မာရီလင်မွန်းရိုး သရဲဖြစ်ကာခြောက်လှန့်လျက်ရှိသော နေအိမ် (သရဲဖြစ်နေသည့် ကမ္ဘာကျော်တို့ ၏ဝိဥာဉ်များ တည်ရှိရာ နေအိမ်ကြီးများ) - Property News in Myanmar from iMyanmarHouse.com
5501 Views

မာရီလင်မွန်းရိုး သရဲဖြစ်ကာခြောက်လှန့်လျက်ရှိသော နေအိမ် (သရဲဖြစ်နေသည့် ကမ္ဘာကျော်တို့ ၏ဝိဥာဉ်များ တည်ရှိရာ နေအိမ်ကြီးများ)

ကမ္ဘာကျော်အကျော်အမော်တို့သည် တန်ဖိုးကြီးဇိမ်ခံနေအိမ်ကြီးများတွင် နေထိုင်ရခြင်းကို အထူးနှစ်သက်ကြ၏။

သို့ဖြစ်ရာ ကမ္ဘာမြေပေါ်တွင် လူ့သက်တမ်းကုန်ဆုံးပြီးနောက်ပိုင်းတွင်လည်း အဆိုပါနေအိမ်ကြီးများမှ စွန့်ခွာလိုခြင်းမရှိကြသည်မှာ အံ့အားသင့်ဖွယ် မဟုတ်ချေ။

နေအိမ်တည်နေရာမှာ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့၊ ဟယ်လင်နာ ၅ လမ်း၊ အမှတ် ၁၂၃၀၅ တွင် တည်ရှိသည်။

ကာလတန်ကြေးအားဖြင့် ကန်ဒေါ်လာ ၃ ဒသမ ၉ သန်းခန့် ဖြစ်သည်။
မာရီလင်မွန်ရိုးသည် အသက် ၃၆ နှစ်အရွယ် လျှမ်းလျှမ်းတောက် ကျော်ကြားနေချိန်တွင် ငယ်ငယ်ရွယ်ရွယ်ဖြင့် သေဆုံးသွားခဲ့ပြီး နောက်ပိုင်း ဟောလိဝုဒ်ဝန်းကျင် နေရာများစွာတွင် သူ၏ဝိဥာဉ်ကို မြင်တွေ့ရသူ များစွာရှိသည်ဟု ဆိုသည်။

မွန်ရိုးသည် သူ၏မပြီးဆုံးသေးသော အနုပညာလုပ်ငန်းများအတွက် ဟောလိဝုဒ်တွင် ဆက်လက်ကျင်လည်နေပုံရ၏။

မွန်ရိုးသည် ၁၉၆၂ ခုနှစ်တွင် ဆေးလွန်ကာ သေဆုံးခဲ့ခြင်းဖြစ်ပြီး မိမိကိုယ်မိမိ အဆုံးစီရင်သွားခြင်းဖြစ်သည်ဟု ယူဆချက်များလည်း ရှိသည်။

လော့စ်အိန်ဂျလိမြို့ ဘရန့်ထ်ဝုဒ်အရပ်ရှိ ယခုနေအိမ်ကြီးသည်ကား မွန်ရိုးကို မကြာခဏတွေ့ရသည့် နေရာတစ်ခုဖြစ်သည်။

ထို့အပြင် ၁၉၅၀ ပြည့်လွန်ကာလများအတွင်း သူ မကြာခဏတည်းခိုခဲ့ဖူးသည့် ဟောလိဝုဒ် ရုစဗဲ့ဟိုတယ်တွင်လည်း မွန်ရိုး၏ ဝိဥာဉ်ကို မကြာခဏတွေ့မြင်ခဲ့ကြသူများ ရှိသည်။

မွန်ရိုးသည် ရုစဗဲ့ဟိုတယ်တွင် တည်းခိုပါက Cabana Room Suite #246 တွင်သာ အမြဲတည်းခိုလေ့ရှိသည်။

မွန်ရိုးတည်းခိုခဲ့ရာ အခန်းတွင်းတွင် အလွန်ကြီးမားသည့် မှန်ကြီးတစ်ခုရှိသည်။

တစ်နေ့တွင် ဟိုတယ်ဝန်ထမ်းအမျိုးသမီးတစ်ဦးက အခန်းအတွင်း ဖုန်သုတ်နေစဉ် မှန်အတွင်း၌ အမျိုးသမီးတစ်ဦး၏ ပုံရိပ်ကိုတွေ့လိုက်ရ၏။

နောက်သို့လှည့်ကြည့်လိုက်သောအခါတွင်မူ မည်သည့်တစ်စုံတစ်ဦးမှ ရှိမနေခဲ့ချေ။

ယခုအခါတွင်ကား အဆိုပါမှန်ကို ဟိုတယ်၏ lobby ခန်းတွင် ပြောင်းရွှေ့ထားရှိရာ မည်သူမဆို မွန်ရိုး၏ ဝိဥာဉ်ကို တွေ့မြင်နိုင်မည့် အခွင့်အရေးရလာပြီ ဖြစ်၏။
ရုစဗဲ့ဟိုတယ်ဝန်းကျင်တွင် ခြောက်လှန့်လျက်ရှိသည့် အခြားအကျော်အမော်သရဲမှာ နာမည်ကျော်သရုပ်ဆောင် မောင်ဂိုမာရီ ကလစ်ဖ်ဖြစ်ပြီး အသက် ၄၄ နှစ်အရွယ်တွင် သေဆုံးခဲ့ခြင်းဖြစ်ကာ ၁၉၆၆ ခုနှစ်အတွင်း ဖြစ်သည်။

ကလစ်ဖ်သည် ရုစဗဲ့ဟိုတယ်၏ ၉ လွှာရှိ လှေကားများတွင် တက်လိုက်ဆင်းလိုက် လုပ်နေလေ့ရှိသည်ဟု ဆိုသည်။

မွန်ရိုး၏ ဝိဥာဉ်ကို သူ၏ရုပ်အလောင်းမြှုပ်နှံခဲ့ရာ Pierce Brothers Westwood Village Memorial Park အတွင်းတွင်လည်း တွေ့မြင်ခဲ့သူများ ရှိနေသည်။

မာရီလင်မွန်ရိုး၏ ဘရန့်ထ်ဝုဒ်နေအိမ်ကို ကန်ဒေါ်လာ ၇ ဒသမ ၂၅ သန်းဖြင့် ရောင်းချခဲ့ခြင်းဖြစ်ပြီး အရောင်းဈေးကွက်တင်ပြီးနောက် ၂၄ ရက်အကြာတွင် ခေါ်ဈေးထက် များပြားသည့်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးအရောင်းအဝယ်ဖြစ်သည့်ရက်စွဲ- ၂၀၁၇ ခုနှစ်၊ မေလ ၃၁ ရက်
အိပ်ခန်း ၄ ခန်း
ရေချိုးခန်း- ၃ ခန်း
အကျယ်အဝန်း- ၂၆၂၄ စတုရန်းပေ
အရောင်းအဝယ်ဖြစ်ခဲ့သည့်ဈေး- ကန်ဒေါ်လာ ၇,၂၅၀,၀၀၀
ဟယ်လင်နာအရပ်တွင်ရှိသည့် ခြံဝန်းအားလုံးအနက် အကျယ်ဝန်းဆုံး ခြံဝန်းဖြစ်သည်။
အမျိုးအစား- မိသားတစ်စုစာ နေအိမ်
ဆောက်လုပ်ခဲ့သည့်ခုနှစ်- ၁၉၂၉ ခုနှစ်
အအေးပေးစနစ်- မရှိ
ကားရပ်နားရန်- တစ်စင်းစာ
ခြံဝန်းအကျယ်- ၀ ဒသမ ၅၃ ဧက
အပူပေးစနစ်- ဓာတ်ငွေ့
အိမ်သုံးပစ္စည်းများ- ပန်းကန်ဆေးစက်၊ ဖရီဇာ၊ ရေခဲသေတ္တာ

မာရီလင်မွန်းရိုးသည် အမေရိကန်သရုပ်ဆောင်၊ မော်ဒယ်ဖြစ်ပြီး ၁၉၂၆ ခုနှစ် ၊ ဇွန်လ ၁ ရက်တွင် မွေးဖွားကာ ၁၉၆၂ ခုနှစ် ၊ သြဂုတ်လ ၅ ရက်တွင် ကွယ်လွန်သည်။

လော့စ်အိန်ဂျလိမြို့တွင် မွေးဖွားပြီး ကလေးဘဝကာလအများစုကို မိဘမဲ့ဂေဟာများတွင် ကုန်လွန်ဖြတ်သန်းခဲ့ရကာ အသက် ၁၆ နှစ်အရွယ်တွင် လက်ထပ်ခဲ့သည်။

မာရီလင်မွန်ရိုးသည် ၂ ကြိမ် အိမ်ထောင်ပြုခဲ့ရာတွင် ဘေ့စ်ဘောကြယ်ပွင့် ဂျိုး ဒီမက်ဂီယိုနှင့် ပြဇာတ်ရေးဆရာ အာသာမေလာတို့ဖြစ်ပြီး ၂ ဦးလုံးနှင့် ကွာရှင်းပြတ်စဲခဲ့သည်။

၁၉၅၀ ပြည့်လွန်ကာလများတွင် လိင်ဆွဲဆောင်မှုအပြင်းဆုံးအမျိုးသမီးတစ်ဦးအဖြစ် နာမည်ကျော်ခဲ့သည်။

သူ၏ ရုပ်ရှင်ဇာတ်ကားများမှ ကန်ဒေါ်လာ သန်း ၂၀၀ ကျော်ရရှိခဲ့ပြီးဖြစ်သည်။

အိမ်အလုပ်သမားဖြစ်သူ ယူနိုက်စ် မာရေးသည် မနက် ၃နာရီခန့်တွင် အိပ်ယာမှ နိုးလာချိန်၌ မွန်ရိုး၏ အိပ်ခန်း မီးလင်းနေသည်ကို တွေ့ခဲ့ရပြီး သွားရောက်ခေါ်ငင်ရာ တုန့်ပြန်မှုမရှိဘဲ တံခါးကို အတွင်းမှ ပိတ်ထားသည်ကို တွေ့ရသည်။မာရေးက မွန်ရိုး၏ ဆရာဝန် ဒေါက်တာ ဟိုင်မန်း အန်ဂျယ်ဘာ့ ကို ခေါ်ယူရာ နံနက် ၃း ၅၀ အချိန်တွင် ရောက်ရှိလာခဲ့ပြီး အခန်းပြတင်းမှန်ကို ခွဲကာဝင်ရောက်ကြည့်ရှု ရာတွင် မွန်ရိုးသေဆုံးနေသည်ကို တွေ့ရှိရသည်။

နံနက် ၄း ၂၅ အချိန်တွင် လော့စ်အိန်ဂျလိစ် ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့သည်။

မွန်ရိုး၏ အမှုကို “လော့စ်အိန်ဂျလိစ် မိမိကိုယ်ကို အဆုံးစီရင်မှုကာကွယ်ရေးအသင်း” မှ ကျွမ်းကျင် ပညာရှင်များနှင့် ဆေးပညာရှင်များ စစ်ဆေးခဲ့ကြပြီး သေဆုံးရခြင်း အကြောင်းအရင်းမှာ ပြင်းထန်သည့် စိတ်ငြိမ်ဆေး အဆိပ်သင့်မှု ဖြစ်ကြောင်း တွေ့ရှိခဲ့ကြသည်။

သူ၏သွေးထဲတွင် ကလိုရယ်ဟိုက်ဒရိတ် ရာခိုင်နှုန်း ၈ မီလီဂရမ်၊ ပန်တို ဘာပီတယ်ရာခိုင်နှုန်း ၄ ဒသမ ၅ မီလီဂရမ်အပြင် အသည်းအတွင်း၌ ပန်တိုဘာပီတယ်ရာခိုင်နှုန်း ၁၃ မီလီဂရမ် စစ်ဆေးတွေ့ရှိခဲ့သည်။
အဆိုပါ ပမာဏမှာ သေစေနိုင်သည့် အတိုင်းအတာထက် အဆပေါင်းများစွာ ကျော်လွန်နေသည်ဟု ဆိုသည်။

သူ၏ အိပ်ယာဘေးတွင်လည်း ဆေးပုလင်းအလွတ်များ တွေ့ရှိခဲ့သည်။

မွန်ရိုး ရုတ်တရက် သေဆုံးသွားမှုကို အမေရိကန်နှင့် ဥရောပရှိ သတင်းစာတိုင်းက မျက်နှာဖုံး သတင်းအဖြစ် ဖော်ပြခဲ့ကြသည်။

မွန်ရိုး သေဆုံးပြီးနောက်ပိုင်း လော့စ်အိန်ဂျလိစ်တွင် မိမိကိုယ်ကို အဆုံးစီရင်မှု နှစ်ဆခန့်မြင့်တက်လာခဲ့ပြီး သတင်းစာများ၏ ရောင်းအားမှာလည်း တစ်ဟုန်တိုး ထိုးတက်သွားခဲ့ကြသည်။

ချီကာဂိုထရီဗြွန်း သတင်းစာသို့ မွန်ရိုးသေဆုံးမှုနှင့် စပ်လျဉ်း၍ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းမှုပေါင်း တစ်နေ့လျှင် အကြိမ်ရာနှင့် ချီ၍ ရှိခဲ့သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
မာရီလင်မွန်းရိုး သရဲဖြစ်ကာခြောက်လှန့်လျက်ရှိသော နေအိမ် (သရဲဖြစ်နေသည့် ကမ္ဘာကျော်တို့ ၏ဝိဥာဉ်များ တည်ရှိရာ နေအိမ်ကြီးများ) - Property News in Myanmar from iMyanmarHouse.com
မာရီလင်မွန်းရိုး သရဲဖြစ်ကာခြောက်လှန့်လျက်ရှိသော နေအိမ် (သရဲဖြစ်နေသည့် ကမ္ဘာကျော်တို့ ၏ဝိဥာဉ်များ တည်ရှိရာ နေအိမ်ကြီးများ) - Property News in Myanmar from iMyanmarHouse.com
မာရီလင်မွန်းရိုး သရဲဖြစ်ကာခြောက်လှန့်လျက်ရှိသော နေအိမ် (သရဲဖြစ်နေသည့် ကမ္ဘာကျော်တို့ ၏ဝိဥာဉ်များ တည်ရှိရာ နေအိမ်ကြီးများ) - Property News in Myanmar from iMyanmarHouse.com
မာရီလင်မွန်းရိုး သရဲဖြစ်ကာခြောက်လှန့်လျက်ရှိသော နေအိမ် (သရဲဖြစ်နေသည့် ကမ္ဘာကျော်တို့ ၏ဝိဥာဉ်များ တည်ရှိရာ နေအိမ်ကြီးများ) - Property News in Myanmar from iMyanmarHouse.com
မာရီလင်မွန်းရိုး သရဲဖြစ်ကာခြောက်လှန့်လျက်ရှိသော နေအိမ် (သရဲဖြစ်နေသည့် ကမ္ဘာကျော်တို့ ၏ဝိဥာဉ်များ တည်ရှိရာ နေအိမ်ကြီးများ) - Property News in Myanmar from iMyanmarHouse.com
မာရီလင်မွန်းရိုး သရဲဖြစ်ကာခြောက်လှန့်လျက်ရှိသော နေအိမ် (သရဲဖြစ်နေသည့် ကမ္ဘာကျော်တို့ ၏ဝိဥာဉ်များ တည်ရှိရာ နေအိမ်ကြီးများ) - Property News in Myanmar from iMyanmarHouse.com
မာရီလင်မွန်းရိုး သရဲဖြစ်ကာခြောက်လှန့်လျက်ရှိသော နေအိမ် (သရဲဖြစ်နေသည့် ကမ္ဘာကျော်တို့ ၏ဝိဥာဉ်များ တည်ရှိရာ နေအိမ်ကြီးများ) - Property News in Myanmar from iMyanmarHouse.com
မာရီလင်မွန်းရိုး သရဲဖြစ်ကာခြောက်လှန့်လျက်ရှိသော နေအိမ် (သရဲဖြစ်နေသည့် ကမ္ဘာကျော်တို့ ၏ဝိဥာဉ်များ တည်ရှိရာ နေအိမ်ကြီးများ) - Property News in Myanmar from iMyanmarHouse.com
မာရီလင်မွန်းရိုး သရဲဖြစ်ကာခြောက်လှန့်လျက်ရှိသော နေအိမ် (သရဲဖြစ်နေသည့် ကမ္ဘာကျော်တို့ ၏ဝိဥာဉ်များ တည်ရှိရာ နေအိမ်ကြီးများ) - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွာ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service