ထိုင်းနိုင်ငံရှိ ခိုဂျွမ်းကျွန်း ရောင်းချမည် (အရောင်းဈေးကွက်ဝင်လာသည့် ကျွန်းများ) - Property News in Myanmar from iMyanmarHouse.com
6810 Views

ထိုင်းနိုင်ငံရှိ ခိုဂျွမ်းကျွန်း ရောင်းချမည် (အရောင်းဈေးကွက်ဝင်လာသည့် ကျွန်းများ)

အမည်- ခိုဂျွမ်းကျွန်း
တည်နေရာ- ကပ္ပလီပင်လယ်ပြင်အတွင်း ခို လန်တာကျွန်း၏ မြောက်ဘက် ၁၅ ကီလိုမီတာ၊ ထိုင်းနိုင်ငံ
ဖွံ့ဖြိုးမှုအခြေအနေ- ဆောက်လုပ်မွမ်းမံပြီး
ပိုင်ဆိုင်မှု- ဂရမ်မြေ (အငှား)
အမျိုးအစား- ကျွန်းစု
ဈေးနှုန်း- ကန်ဒေါ်လာ ၃,၆၀၀,၀၀၀
အကျယ်အဝန်း- ၇ ဧက

ခိုဂျွမ်းကျွန်းသည် ထိုင်းနိုင်ငံ၊ ကရာဘိပြည်နယ်အတွင်း ကပ္ပလီပင်လယ်ပြင်တွင် တည်ရှိပြီး သဘာဝအတိုင်း မပျက်မစီးတည်ရှိဆဲ ဖြစ်သည့် အေးချမ်းဆိတ်ငြိမ်သော ကျွန်းတစ်ခု ဖြစ်သည်။

ခိုလန်တာကျွန်း၏ မြောက်ဘက် ၁၅ ကီလိုမီတာ၊ နာမည်ကျော် ဖိုင်ဖိုင်ကျွန်း၏ အနောက်ဘက် ၁၅ ကီလိုမီတာအကွာတွင် တည်ရှိသည်။

ကရာဘိမြို့မှ တစ်နှစ်ပတ်လုံး လွယ်ကူစွာ သွားရောက်နိုင်ပြီး ဘတ်စ်ကားဖြင့် မိနစ် ၄၀၊ လှေဖြင့် မိနစ် ၄၀ ခရီးသာ ကွာဝေးသည်။

ခိုဂျွမ်းကျွန်းသည် အုန်းစိုက်ခင်းတစ်ခုလည်းဖြစ်ပြီး ပင်လယ်ဗာဒံ၊ သီဟိုဠ်သရက်တို့ အပါအဝင် အခြားထိုင်းဒေသတွင်း သစ်ပင်မျိုးစိတ်များလည်း စုံလင်စွာ ပေါက်ရောက်လျက်ရှိသည်။

အနောက်ဘက်သို့ မျက်နှာမူသည့် သဲသောင်ပင်လယ်ကမ်းခြေအလျား ၂၅၄ မီတာရှိပြီး ယင်းကမ်းစပ်မှ ဖိုင်ဖိုင်ကျွန်းရှိရာသို့ ဆည်းဆာချိန်များတွင် ကြည့်ရှုရသည့်မြင်ကွင်းအလှမှာ သာယာလှပအေးချမ်းလှသည်။

ရောင်းချမည့် ခိုဂျွမ်းကျွန်းပေါ်တွင် အပန်းဖြေတည်ခိုစခန်းလည်း ပါဝင်ပြီး အပန်းဖြေစခန်းအဖြစ်အောင်မြင်စွာ လည်ပတ်လုပ်ကိုင် နေသည့် လုပ်ငန်းတစ်ခုလည်း ဖြစ်ကာ သစ်သားဘန်ဂလို ၁၉ လုံး ပါဝင်သည်။

စုစုပေါင်းကမ်းခြေအလျား ၃ ကီလိုမီတာရှိပြီး ကမ်းခြေတွင် စတုရန်းမီတာ ၂၀၀ ကျယ်ဝန်းသည့်စားသောက်ဆိုင်တစ်ခုနှင့် အရက်ဘားတို့လည်း ပါဝင်သည်။

အရက်ဘားနှင့် စားသောက်ဆိုင်တို့တွင် ကျွန်းပရိဘောဂများ၊ စားဖိုမှူးသုံး ပစ္စည်းကိရိယာများ အစုံအလင် ထည့်သွင်းပေးထားသည်။

စီးပွားရေးလုပ်ကိုင်လိုသည့် လုပ်ငန်းရှင်များ ချက်ချင်းဝယ်ယူနိုင်သည်ဟု ဆိုသည်။

အပန်းဖြေစခန်းကို အဆောက်အအုံဆောက်လုပ်မှု လိုင်စင်၊ ဟိုတယ်လိုင်စင်တို့ဖြင့် ဆောက်လုပ်ဖွင့်လှစ်ထားခြင်း ဖြစ်သည်။

ရေသန့်စင်စနစ်အသုံးပြုထားသည့် ရေကူးကန်တစ်ခု ပါဝင်ပြီး လျှပ်စစ်ဓာတ်အားကို ကိုယ်ပိုင်ထရန်စဖော်မာမှ ရရှိနိုင်ပြီး ပင်မဓာတ်အားပေးစနစ်ချွတ်ယွင်းပါကလည်း မီးအားပေးစက်ဖြင့် ဓာတ်အားရရှိနိုင်သည်။

အပိုအနေဖြင့် အိပ်ခန်း ၃ ခန်း၊ ရေချိုးခန်း ၃ ခန်းပါဝင်ကာ စတုရန်းမီတာ ၁၅၀ ကျယ်ဝန်းသည့် ၂ ထပ်အဆောက်အအုံတစ်လုံး ပါဝင်သေးသည်။

အဆိုပါအဆောက်အအုံကို ထိုင်းဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားပြီး စီမံခန့်ခွဲရေးအဆောက်အအုံအဖြစ် အသုံးပြုနိုင်သည်။

ယေဘုယျအားဖြင့်မူ ထိုင်းနိုင်ငံတွင် ဘိုးဘွားပိုင်ကျွန်းများကို နိုင်ငံခြားသားများအား ဝယ်ယူပိုင်ဆိုင်ခွင့်မပြုချေ။

သို့ရာတွင် ငွေကြေးအလုံးအရင်း ရင်းနှီးမြှုပ်နှံမည့်သူများ၊ developer များကိုမူ ချွင်းချက်အနေဖြင့် မကြာခဏခွင့်ပြုလေ့ရှိခဲ့သည်။

ထိုင်းနိုင်ငံတွင် မြေယာပိုင်ဆိုင်ထားကြသည့်နိုင်ငံခြားသား အများစုမှာ နှစ် ၃၀ အငှားချထားမှုဖြင့် ပိုင်ဆိုင်ကြခြင်းဖြစ်ပြီး နှစ် ၃၀ နောက်ထပ် ၂ ကြိမ်ကို ကြိုတင်ငွေပေးချေမှုစနစ်ဖြင့် ဖြစ်သည်။

ထိုင်းနိုင်ငံတွင် အရောင်းဈေးကွက်သို့ဝင်လာသည့် ကျွန်းများမှာ အများအားဖြင့် ကပ္ပလီပင်လယ်ပြင်အတွင်းဖြစ်ပြီး ထိုင်းနိုင်ငံ၏ အနောက်ဘက်ကမ်းရိုးတန်းတွင် တည်ရှိသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ထိုင်းနိုင်ငံရှိ ခိုဂျွမ်းကျွန်း ရောင်းချမည် (အရောင်းဈေးကွက်ဝင်လာသည့် ကျွန်းများ) - Property News in Myanmar from iMyanmarHouse.com
ထိုင်းနိုင်ငံရှိ ခိုဂျွမ်းကျွန်း ရောင်းချမည် (အရောင်းဈေးကွက်ဝင်လာသည့် ကျွန်းများ) - Property News in Myanmar from iMyanmarHouse.com
ထိုင်းနိုင်ငံရှိ ခိုဂျွမ်းကျွန်း ရောင်းချမည် (အရောင်းဈေးကွက်ဝင်လာသည့် ကျွန်းများ) - Property News in Myanmar from iMyanmarHouse.com
ထိုင်းနိုင်ငံရှိ ခိုဂျွမ်းကျွန်း ရောင်းချမည် (အရောင်းဈေးကွက်ဝင်လာသည့် ကျွန်းများ) - Property News in Myanmar from iMyanmarHouse.com
ထိုင်းနိုင်ငံရှိ ခိုဂျွမ်းကျွန်း ရောင်းချမည် (အရောင်းဈေးကွက်ဝင်လာသည့် ကျွန်းများ) - Property News in Myanmar from iMyanmarHouse.com
ထိုင်းနိုင်ငံရှိ ခိုဂျွမ်းကျွန်း ရောင်းချမည် (အရောင်းဈေးကွက်ဝင်လာသည့် ကျွန်းများ) - Property News in Myanmar from iMyanmarHouse.com
ထိုင်းနိုင်ငံရှိ ခိုဂျွမ်းကျွန်း ရောင်းချမည် (အရောင်းဈေးကွက်ဝင်လာသည့် ကျွန်းများ) - Property News in Myanmar from iMyanmarHouse.com
ထိုင်းနိုင်ငံရှိ ခိုဂျွမ်းကျွန်း ရောင်းချမည် (အရောင်းဈေးကွက်ဝင်လာသည့် ကျွန်းများ) - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service