ဂျပန်တွင် နင်ဂျာသိုင်းသမားတို့ လာရောက်လုပ်ကြံမည်ကို ကာကွယ်ရန်အတွက် ဖြတ်သန်းနင်းလျှောက်လိုက်သည်နှင့် အချက်ပေးသံများ ထွက်ပေါ်လာစေမည့် ကြမ်းခင်းများစီမံဆောက်လုပ်ထားသည့် ညိဂျောက်ရဲတိုက်ကြီး - Property News in Myanmar from iMyanmarHouse.com
6365 Views

ဂျပန်တွင် နင်ဂျာသိုင်းသမားတို့ လာရောက်လုပ်ကြံမည်ကို ကာကွယ်ရန်အတွက် ဖြတ်သန်းနင်းလျှောက်လိုက်သည်နှင့် အချက်ပေးသံများ ထွက်ပေါ်လာစေမည့် ကြမ်းခင်းများစီမံဆောက်လုပ်ထားသည့် ညိဂျောက်ရဲတိုက်ကြီး

ဥရောပတစ်လွှားတွင် အနောက်တိုင်းဟန်ရဲတိုက်များ များစွာတွေ့မြင်ရမည်ဖြစ်သည်။ သို့ရာတွင် ဂျပန်ရဲတိုက်များသည်ကား လူအများသိရှိထားသည့် ဥရောပရဲတိုက်တို့နှင့် ပုံပန်းသဏ္ဍာန်လုံးဝခြားနားသည်။

ချမ်းသာကြွယ်ဝသူတို့သည် ရဲတိုက်များဆောက်လုပ်ကြရာတွင် လှပခန့်ငြားရုံအတွက်သာမက အခြားတူညီသောရည်ရွယ်ချက်တစ်ခုဖြင့် ဆောက်လုပ်ကြရာ လုံခြုံသည့်အကာအကွယ်ရရှိနိုင်ရေးသာဖြစ်လေသည်။

ဂျပန်နိုင်ငံတွင် ရဲတိုက်များကို အများအပြားဆောက်လုပ်လာသည်မှာ ၁၅ ရာစုတွင်ဖြစ်ပြီး ဂျပန်ပြည်ကြီး အဘက်ဘက်မှ ယိုယွင်းနေချိန်ကာလအတွင်း ဖြစ်သည်။

နောက်ပိုင်းရာစုနှစ်များတွင် ရဲတိုက်များကို အုပ်ချုပ်ရေးဆိုင်ရာအခြေချနေရာများအဖြစ် ရည်ရွယ်ဆောက်လုပ်လာကြသည်။

ရဲတိုက်များ ဆောက်လုပ်မှု အထွတ်အထိပ်သို့ ရောက်ရှိချိန်တွင် ဂျပန်နိုင်ငံတစ်ဝန်းလုံး၌ ရဲတိုက်ပေါင်း ၅၀၀၀ ကျော်အထိ ရှိခဲ့သည်။

ယနေ့ကာလတွင်မူ ထိုခေတ်က ဆောက်လုပ်ခဲ့သော ရဲတိုက်များမှာ ဒါဇင်ဂဏန်းခန့်သာ တွေ့မြင်နိုင်တော့သည်။

ထုံးစံအားဖြင့် ကျောက်တုံး၊ သစ်တို့ဖြင့်သာ ဆောက်လုပ်လေ့ရှိသည်။
ဂျပန်နိုင်ငံတွင် ဆောက်လုပ်ခဲ့သမျှ ရဲတိုက်များအနက် အခမ်းနားဆုံးအဖြစ် အားလုံးသုံးသပ်ကြသည်မှာ ရှီမဂျိရဲတိုက်ကြီးဖြစ်သည်။

ကိုဘေးပြည်နယ်တွင်တည်ရှိပြီး ထင်ရှားသည့်ပြယုဂ်မှာ အဖြူရောင်မျှော်စင်များ ဖြစ်သည်။

ရဲတိုက်အဆောက်အအုံတစ်ခုလုံးကို တောင်ကုန်းတစ်ခုထိပ်တွင် တည်ဆောက်ထားပြီး အခန်းနေရာပေါင်း ၈၃ ခုဖြင့် ဖွဲ့စည်းထားကာ တစ်နေရာနှင့်တစ်နေရာသို့ စင်္ကြန်လမ်းများဖြင့် ဆက်သွယ်ပေးထားသည်။

၆ ထပ်အမြင့်ရှိပြီး ရှီမဂျိမြို့တွင်းရှိ မည်သည့်နေရာမှမဆို ရဲတိုက်ကြီးကို တွေ့မြင်နိုင်သည်။

အခြားထူးခြားသည့် ရဲတိုက်မှာ ဂျပန်နိုင်ငံ၏ မြို့တော်ဟောင်းဖြစ်သော ကျိုတိုမြို့တွင် တည်ရှိသည့် “ညိဂျောက်” (Nijō) ရဲတိုက်ကြီးဖြစ်ပြီး ထူးခြားချက်မှာ “တေးဆိုငှက်ကြမ်းခင်း” များ ထည့်သွင်းဆောက်လုပ်ထားခြင်း ဖြစ်သည်။

ရဲတိုက်ကြီးအတွင်းသို့ ညဥ့်အချိန်တွင် နင်ဂျာသိုင်းသမားများ လျှို့ဝှက်ဝင်ရောက်လုပ်ကြံမည်ကို ကာကွယ်ရန်အတွက် အထူးဒီဇိုင်းရေးဆွဲဆောက်လုပ်ထားခြင်းဖြစ်သည်။

အီဒိုခေတ်တွင် အဆိုပါနည်းပညာကို စတင်တီထွင်ခဲ့ခြင်းဖြစ်ပြီး ၁၇ ရာစုအစောပိုင်းမှ စတင်ကာ ၁၈၆၀ ပြည့်လွန် နှောင်းပိုင်းကာလများအထိ အသုံးပြုခဲ့ကြသည်။

ဒိုင်မြိုဟုခေါ်သည့် နယ်စားများသည် အဆိုပါရဲတိုက်များတွင် လုံခြုံစွာနေထိုင်ကြကာ ၎င်းတို့၏ မြေယာများကို ထိန်းချုပ်ခြင်း၊ အုပ်ချုပ်ခြင်းများ ပြုလုပ်ကြသည်။

ထိုခေတ်ထိုကာလက ဂျပန်နိုင်ငံတွင် ရန်သူများကို ကြေးစားနင်ဂျာသိုင်းသမားများ ငှားရမ်းကာ လုပ်ကြံကြလေ့ရှိသည်။

နင်ဂျာတို့သည် ခုခံရန် မဖြစ်နိုင်လောက်အောင် အစွမ်းထက်ကြသည်ဟု ထိုအချိန်က လက်ခံသိရှိထားခဲ့ကြသည်။

ညိဂျောက်ရဲတိုက်ကြီးကို ဂျပန်နိုင်ငံတဝန်းရှိ အတော်ဆုံး လက်မှုပညာရှင်များ၊ လက်သမားများခေါ်ယူကာ ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

တေးဆိုငှက်ကြမ်းခင်းများကို ဂျပန်ဘာသာအားဖြင့် “ယူဂွီး ဆုဘရီ” ဟုခေါ်ပြီး ခြုံခိုတေးဆိုသည့် အစောင့်ဟု အဓိပ္ပာယ်ရသည်။

ကြမ်းပြင်ပေါ်သို့ နင်းလိုက်သည်နှင့် ငှက်မြည်သံကဲ့သို့ အသံများ ထွက်ပေါ်လာစေရန် စီမံထားခြင်း ဖြစ်သည်။

ခြေဖော့ကာနင်းလျှောက်လျှင်ပင် တိတ်ဆိတ်သော ညဥ့်အခါတွင် ကောင်းစွာကြားရနိုင်သည့်အသံ ထွက်ရှိစေမည်ဖြစ်သည်။

အီဒိုခေတ်အတွင်း ညိဂျောက်ရဲတိုက်သို့ ဒိုင်မြိုများ များစွာလာရောက်လည်ပတ်ခဲ့ကြသည့်အပြင် စစ်ဘုရင်ဟုခေါ်ကြသော ရှိုဂန်းများလည်း လာရောက်ခဲ့ကြဖူးသည်။

ညိဂျောက်ရဲတိုက်ကြီး၏ ကြမ်းခင်းများသည် ယနေ့တိုင် တေးဆိုငှက်တို့၏ အော်မြည်သံများ ထွက်ရှိနေဆဲဖြစ်သော်လည်း ယနေ့အခါတွင်မူ ကမ္ဘာလှည့်ခရီးသည်တို့ လေ့လာရန်နေရာတစ်ခု ဖြစ်နေလေပြီ။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဂျပန်တွင် နင်ဂျာသိုင်းသမားတို့ လာရောက်လုပ်ကြံမည်ကို ကာကွယ်ရန်အတွက် ဖြတ်သန်းနင်းလျှောက်လိုက်သည်နှင့် အချက်ပေးသံများ ထွက်ပေါ်လာစေမည့် ကြမ်းခင်းများစီမံဆောက်လုပ်ထားသည့် ညိဂျောက်ရဲတိုက်ကြီး - Property News in Myanmar from iMyanmarHouse.com
ဂျပန်တွင် နင်ဂျာသိုင်းသမားတို့ လာရောက်လုပ်ကြံမည်ကို ကာကွယ်ရန်အတွက် ဖြတ်သန်းနင်းလျှောက်လိုက်သည်နှင့် အချက်ပေးသံများ ထွက်ပေါ်လာစေမည့် ကြမ်းခင်းများစီမံဆောက်လုပ်ထားသည့် ညိဂျောက်ရဲတိုက်ကြီး - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service