ရက်စက်လိုက်တဲ့ကန်ထရိုက်တာရယ် မြေနှင့်ဒါဏ်ငွေ ဆောင်ရတော့မယ် - Property News in Myanmar from iMyanmarHouse.com
35929 Views

ရက်စက်လိုက်တဲ့ကန်ထရိုက်တာရယ် မြေနှင့်ဒါဏ်ငွေ ဆောင်ရတော့မယ်

အိမ်ခြံမြေ တိုက်ခန်း အရောင်းအဝယ်လောကမှာ ရပ်ကွက်အတွင်း အကျိုးဆောင်ပွဲစားလုပ်ကိုင်နေသူများကို လေ့လာကြည့်တဲ့အခါမှာ စာပေလေ့လာမှုအတော်အားနည်းတာကို တွေ့ရပါတယ်။ Facebook ကြည့်တယ် ဆိုပြန်တော့လည်း အိမ်ခြံမြေသတင်းများ ၊ တိုက်ခန်းကွန်ဒို အထပ်မြင့် အဆောက်အဦးသတင်းများကို အသေအချာကြည့်ရှုမှတ်သားတာမျိုး မတွေ့ရပါ ‘ ဂိမ်း ’ ဆော့ခြင်းဖြင့်သာ အချိန်တွေကို ဖြုန်းပစ်တက်ကြပါတယ်။

ထို့အတူ တိုက်ခန်း ကွန်ဒိုဆောက်လိုသူမြေရှင်များကလည်း ၊ အိမ်ခြံမြေဈေးကွက် အခြေအနေနဲ့ အထပ်မြင့် အဆောက်အဦးတွေဆောက်ရင် ဘယ်လိုစည်းကမ်း ၊ ဥပဒေတွေရှိတယ် ဆိုတာကို အိမ်ခြံမြေ နဲ့ ကန်ထရိုက်တာများအကြောင်းရေးထားတဲ့ သတင်းစာဂျာနယ် စာအုပ်စာပေတွေရှာဖွေဖတ်ရှုမှု
အားနည်းတာကိုတွေ့ပါတယ်။

ဒါကြောင့်လည်း မြေရှင် တော်တော်များများမှာ ကန်ထရိုက်တိုက်တွေဆောက်ချင်တာသာ သိတယ် ၊ ကန်ထရိုက်တိုက်ဆောက်တယ်ဆိုတာ လိုင်စင်ရှိတဲ့ ကန်ထရိုက်တာနဲ့ ဆောက်မှသာ တရားဝင်တယ်၊ လိုင်စင်မရှိတဲ့ တစ်ဆင့်ခံ ကန်ထရိုက်အမည်ခံသူစီးပွားရေးသမားတွေနဲ့ ဆောက်လို့မရဘူး ဆိုတာမသိကြဘူး ၊ တိုက်ဆောက်တော့မယ်ဆိုကတည်းက လိုင်စင်ရအင်ဂျင်နီယာက ဆွဲပေးတဲ့ အိမ်ပုံစံအတိုင်း ဆောက်ရတယ်ဆိုတာလည်း အသေအချာ လေ့လာမထားကြဘူး ၊ ဒါကြောင့်လည်း အခုနောက်ပိုင်းမှာ ‘ ဒေါင်းယောင်ဆောင်တဲ့ ကျီး ’ နဲ့ တူတဲ့ ဈေးကွက်စီးပွားရေးသမား ကန်ထရိုက်တာအတုတွေနဲ့ တိုက်ဆောက်ပြီးတာကြောင့် ၊ ယခုလိုတိုက်ခန်းတွေ ဝယ်မယ်သူမရှိတော့ တဲ့အခါ ဆောက်လက်စတိုက်ခန်းတွေ ပစ်ထားပြီး ပုန်းရှောင်နေတာကို မြေရှင် အများစု ခံနေကြရတယ်လေ ။

ဒါဟာ ဘာကြောင့်လည်း လိုင်စင်ရကန်ထရိုက်တာတွေ မဟုတ်လို့ပေါ့ ။လိုင်စင်ရကန်ထရိုက်တာက အဲဒီလို ထွက်ပြေးရင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက သူအာမခံအဖြစ်ထားတဲ့ ငွေတွေကို ဒါဏ်ခတ်တဲ့ အနေနဲ့သိမ်းယူလိုက်မှပေါ့ ။အခု လက်ရှိအနေအထားမှာတော့ အဲဒီလိုအတုအစစ်ခွဲးခြားမသိပဲ တိုက်ဆောက်ပေးဖို့ အပ်နှံခဲ့ကြလို့ ဒုက္ခလှလှကြီးတွေ့လို့ ငွေတိုးတွေနဲ့ နစ်ပြီး အပြင်မှာ အိမ်ငှါး နေကြရတယ်လို့ သိရပါတယ်။

အခုတော့ အဆိုးတည်းကအကောင်း ကို ပြောရမယ် အချက်ကတော့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက တရားစွဲဆိုထားပါတယ်။

ဒါဏ်ကြေးပေးဆောင်ရမဲ့ အဆောက်အဦးတွေကို ပုံမှန်ဒါဏ်ကြေးပေးဆောင်ရမဲ့ ငွေ ၁၀၀% ရာခိုင်နှုန်းအပေါ်မှာ အခု ၇၀ % ရာခိုင်နှုန်းအထိလျော့ပေါ့ပေးပြီး ဖြစ်လို့ ၃၀ % ရာခိုင်နှုန်းဘဲ ပေးရတော့မှာ ဖြစ်ပါတယ်။

ယခုလို ဒါဏ်ကြေးငွေတွေ လျော့ပေါ့ပေးရခြင်းမှာ မကြာခင်ကာလမှာလာတော့မှာ ဖြစ်လို့ပါဘဲ အသစ်ထွက်ရှိလာမယ့် ဥပဒေအသစ်မှာ ဆိုရင် ပြင်းထန်းတဲ့ အရေးယူဆောင်ရွက်ချက်တွေပါရှိနေတဲ့အတွက် ၊ ဒီဥပဒေအသစ်မထွက်ခင်မှာ ဒါဏ်ကြေးငွေတွေကို တာဝန်သိစွာပေးဆောင်စေလိုကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးက ပြောသွားပါတယ်။

အဲဒီင်္လို ဒါဏ်ကြေးငွေ ၃၀ % ရာခိုင်နှုန်း သာပေးဆောင်ရတော့မှာ ဖြစ်လို့ မြေရှင်များအနေနဲ့ အလွန်ပဲဝမ်းသာနေကြပါတယ်။ ဒါပေမဲ့လည်း တစ်ချို့ကန်ထရိုက်တွေက ဆောက်နေရင် တစ်ဝင်တစ်ပျက်နဲ့ ရပ်ဆိုင်းထားကြလို့ မြေရှင်တွေမှာ အကြပ်အတည်းနဲ့ ရင်ဆိုင်နေရကြောင်းလည်း တင်ပြကြပါတယ်။ တစ်ချို့ ကန်ထရိုက်တွေ ကြပြန်တော့လည်း မြေရှင်နဲ့ အတူ ကန်ထရိုက်တွေ ပေးဆောင်ပါမယ်လို့ စာချုပ်ထဲမှာ တည့်ပြီး ချုပ်ဆိုကတိပြုခဲ့ကြပေမဲ့ ၊ လက်ရှိအခြေအနေမှာတော့ ဒါဏ်ကြေးငွေမဆောင်ဘဲ ရှောင်တိန်းနေတာကြောင့် မြေရှင်တွေကပဲ ဒါဏ်ကြေးအားလုံးဆောင်နေရတဲ့ အတွက် မြေရှင်တွေမှာ အများကြီး နစ်နာနေတယ်လို့ လည်း သိရပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေနဲ့ လူနေအထပ်မြင့်အဆောက်အဦး ဆောက်လုပ်မယ့် မြေရှင်တွေလိုက်နာရမယ့် စည်းကမ်းချက်တွေ ပြစ်ဒါဏ်တွေကို ၊ ယခင်ကရှင်းလင်းတင်ပြထားခဲ့ တယ်လို့လဲ သိရပါတယ်။

ဆောက်လုပ်တဲ့အခါမှာလည်း လိုင်စင်မရှိတဲ့ ကန်ထရိုက်တာ အမည်ခံငွေရှင်းများနဲ့ မဆောက်ပဲ လိုင်စင်ရ ကန်ထရိုက်တာများနဲ့သာ ဆောက်လုပ်ကြဖို့၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ယခင်က အသိပေးညွန်ကြားထားပြီးလည်းဖြစ်တယ်လို့ သိရပါတယ်။

အဲဒီလို အသိပေးညွှန်ကြားချက်တွေကို မြေရှင် အများစုက လိုက်နာမှုမရှိခဲ့ဘူးလို့ သိရပါတယ်။ ဒါကြောင့် အခုတော့ ၃၀ % ရာခိုင်နှုန်းသာပေးဆောင်ရမယ် ဒါဏ်ကြေးတွေကို၊ မြို့နယ်စည်ပင်သာယာရေး အုပ်ချုပ်ရေးမှူးရုံးနဲ့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ သွားရောက်ပြီး
အသေးစိတ်စုံစမ်းသင့်ပါတယ်။

ဒီတော့ အနှစ်ချုပ်ပြောချင်တာကတော့ မြေရှင်များအနေနဲ့ ကန်ထရိုက်တိုက်ဆောက်ချင်တယ်ဆိုရင် ပထမဦးစွာ မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူးကို သတိရလိုက်ပေါ့ ၊ ဒုတိယနေနဲ့ကတော့ မြို့နယ်ထွေ/အုပ်ရုံးက မြို့နယ်အုပ်ချုပ်ရေးမှူး ပေါ့ မြို့နယ်ထွေ/အုပ်ရုံးထဲမှာ ပြည်သူတွေအတွက် သိလိုရာမေးနိုင်တဲ့ ‘ ဝန်ဆောင်မှု ‘ ရုံးလည်းဖွင့်ထားတယ်လေ ။ အဲဒီရုံးတွေမှာ စုံစမ်းလေ့လာပြီး ဆောင်ရွက်ကြရင် အမှားကင်းပါလိမ့်မယ်၊ စာပေမလေ့လာ လေသံကြား ဖမ်းတရားနာ “ သူများပါစပ်မှာလမ်းဆုံး ” နေတဲ့ အိမ်ခြံမြေ ပွဲစားများကို အကုန်လုံးယုံပြီး ပုံမအပ်ကြပါနဲ့လို့သာ အကြံပေးလိုက်ရပါတော့တယ်။

သုခီ အတ္တာနံ ပရိဟရန္တု

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွာ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွာ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service