စားဝတ်နေရေးတွင် အရေးပါဆုံးသော နေရေး အကြောင်းတစေ့တစောင်း - Property News in Myanmar from iMyanmarHouse.com
4730 Views

စားဝတ်နေရေးတွင် အရေးပါဆုံးသော နေရေး အကြောင်းတစေ့တစောင်း

အိမ် ဆိုသည်မှာ လူသားအားလုံးအတွက် နေထိုင်ရန်လိုအပ်သော အမြဲတမ်း အမိုးအကာရှိသည့် ခိုလှုံရန်နေရာဖြစ်သည်။

အိမ် များ၏သမိုင်းသည် လူသားများ၏ လူမှုရေး ၊ စီးပွားရေး ၊ နိုင်ငံရေး တိုး
တက်မှု နှင့်ခွဲခြားမရဘဲ ယှဉ်တွဲနေသည်။

ကမ္ဘာ့သမိုင်း၏ အစောဆုံး အိုးအိမ်တည်ဆောက်မှုနှင့်သက်ဆိုင်သည့် building codes ကို Hammurabi ဥပဒေ တွင်ဖော်ပြပါရှိသည်ဟုဆိုသည်။

ဂရိ ၊ ရောမခေတ်၏ City plan တွင် ခိုင်မာသည့်အဆောက်အဦးများတည်ရှိလာပြီး သက်ဆိုင်ရာ အနေဖြင့် ကာကွယ်ရေး ၊ ရေပေးဝေရေး စသည့်တာဝန်များကို လုပ်ဆောင်ပေးရသည်။

၁၃ - ရာစုတွင် ဥရောပ ရှိ မြို့ များသည် ကုန်သွယ်ရေး၏ ဗဟိုဌာနဖြစ်လာခဲ့ပြီး ခိုးဆိုးလုယက်သူများ ၊ ကျူးကျော်သူများ၏ရန်မှကာကွယ်ရန် မြို့နံရံ တံတိုင်းများဖြင့် မြို့များကိုတည်ထောင်ခဲ့ကြသည် ။

၁၉ -ရာစုတွင် စက်မှုတော်လှန်ရေး ပေါ်ထွန်းလာခဲ့ရာ လူအများအပြားသည်မြို့ပြသို့ပြောင်းရွှေ့ လာခဲ့ကြ သည်။

၂ဝ -ရာစုအထိ တိုးပွားလာတဲ့လူဦးရေ အရ နိုင်ငံအများအပြားသည် ပြည်သူများ၏ လိုအပ်ချက်ကို မဖြည့် ဆည်းနိုင်ခဲ့ပေ ။

လုပ်သားများသည် ရထားဘူတာရုံများ ၊ စက်ရုံ အမိုးအကာများစသည်တို့ တွင်နေထိုင် လာကြရာ ရေပေး ဝေ မှုအညစ်အကြေးစွန့် မှကျူးကျော် နှင့် မှုခင်းပြသနာများကြုံ တွေ့ လာရသည် ။

ထို့ ကြောင့်နောက်ပိုင်းတွင် သက်ဆိုင်ရာနိုင်ငံများမှ အစိုးရတာဝန်ရှိသူများသည် လိုအပ်သည့်အိုးအိမ်ပမာဏ ထက် ပိုများသောနိင်ငံပိုင် အိုးအိမ်များကိုတည်ဆောက်ခဲ့ကြသည် ။

ဤ အချက်သည် လူမှုအသိုင်းအ၀ိုင်းအတွက် လိုအပ်နေသည့် အိမ်ယာပြသနာကိုအကောင်းဆုံးဖြေရှင်းနိုင်သည့် အချက်တချက်ဟုဆိုသည် ။

+++ အိမ်ယာလိုအပ်မှုပြဿနာ၏ အခြေခံအချက်များမှာ +++

(၁ ) ကျောင်း ၊ ဈေး ၊ စီးပွားရေး ၊ အလုပ်ရုံ ၊ တခြားဆွေမျိုးသားချင်းများနှင့်နီးစပ်မှု

( ၂ ) အိမ်နီးနားရှိလူများ၏ အဆင့်အတန်း လုံခြုံမှု ၊ ကိုယ်ကြိုက်နှစ်သက်ရာရေမြေ ၊

(၃ ) ရင်းနှီးမြှုပ်နှံမှု စသည်တို့ နှင့်ဆက်စပ်နေသည်ဟုပညာရှင်များမှ ဆိုသည် ။

အမေရိကန်နိုင်ငံ နှင့် ဥရောပနိုင်ငံများ၏ အိမ်ယာမူဝါဒသည် အများအပြားတူညီသည် ။

ဗြိတိန်တွင် အိမ်ယာမူဝါဒကို Laborers' dwelling acts ဖြင့် ၁၉ - ရာစုနှောင်းပိုင်းကတည်းကစတင်ခဲ့ပြီးအိမ်ယာအများအပြားကိုလဲစစ်ပြီးခေတ်တွင်တည်ဆောက်ခဲ့သည် ။

၁၉၇ဝ ခုနှစ်အချိန်က ဗြိတိန်တွင်နိင်ငံ၏ ၃ ပုံ ၁ ပုံ သော အိမ်များ သည်ပြည်သူပိုင်အိမ်များဟုဆိုသည် ။

ဂျာမဏီ ၊ ပြင်သစ် ၊ နယ်သာလန်နိုင်ငံများတွင် အိမ်ဝယ်ယူမည့်ပြည်သူများကို နှစ်ရှည် အတိုးမဲ့ငွေ ချေးငှား ပေးသည် ။

ရုရှား နှင့် တခြားအရှေ့ ဥရောပနိုင်ငံများတွင်လဲ လိုအပ်သည့်အိမ်ယာများကို Government Policy အရဖော်ဆောင်သည် ။

တချို့ နိုင်ငံများတွင် fund ငွေများတည်ထောင်ပြီးဝင်ငွေနဲ ပြည်သူများကိုတိုက်ရိုက်အကျိုးပြုသည် ။

အိမ်သည် နိင်ငံအားလုံး၏ အဓိကကျတဲ့ စီးပွား ၊ လူမှု အခြေခံအဆောက်အအုံဖြစ်သည် ။နိုင်ငံသားအားလုံး ပြီးပြည့်စုံကျေနပ်လောက်အောင် အိမ်ယာများထူထောင်ပေးနိုင်သည့် နိင်ငံဟူ၍မရှိပေ ၊ထို့ ကြောင့်နိင်ငံအများအပြားသည် အိမ်ယာပြသနာများကိုတခြားနိုင်ငံများ၏ ကောင်းမွန်တဲ့ Policy များကို ရယူပြီး အသွင်ယူဖြေရှင်းရသည် ။

Credit: Myanmar Builders Guide

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service