စင်္ကာပူတွင် စံချိန်တင်မြေရောင်းအားကြောင့် ပုဂ္ဂလိကအိမ်ဈေးများ မြင့်တက်နိုင် - Property News in Myanmar from iMyanmarHouse.com
4837 Views

စင်္ကာပူတွင် စံချိန်တင်မြေရောင်းအားကြောင့် ပုဂ္ဂလိကအိမ်ဈေးများ မြင့်တက်နိုင်

စင်္ကာပူတွင် မြေနေရာများအား လေလံဆွဲဝယ်ယူမှုများ စံချိန်တင်
များပြားလာမှုကြောင့် အနာဂတ်တွင် စင်္ကာပူပုဂ္ဂလိကအိမ်ဈေးများ
ပိုမိုမြင့်တက်နိုင်ဖွယ်ရှိကြောင်း Knight Frank Singapore အိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီ၏ သုတေသနခေါင်းဆောင် အဲလစ်တန်က ပြောကြားခဲ့သည်။

ပြီးခဲ့သော အိမ်ဈေးကျဆင်းမှုဖြစ်သည့် ၂၀၁၃ ခုနှစ်နှောင်းပိုင်းနှင့် ၂၀၁၇
ခုနှစ်ဒုတိယသုံးလပတ်အကြား အိမ်ဈေးများ ကျဆင်းမှုကလည်း လက်ရှိတွင်
အိမ်ဈေးမြင့်တက်စေသောအကြောင်းခံဖြစ်သည့် ၀ယ်လိုအားမြင့်တက်မှုကို
ဖြစ်စေသည်။ ထို့အပြင် ယခုအခါ ဇိမ်ခံအိမ်များကလည်း ကမ္ဘာတစ်ဝန်း
အခြားဈေးကွက်ကြီးများရှိ ဇိမ်ခံအိမ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်လျှင် ၀ယ်ယူရင်းနှီးမြှုပ်နှံရန်ပိုမိုတတ်နိုင်မှုတို့ကြောင့် ရင်းနှီးမြှုပ်နှံသူများအား ဆွဲဆောင်နေသည်။

စင်္ကာပူတွင် အဆင့်မြင့်အိမ်များ၏ ပျမ်းမျှဈေးနှုန်းမှာ ၁ စတုရန်းပေလျှင်
အမေရိကန်ဒေါ်လာ ၁၇၆၃ ဒေါ်လာ ဖြစ်ပြီး လန်ဒန်အလယ်ပိုင်းနှင့်
ဟောင်ကောင်တို့၌ အမေရိကန်ဒေါ်လာ ၂,၅၂၀ နှင့် အမေရိကန်ဒေါ်လာ
၃,၂၀၀ အသီးသီးဖြစ်ကြသည်။

စံချိနှ်တင်မြေအရောင်းအဝယ်များ ပိုမိုများပြားဖြစ်ပွားလာသည့် စင်္ကာပူတွင်
ယခုနှစ်အတွင်း အိမ်ခြံမြေ developer (မြေယာဝယ်ယူ၍ အဆောက်အအုံဆောက်လုပ်ရောင်းချသူ) များမှ မြေဝယ်ယူမှုသည် ဒေါ်လာ ၁၆ ဘီလျံ ရှိနိုင်ကြောင်း အိမ်ခြံမြေအတိုင်ပင်ခံလုပ်ငန်း Cushman & Wakefield က ခန့်မှန်းထားသည်။

"အိမ်ခြံမြေဈေးကွက် နာလန်ထူစ စပ်ကူးမပ်ကူးကာလ ဖြစ်နေတာကြောင့်
developer တွေဟာ အစိုးရရဲ့ မြေတင်ဒါခေါ်မှုတွေနဲ့
ပုဂ္ဂလိကမြေရောင်းချမှုတွေကတစ်ဆင့် မြေတွေလိုက်ဝယ်နေကို
တိုးလို့ပိုလုပ်လာဖွယ်ရှိပါတယ်" ဟု ကမ္ဘာ့အိမ်ခြံမြေဝန်ဆောင်မှုကုမ္ပဏီ Colliers International ၏ စင်္ကာပူနိုင်ငံဆိုင်ရာ သုတေသနခေါင်းဆောင်နှင့် ဒါရိုက်တာ ထရစ်ရှာဆုန်ကလည်း ပြောကြားခဲ့သည်။

အထက်ဖော်ပြပါခန့်မှန်းချက်အတိုင်း ၂၀၁၈ လူနေမြေရောင်းအား ရှိပါက ဒေါ်လာ ၁၂ ဒသမ ၈ ဘီလျံရှိခဲ့သည့် ၂၀၁၇ ထက်သာလွန်ပြီး ပုဂ္ဂလိကအိမ်ဈေးများလည်း မြင့်တက်လာနိုင်ဖွယ်ရှိကြောင်း သိရသည်။

ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service