစ်အ ကြာမှာ စာရင်းဝင်ကုမ္ပဏီ ၂၀၀ ကျော်ရှိလာတယ်။ လူထုက စတော့ရှယ်ယာအကြောင်းကို အ ကျွမ်းတဝင်ရှိလာတယ်။ အဓိက အချက်က အစိုးရပိုင်လုပ်ငန်းတွေ ကို စာရင်းဝင်ကုမ္ပဏီအဖြစ် အ သွင်ပြောင်းနိုင်လို့ပါပဲ’’ဟု Daiwa Securities ကုမ္ပဏီမန်နေဂျင်း ဒါရိုက်တာ Mr.Makoto Akasaka က ပြောသည်။

စတော့အိတ်ချိန်းကို ပြည်သူအများစုစိတ်မဝင်စားရခြင်းမှာ အိမ်ခြံမြေ၊ကား၊ရွှေနှင့် အခြား စီးပွားရေးလုပ်ငန်းများမှာ အမြတ်ရနေဆဲ အခြေအနေ ရှိသောကြောင့် ဖြစ်သည်ဟု ကျွမ်းကျင်သူများကသုံးသပ်ကြသည်။

ရန်ကုန်စတော့အိတ် ချိန်းကို စိတ်ဝင်စားမှုကျဆင်းနေ သည်ဆိုသော်လည်း လက်ရှိအ နေအထားသည် အာဆီယံနိုင်ငံ အချို့ စတော့အိတ်ချိန်း စတင်ချိန် နှင့်နှိုင်းယှဉ်ပါက ပုံမှန်လည်ပတ် နေသည်ဟု ဘဏ္ဍာရေးဒုဝန်ကြီး ဦးမောင်မောင်ဝင်းကမီဒီယာများနှင့် တွေ့ ဆုံစဉ်ပြောကြားခဲ့ဖူးသည်။

လက်ရှိရန်ကုန်စတော့အိတ် ချိန်း၏ ဈေးကွက်ရင်းနှီးမတည်ငွေမှာ အမေရိကန်ဒေါ်လာသန်း ၆၀၀ ခန့်ရှိပြီး ဗီယက်နမ်နှင့် လာ အိုတို့၏ စတော့စတင် ချိန်ထက် ပိုမို များပြားခဲ့ကြောင်း ၎င်းကဆက်လက်ပြောသည်။

‘‘နေ့စဉ်နဲ့အမျှ ရှယ်ယာအ ၀ယ်နဲ့ အရောင်းအမှာစာတွေ တက်နေပါတယ်။ တစ်ခါတစ်ရံ ဈေးနှုန်းမတည့်လို့ အရောင်းအ ၀ယ်မရှိပေမယ့် အာဆီယံနိုင်ငံ တွေနဲ့ နှိုင်းယှဉ်ရင် ပုံမှန်အနေအ ထားမှာရှိနေပါတယ်’’ဟု ဦး မောင်မောင်ဝင်းကပြောသည်။

၁၉၉၇ တွင်ဖွင့်လှစ်ခဲ့သည့် အင်ဒိုနီးရှားနိုင်ငံက အများပိုင် ကုမ္ပဏီ တစ်ခု၊ ၂၀၀၀ ပြည့်နှစ် တွင်ဖွင့်လှစ်ခဲ့သည့် ဗီယက်နမ်က ကုမ္ပဏီငါးခု၊ ၁၉၇၅ တွင် စတင် ဖွင့်လှစ်ခဲ့သည့် ထိုင်းနိုင်ငံက ကုမ္ပဏီ အခု ၂၀ ဖြင့် တစ်နှစ် အတွင်း လည်ပတ်နေခဲ့ခြင်း ဖြစ် သည်။ လက်ရှိ ရန်ကုန်စတော့ အိတ်ချိန်းသည် အများပိုင်ကုမ္ပဏီ လေးခုဖြင့် လည်ပတ်နေ၍သင့် တင့်သည်ဟု ၎င်းကဆက်လက် ပြောသည်။

ထို့ကြောင့် ရန်ကုန်စ တော့အိတ်ချိန်းသည် ရှိသင့် ရှိ ထိုက်သည့် စာရင်းဝင်ကုမ္ပဏီနှင့် ထိုက်သင့်သော ဈေးကွက်အ ရောင်းအ၀ယ်ပမာဏ ရှိနေသည် ဟုဆိုသည်။

သို့ သော်လူအများမှ မေ့လျော့နေသော စိတ်ဝင်စားမှု အားနည်းနေသေးသည့်ရန်ကုန်စတော့အိတ်ချိန်းကို အရောင်းအဝယ်များပြန်လည်ဖြစ်ပေါ်လာရန် တွန်းအားပေးရမည့် အချိန်လည်းဖြစ်သည်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service