မြစ်ကြီးနားတွင် စီးပွားရေးဇုန် လုပ်နိုင်ခြေရှိ - Property News in Myanmar from iMyanmarHouse.com
4846 Views

မြစ်ကြီးနားတွင် စီးပွားရေးဇုန် လုပ်နိုင်ခြေရှိ

မြစ်ကြီးနားမြို့နယ်တွင် စိုက်ပျိုးရေး အဆင့်မြင့်ထုတ်ကုန်များ အဓိကထုတ်လုပ်မည့် စီးပွားရေးဇုန်တစ်ခု တည်ဆောက်ရန် အစိုးရက စီစဉ်နေသည်ဟု သတင်းရင်းမြစ် အချို့က မြန်မာတိုင်း(မ်)ကို ပြောသည်။

အခြားတစ်ဖက်တွင်လည်း ထိုစီမံကိန်းနှင့်ပတ်သက်၍ ဒေသခံများနှင့် နိုင်ငံရေးပါတီများကို ပွင့်လင်းစွာပြောပြီး ၄င်းတို့၏အသိအမှတ်ပြုမှုရရှိရေး ကြိုးပမ်းသင့်သည်ဟု ဝေဖန်သူများလည်း ရှိနေသည်။

ကချင်ပြည်နယ်မှ အမျိုးသားလွှတ်တော်အမတ် ဦးဇယ်ခေါင်က ၂ဝ၁၆ ခုနှစ်ကတည်းက ထိုစီမံကိန်းကို အကောင်အထည်ဖော်ရန် အစီအစဉ်ရှိခဲ့ကြောင်း၊ ထိုစဉ်က ဝိုင်းမော်မြို့နယ်တွင် ဆောင်ရွက်ရန် စီမံခဲ့သော်လည်း လူထုက ကန့်ကွက် ဆန္ဒပြမှုတို့ကြောင့် မြစ်ကြီးနားသို့ ပြောင်းရွှေ့ဆောင်ရွက်ရန် စီစဉ်သည့်သဘောဖြစ်နိုင်ကြောင်း မြန်မာတိုင်း(မ်)ကို ပြောသည်။

မြစ်ကြီးနား စီးပွားရေးဇုန်သည် လက်ရှိအနေဖြင့် မူကြမ်းအနေဖြင့်သာ ရှိသေးကြောင်း ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းကျော်ကျော်က မြန်မာတိုင်း(မ်)ကို ပြောသည်။ ကချင်အမျိုးသား ကွန်ဂရက်ပါတီ ဥက္ကဠ ဒေါက်တာ အမ်ကော်န်လက စီမံကိန်းအကြောင်း ပြည်နယ်အစိုးရက လူထုအား ချပြဆောင်ရွက်မှသာလျှင် ၄င်းတို့အနေနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောသည်။

မြစ်ကြီးနား စီးပွားရေးဇုန်စီမံကိန်း၏ မူကြမ်းကို လွှတ်တော်ကိုယ်စားလှယ် များထံ ဖြန့်ဝေထားပြီဖြစ်ကြောင်းလည်း ၄င်းကဆိုသည်။

မြန်မာတိုင်း(မ်)က လေ့လာဖတ်ရှုခွင့်ရခဲ့သော စီမံကိန်းဆိုင်ရာ မူကြမ်းစာရွက် စာတမ်းများတွင် တရုတ်နှင့် ထိုစီမံကိန်းကို ပူးတွဲတည်ထောင်မည်ဖြစ်ပြီး တရုတ်ဘက်မှ ကုမ္ပဏီတစ်ခု ထူထောင်ကာ ကချင်ပြည်နယ်အစိုးရ ကျောထောက်နောက်ခံပေးသည့် ကုမ္ပဏီတို့နှင့် ပူးပေါင်းဆောင်ရွက်မည်ဟု အကြမ်းဖျင်း ဆိုထားသည်။

တရုတ်ဘက်က အဆိုပြုချက်တွင် လုပ်ငန်းများအတွက် မ,တည်ငွေကို တရုတ်က ၈ဝ ရာခိုင်နှုန်း၊ မြန်မာဘက်မှ ၂ဝ ရာခိုင်နှုန်းထည့်ဝင်ရန် ပါရှိသည်။

ထို့ပြင် တရုတ်ဘက်မှ အဆိုပြုချက်တွင် စီမံကိန်းကို ဧက ၄,ဝဝဝ အကျယ်သတ်မှတ်ပြီး ၁၅ နှစ်ကြာ အကောင်ထည် ဖော်မည်ဟု ဆိုထားသည်။ ဧက ၁,ဝဝဝ ကို ကနဦးစီမံကိန်းအဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး ငါးနှစ်ကြာမည်ဟု ဆိုသည်။ မြေယာဆိုင်ရာ ကိစ္စများကို ကချင်ပြည်နယ်အစိုးရက တာဝန်ယူရမည်ဟုလည်း ဖော်ပြထားသည်။

ပထမအဆင့်စီမံကိန်းအတွက် မတည်ငွေ အမေရိကန်ဒေါ်လာ သန်း ၃ဝဝ ရှိမည်ဖြစ်ပြီး ထိုငွေ၏ ၇ဝ ရာခိုင်နှုန်းအနက် အချို့ကို ကိုယ်ပိုင်ငွေကြေးဖြင့်လည်းကောင်း၊ အချို့ကို တရုတ်ဘဏ်မှ ချေးပြီးလည်းကောင်း ဆောင်ရွက်မည်ဟု ဖော်ပြထားပြီး ကျန်ငွေ ၃ဝ ရာခိုင်နှုန်းကို အကျိုးအမြတ်မှ ပြန်လည်ထည့်ဝင်ရန် ရည်မှန်းထားသည်ဟု အဆိုပြုချက်တွင်ပါရှိသည်။

ကချင်ပြည်နယ်အစိုးရဘက်ကမူ စီမံကိန်းအား ဧက ၄,၇ဝဝ သတ်မှတ်ပြီး ၁ဝ နှစ်စီမံကိန်းအဖြစ် ဆောင်ရွက်ရန် အဆိုပြုထားသည်ဟုဆိုသည်။ ပထမအဆင့်စီမံကိန်း ကြာချိန်ကို ငါးနှစ်အစား သုံးနှစ်အဖြစ် သတ်မှတ်ရန်လည်း အဆိုပြုထားသည်။

အစုရှယ်ယာကိုမူ တရုတ် ၄၉ ရာခိုင်နှုန်း၊ မြန်မာ ၅၁ ရာခိုင်နှုန်း ထားရှိရန် ပြည်နယ်အစိုးရက လိုလားသည်။ မြန်မာဘက်က စိုက်ထုတ်ရမည့် မြေများကို အစုရှယ်ယာ တန်ဖိုး၏ ၃ဝ ရာခိုင်နှုန်းအဖြစ် သတ်မှတ်ထားရှိရန်လည်း အဆိုပြုထားပြီး ကျန်သည့် ၂၁ ရာခိုင်နှုန်းကို ကချင်ပြည်နယ်အစိုးရဘက်က ငွေကြေးထည့်ဝင်မည်ဟု ဆိုသည်။

သို့ရာတွင် လိုအပ်သည့်ငွေကြေးအတွက် တရုတ်ဘဏ်တွင်ဖြစ်စေ၊ မည်သည့်ဘဏ်တွင်ဖြစ်စေ ငွေချေးရယူလိုသည်ဟု အဆိုပြုထားသည်။

''တရုတ်ကလည်း သူ့ဘက်ကတောင်းဆိုတာလည်း မမှားသလို ကချင်ပြည်နယ်ဘက်ကလည်း ကိုယ့်အကျိုးစီးပွား မထိခိုက်ဖို့ ဆောင်ရွက်ရမှာ အမှန်ပါပဲ။ ကျွန်တော်အနေနဲ့ မျှော်လင့်မိတာက ကချင်ပြည်နယ်အစိုးရအနေနဲ့ ပွင့်လင်းမြင်သာစွာချပြဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ ကချင်နိုင်ငံရေးအသိုင်းအဝိုင်းတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ ချပြမှသာလျှင် ပူးပေါင်းဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်''ဟု ဒေါက်တာ အမ်ကော်န်လက ဆိုသည်။

''မြစ်ကြီးနားဇုန် စီးပွားရေးစီမံချက်က တကယ်သေချာအကောင်အထည်ဖော်နိုင်ရင် ကောင်းတာပေါ့။ ဒါမှမဟုတ်ဘဲ မြေယာပြဿနာ ဖြစ်လာစေရင်တော့ တကယ်အဆင်မပြေဘူး''ဟု အမျိုးသားလွှတ်တော်အမတ် ဦးဇယ်ခေါင်က ဆိုသည်။

Credit: The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service