ကမ္ဘာ့ဈေးနှုန်းမြင့်တက်မှုနှုန်းအများဆုံးဇိမ်ခံအိမ်ဈေးကွက် - ကွမ်ကျိုး - Property News in Myanmar from iMyanmarHouse.com
5643 Views

ကမ္ဘာ့ဈေးနှုန်းမြင့်တက်မှုနှုန်းအများဆုံးဇိမ်ခံအိမ်ဈေးကွက် - ကွမ်ကျိုး

တရုတ်၏ တင်းကျပ်သော အိမ်ခြံမြေစည်းမျဉ်းများကို ဆန့်ကျင်၍ ကွမ်ကျိုးက ကမ္ဘာ့အိမ်ခြံမြေအတိုင်ပင်ကုမ္ပဏီ Knight Frank ၏ ယခုနောက်ဆုံးထုတ်ပြန်လိုက်သည့် နှစ်ပတ်လည်နိုင်ငံတကာဇိမ်ခံအိမ်ဈေးမြင့်တက်မှုနှုန်းညွှန်းကိန်း စစ်တမ်းတွင် ထိပ်ဆုံးမှ ဖော်ပြခံခဲ့ရသည်။

တရုတ်၏ ပထမတန်းစားမြို့စာရင်းဝင် ကွမ်ကျိုးတွင် ဇိမ်ခံအိမ်ဈေးများသည် ၂၀၁၇ ခုနှစ်တွင် ၂၀၁၆ ကထက် ၂၇ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ယင်းသည်
ကမ္ဘာ့အမြင့်ဆုံးနှုန်းဖြစ်ကြောင်း ကမ္ဘာတစ်ဝန်း ဇိမ်ခံအိမ်ဈေးကွက် ၁၀၀ ကို စစ်တမ်းကောက်ယူလေ့လာ၍ ထုတ်ပြန်ခဲ့သော ၎င်းစာရင်းအရ သိရသည်။

ကွမ်ကျိုးသည် စာရင်း၏ ထိပ်တန်း ၁၀ နေရာတွင် ပထမဆုံးဝင်ရောက်လာသော တရုတ်ဈေးကွက်ဖြစ်သည်။ တရုတ်၏ တင်းကျပ်လိုက်သည့် အိမ်ခြံမြေမူဝါဒများ
ကြောင့် ပေကျင်းနှင့် ရှန်ဟိုင်းတို့ရှိ ဇိမ်ခံအိမ်ဈေးများသည် ပျမ်းမျှ ၉ ရာခိုင်နှုန်းကျော်နှင့် ၇ ရာခိုင်နှုန်းနီးပါးသာ အသီးအသီး မြင့်တက်ခဲ့သည်။

ကွမ်ကျိုးကမူ အများနှင့်ယှဉ်ပါက ၎င်း၏ ဈေးနှုန်းအဆင်ပြေမှုကြောင့် စည်းမျဉ်းတင်းကျပ်မှုမှ သက်ညှာခံခဲ့ရခြင်းဖြစ်သည်။ ယမန်နှစ်က ရှန်ဟိုင်းတွင်
ဇိမ်ခံအိမ်ဈေး ၁ စတုရန်းမီတာလျှင် ပျှမ်းမျှ တရုတ်ယွမ် ၁ သိန်း ၂ သောင်းရှိခဲ့စဉ် ကွမ်ကျိုးရှိ ဇိမ်ခံအိမ်ဈေးမှာ တရုတ်ယွမ် ၇ သောင်း (အမေရိကန်ဒေါ်လာ ၁ သိန်း သောင်း) ရှိခဲ့ကြောင်း သိရသည်။

ထိုစဉ် တရုတ်ပြည်မကြီးမှ သိသိသာသာမြင့်တက်ခဲ့သော ရင်းနှီးမြှုပ်နှံမှုအဟုန်က ဟောင်ကောင်ရှိ ဇိမ်ခံအိမ်ဈေးမြင့်တက်မှုကို ၇ ဒသမ ၃ ရာခိုင်နှုန်းသို့
ပင့်တင်ပေးခဲ့သည်။

ပေကျင်းနှင့် ရှန်ဟိုင်းတို့၏ ဈေးနှုန်းမြင့်တက်မှုနှုန်းနည်းလာမှုက ၂၀၁၆ တွင် ၅ ဒသမ ၂ ရာခိုင်နှုန်းရှိခဲ့သော အာရှပစိဖိတ်ဒေသ၏ ပျမ်းမျှဈေးနှုန်းမြင့်တက်မှုကို
၂၀၁၇ တွင် ၄ ဒသမ ၄ ရာခိုင်နှုန်းသို့ လျော့ကျစေခဲ့သည်။

တောင်ကိုရီးယားနိုင်ငံ၏ မြို့တော် ဆိုးလ်သည် စာရင်း၏ ထိပ်တန်း ၁၀ နေရာတွင် ပါဝင်သည့် အခြားတစ်ခုတည်းသော အာရှမြို့ဖြစ်သည်။ ယင်း ၁၀
နေရာအနက် အဆင့် ၅ တွင် ဖော်ပြခံခဲ့ရသည့် ဆိုးလ်တွင် ဇိမ်ခံအိမ်ဈေးများ ၁၃ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ အကန့်အသတ်ဖြစ်နေသော ရောင်းလိုအားကြောင့် ဖြစ်ကြောင်း သိရသည်။

ကိပ်တောင်းက ကွမ်ကျိုးနောက်မှ ဒုတိယလိုက်ခဲ့သည်။ ထိုတောင်အာဖရိကနိုင်ငံ၏ မြို့ရှိ ဇိမ်ခံအိမ်ဈေးများသည် ပြီးခဲ့သည့်နှစ်အတွင်း ၁၉ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

ထိပ်တန်း ၁၀ နိုင်ငံစာရင်းနှင့် ၎င်းတို့၏မြင့်တက်မှုနှုန်းများအား အောက်ပါပုံနှင့်တကွ ဖော်ပြအပ်ပါသည်။

ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
ကမ္ဘာ့ဈေးနှုန်းမြင့်တက်မှုနှုန်းအများဆုံးဇိမ်ခံအိမ်ဈေးကွက် - ကွမ်ကျိုး - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

imyanmarmarket
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service