ကွယ်လွန်သွားပြီဖြစ်သော ဟောင်ကောင်သူဌေးကြီး ယူပန်လင်း၏ ဒေါ်လာ ၁၀ ဘီလီယံတန်ကြေးရှိနေအိမ်ကို လှူဒါန်းနိုင်ကြောင်း တရားရုံးချုပ် အမိန့်ချမှတ် - Property News in Myanmar from iMyanmarHouse.com
6062 Views

ကွယ်လွန်သွားပြီဖြစ်သော ဟောင်ကောင်သူဌေးကြီး ယူပန်လင်း၏ ဒေါ်လာ ၁၀ ဘီလီယံတန်ကြေးရှိနေအိမ်ကို လှူဒါန်းနိုင်ကြောင်း တရားရုံးချုပ် အမိန့်ချမှတ်

နာမည်ကျော် အက်ရှင်သရုပ်ဆောင် ဘရုစ်လီ၏ နေအိမ်ကို ပိုင်ဆိုင်ထားသူ ဟောင်ကောင်သူဌေးကြီး ယူပန်လင်းသည် လွန်ခဲ့သော ၃ နှစ်က ကွယ်လွန်သွားခဲ့ခြင်းဖြစ်ပြီး ၎င်းမဆုံးပါးမီက ယခုနေအိမ်ကို လှူဒါန်းသွားမည်ဟု ထုတ်ဖော်ပြောကြားခဲ့ဖူးသည်။

သူဌေးကြီး ယူပန်လင်းက သူပိုင်ဆိုင်သော ဟောင်ကောင်ဒေါ်လာ ၁၀ ဘီလီယံ (ကန်ဒေါ်လာ ၁ ဒသမ ၂၈ ဘီလီယံ) တန်ကြေးရှိနေအိမ်ကို လှူဒါန်းမည်ဖြစ်ကြောင်း သေတမ်းစာတွင် ရေးသားခဲ့သည်။
ယခုအခါ ဟောင်ကောင်တရားရုံးချုပ်က သူ၏သေတမ်းစာအတိုင်း အကောင်အထည်ဖော်ရန် အတည်ပြုပေးလိုက်ခြင်း ဖြစ်သည်။

ယခုဖြစ်ရပ်မှာ လူ့ကိုယ်ရည်ကိုယ်သွေး၏ ကောင်းမွန်သည့်ကဏ္ဍတစ်ရပ်ကို ပြသလိုက်ခြင်းလည်းဖြစ်ကြောင်း တရားသူကြီးက ပြောကြားခဲ့သည်။

ယူပန်လင်း၏ မြေးဖြစ်သူ ပန်ချိပင်က ယူပန်လင်း၏သေတမ်းစာအတိုင်း အကောင်အထည်ဖော်ရန် တရားရုံးချုပ်သို့ တင်ပြခဲ့ပြီး ယူပန်လင်း၏သားဖြစ်သူ ပန်အားဖန်၊မြေးဖြစ်သူ ပန်ဆန်ဟွန်းတို့၏ လျှောက်ထားမှုများကို ပယ်ဖျက်ပေးပါရန်လည်း တင်ပြခဲ့ခြင်း ဖြစ်သည်။

သူဌေးကြီး ယူပန်လင်းသည် အသက် ၉၂ နှစ်အရွယ်တွင် တရုတ်ပြည်မကြီးရှိ ရှန်ကျန်း၌ ကွယ်လွန်ခဲ့ခြင်းဖြစ်ကာ မည်သည့်ရောဂါဖြင့် ကွယ်လွန်ခဲ့သည်ကိုမူ တရားဝင်ထုတ်ဖော်ကြေညာခြင်းမရှိခဲ့ချေ။

ပန်ချိပင်၏ ရှေ့ နေက ဖော်ထုတ်ခဲ့ရာတွင် ယူပန်လင်းက သူ၏ပိုင်ဆိုင်မှုအားလုံးကို လှူဒါန်းမည်ဟု သေတမ်းစာရေးသားခဲ့ချိန်တွင် စိတ်ကျန်းမာရေးအခြေအနေ ကောင်းမွန်စွာရှိကြောင်း ယူပန်လင်း၏ ဆရာဝန်က အတည်ပြုခဲ့သည်ဟု ဆိုသည်။

လှူဒါန်းမည့်အရာများတွင် အိမ်ခြံမြေများသာမက ငွေသားများလည်း ပါဝင်ပြီး ဟောင်ကောင်ဒေါ်လာ ဘီလျံအများအပြား ဖြစ်သည်။

သူဌေးကြီး ယူပန်လင်း ပိုင်ဆိုင်သည့်အရာများတွင် ကောင်းလုံတောင်းအရပ်ရှိ ဘရုစ်လီ၏နေအိမ်ဟောင်းလည်း ပါဝင်သည်။

အဆိုပါနေအိမ်ကို ယူပန်လင်းက ၁၉၇၄ ခုနှစ်တွင် ဟောင်ကောင်ဒေါ်လာ တစ်သန်းခန့်ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

လူတစ်ဦးကွယ်လွန်သွားပြီးနောက်ပိုင်း ၎င်းရေးသားခဲ့သည့်သေတမ်းစာနှင့် စပ်လျဉ်းပြီး မိသားစုဝင်တို့အကြား တရားတပေါင်များ ရင်ဆိုင်ကြရသော်လည်း ယူပန်လင်း၏ဖြစ်ရပ်တွင်မူ မိသားစုဝင်တို့က
အားတက်သရောပူးပေါင်းပါဝင်ကြသည်မှာ လူတို့၏အရည်အသွေးများကို လှစ်ဟပြနေခြင်းဖြစ်ကြောင်း တရားသူကြီး ဒေးဗစ် လော့ခ်က ပြောကြားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ကွယ်လွန်သွားပြီဖြစ်သော ဟောင်ကောင်သူဌေးကြီး ယူပန်လင်း၏ ဒေါ်လာ ၁၀ ဘီလီယံတန်ကြေးရှိနေအိမ်ကို လှူဒါန်းနိုင်ကြောင်း တရားရုံးချုပ် အမိန့်ချမှတ် - Property News in Myanmar from iMyanmarHouse.com
ကွယ်လွန်သွားပြီဖြစ်သော ဟောင်ကောင်သူဌေးကြီး ယူပန်လင်း၏ ဒေါ်လာ ၁၀ ဘီလီယံတန်ကြေးရှိနေအိမ်ကို လှူဒါန်းနိုင်ကြောင်း တရားရုံးချုပ် အမိန့်ချမှတ် - Property News in Myanmar from iMyanmarHouse.com
ကွယ်လွန်သွားပြီဖြစ်သော ဟောင်ကောင်သူဌေးကြီး ယူပန်လင်း၏ ဒေါ်လာ ၁၀ ဘီလီယံတန်ကြေးရှိနေအိမ်ကို လှူဒါန်းနိုင်ကြောင်း တရားရုံးချုပ် အမိန့်ချမှတ် - Property News in Myanmar from iMyanmarHouse.com
ကွယ်လွန်သွားပြီဖြစ်သော ဟောင်ကောင်သူဌေးကြီး ယူပန်လင်း၏ ဒေါ်လာ ၁၀ ဘီလီယံတန်ကြေးရှိနေအိမ်ကို လှူဒါန်းနိုင်ကြောင်း တရားရုံးချုပ် အမိန့်ချမှတ် - Property News in Myanmar from iMyanmarHouse.com
ကွယ်လွန်သွားပြီဖြစ်သော ဟောင်ကောင်သူဌေးကြီး ယူပန်လင်း၏ ဒေါ်လာ ၁၀ ဘီလီယံတန်ကြေးရှိနေအိမ်ကို လှူဒါန်းနိုင်ကြောင်း တရားရုံးချုပ် အမိန့်ချမှတ် - Property News in Myanmar from iMyanmarHouse.com
ကွယ်လွန်သွားပြီဖြစ်သော ဟောင်ကောင်သူဌေးကြီး ယူပန်လင်း၏ ဒေါ်လာ ၁၀ ဘီလီယံတန်ကြေးရှိနေအိမ်ကို လှူဒါန်းနိုင်ကြောင်း တရားရုံးချုပ် အမိန့်ချမှတ် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွာ

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service