မန်းအိမ်ခြံမြေဈေးကွက် ရောင်းဝယ်ရန် အချိန်ကောင်းဖြစ်ဟုဆို - Property News in Myanmar from iMyanmarHouse.com
4762 Views

မန်းအိမ်ခြံမြေဈေးကွက် ရောင်းဝယ်ရန် အချိန်ကောင်းဖြစ်ဟုဆို

မန္တလေးမြို့ အိမ်ခြံမြေဈေးကွက်မှာ နှစ်ကာလကြာရှည်စွာ အရောင်းအဝယ်အေးစက်နေသော်လည်း ရောင်းလို၊ ဝယ်လိုသူများအတွက် ယခုအချိန်သည် သင့်တော်သောအချိန်ဖြစ်ကြောင်း အိမ်ခြံမြေအကျိုးဆောင်အချို့က ပြောသည်။

လွန်ခဲ့သော ခြောက်နှစ်ကျော်မှစတင်၍ အိမ်ခြံမြေဈေးကွက်တွင် ငွေကြေးကစားမှုကြောင့် အိမ်မြေဈေးနှုန်းများအဆမတန်မြင့်တက်ကာ အရောင်းအဝယ် အေးခဲ့ပြီးနောက်၊ ၂ဝ၁၆ ခုနှစ် အခွန်အကောက်ဥပဒေသစ် သတ်မှတ်ချက်ကြောင့် အရောင်းအဝယ်မှာ ထပ်ဆင့်အေးစက်သွားခဲ့ရသည်။

သို့သော် ယခုအခါ အိမ်မြေဈေးနှုန်းများမှာ အလုပ်ဖြစ်အောင် ညှိနှိုင်းရောင်းချလာသော အနေအထားများရှိလာကာ၊ အခွန်လျှော့ပေါ့သတ်မှတ်ပေးမည့် အခြေအနေရှိလာခြင်းကြောင့် အရောင်းအဝယ်လုပ်ရန်အတွက် တွေဝေမနေသင့်သောအချိန် ဖြစ်လာကြောင်း မန္တလေးအခြေစိုက် ဖိုးလမင်းအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဦးဝဏ္ဏစိုးက ပြောသည်။

''ကာလရှည် ဈေးကွက်အေးနေတဲ့ အနေအထားအရ ရောင်းချလိုသူတွေကလည်း မဖြစ်နိုင်တဲ့ ဈေးတန်းကို မခေါ်ကြတော့ဘဲ ညှိ နှိုင်းရောင်းချင်တဲ့ပုံစံတွေ ဖြစ်လာကြပါတယ်။ အခွန်ဥပဒေကြမ်းအရ ပထမခြောက်လကို ၃ ရာခိုင်နှုန်း၊ ဒုတိယခြောက်လကို ၅ ရာခိုင်နှုန်းပဲ အခွန်ဆောင်ရဖို့ရှိတယ်လို့ ကြားနေရတော့ ဒီအချိန်ဟာ အရောင်းအဝယ်လုပ်ဖို့ အချိန်အခါကောင်းပဲလို့ ပြောချင်ပါတယ်''ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ၂ဝ၁၆ အခွန်အကောက်သတ်မှတ်ချက်ကြောင့် ကျပ်သိန်း ၃ဝဝ ဝန်းကျင် အိမ်နှင့်မြေများမှာ အရောင်းအဝယ် သိသိသာသာအေးသွားခဲ့ပြီး မဖြစ်မနေမှသာ အရောင်းအဝယ်ဖြစ်ကြသည်ဟု ဆိုသည်။

''တချို့လမ်းတွေက မပြုပြင်ရသေးလို့ အကွက်အကွင်းမပေါ်ဘူးဖြစ်နေတာ။ တစ်ချိန်မှာ လမ်းကောင်းသွားရင် လမ်းကျယ်၊ လမ်းကောင်းတွေပါ။ မြေဈေးကွက်က အေးနေတော့ အများစုက မလှုပ်ရှားရဲဘူးဖြစ်နေတာ။ ရောင်းမယ့်သူကလည်း အများကြီးလျှော့မရောင်းရဲ၊ ဝယ်မယ့်သူကလည်း မဝယ်ရဲဖြစ်နေတာ။ ဒီအချိန်က ဝယ်သူအတွက် ပိုအားသာချက်ရှိတဲ့ အချိန်ကောင်းပါ''ဟု အိမ်ခြံမြေအကျိုးဆောင် ဦးပြူးက ပြောသည်။

လတ်တလောတွင် ဈေးကွက်ထဲ၌ ကျပ်သိန်း ၁,ဝဝဝ မှ ၅,ဝဝဝ ကြား အိမ်မြေများမေးမြန်းမှုများရှိလာပြီဟု ဦးဝဏ္ဏစိုးက ပြောသည်။

Credit: Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွာ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွာ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service