အင်္ဂလန်တွင် ဖခင်ကွယ်လွန်ပြီးနောက် သမီး ၄ ဦးက နေအိမ်ကြီးကို ၄ ပိုင်းပိုင်းခြား နေထိုင်ရာ နှစ်ပေါင်း ၂၅၀ ကြာမှ တစ်အိမ်တည်းပြန်လည်ပေါင်းစည်းပေးနိုင်ခဲ့သည့် သရဲခြောက်သောနေအိမ်ကြီး - Property News in Myanmar from iMyanmarHouse.com
6451 Views

အင်္ဂလန်တွင် ဖခင်ကွယ်လွန်ပြီးနောက် သမီး ၄ ဦးက နေအိမ်ကြီးကို ၄ ပိုင်းပိုင်းခြား နေထိုင်ရာ နှစ်ပေါင်း ၂၅၀ ကြာမှ တစ်အိမ်တည်းပြန်လည်ပေါင်းစည်းပေးနိုင်ခဲ့သည့် သရဲခြောက်သောနေအိမ်ကြီး

အင်္ဂလန်နိုင်ငံ၊ ဒေါ်ဆက်ခရိုင်တွင်တွင် သမိုင်းဝင်ရှေးဟောင်းနေအိမ်များကို တွေ့မြင်ရခြင်းမှာ မထူးဆန်းသည့်မြင်ကွင်းသာဖြစ်သည်။

သာယာလှပသော ဒေါ်ချက်စတာမြို့ ဝန်းကျင်တွင် ကောင်းစွာထိန်းသိမ်းထားသည့် အလယ်ခေတ်နေအိမ်များ များစွာတွေ့မြင်ရမည် ဖြစ်သည်။

ယခုနေအိမ်ကြီး၏အမည်မှာ အေသယ်လ်ဟမ့်ပ်တန်ဟုအမည်ရပြီး အစောပိုင်းတူးဒေါ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

မူရင်းနေအိမ်ကို ဆောက်လုပ်ခဲ့သူ Saxon တစ်ဦး၏အမည် အေသယ်ရစ်ခ်ကို အစွဲပြုကာမှည့်ခေါ်ထားခြင်းဖြစ်သည်ဟု ဆိုသည်။
စိတ်မကောင်းဖွယ်မှာ မူရင်းနေအိမ်၏ လက်ရာများ မရှိတော့ခြင်းဖြစ်၏။

ယခုတည်ရှိသည့်နေအိမ်မှာ ၁၅ ရာစုက ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ဆာ ဝီလျံ မာတင်က ၁၄၈၅ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
မစ္စတာမာတင်က ခြံဝန်းအတွင်းတွင် သမင်ဥယျာဉ်ကြီးတစ်ခုပင် ဆောက်လုပ်ခဲ့သည်ဟု ဆိုသည်။

နောက်ပိုင်းကာလများတွင် မာတင်မိသားစုသည် နေအိမ်ကို စဉ်ဆက်မပြတ်မွမ်းမံခြင်း၊ တိုးချဲ့ ဆောက်လုပ်ခြင်းများ ပြုလုပ်လျက်ရှိနေခဲသည်။
၁၅၉၈ ခုနှစ်တွင် နီကိုလပ် မာတင်ကွယ်လွန်ခဲ့ပြီးနောက် အမွေဆက်ခံမည့် သမီး ၄ ဦး ကျန်ရစ်ခဲ့သည်။

အဆိုပါသမီး ၄ ဦးက နေအိမ်ကို ၄ ပိုင်းအညီအမျှပိုင်းလိုက်ကြပြီး နေထိုင်ခဲ့ကြသည်။

နောက်ပိုင်းတွင် နေအိမ်၏တစ်ပိုင်းချင်းစီ၌ ပိုင်ရှင်များစွာ ပြောင်းလဲသွားခဲ့ကြပြီးနောက် နှစ်ပေါင်း ၂၅၀ အကြာ ၁၈၄၈ ခုနှစ်သို့ရောက်မှ နေအိမ်တစ်ခုလုံးကို ပြန်လည်ပေါင်းစည်းပေးနိုင်ခဲ့သည်။
နေအိမ်ကြီးအတွင်းတွင် မူရင်းအလယ်ခေတ်ပရိဘောဂများကို ယနေ့တိုင်တွေ့နိုင်သေးသည်။

အဲလစ်ဇဘက်ခေတ်အမိုးခုံးမျက်နှာကြက်များ၊ အနုပညာလက်ရာများဖြင့် မွမ်းမံထားသည့် အခန်းများတွေ့ရပြီး များစွာအဖိုးထိုက်တန်သည့် အနုပညာလက်ရာများစွာရှိသည့်အနက် ၁၅၂၀ ပြည့်နှစ်ခန့်က ပန်းချီကားတစ်ချပ်ဖြစ်သော The Adoration of the Magi ကို တွေ့ရသည်။

၁၈၉၁ ခုနှစ်တွင် အဲဖရက် ကာ့ထ် ဒီ လာဖောင်တိန်က ဝယ်ယူခဲ့ပြီး နေအိမ်ဝန်းကျင်တွင် လှပသော ပန်းဥယျာဉ်များ ပျိုးထောင်ခဲ့သည်။

ယင်းကာလက Arts and Crafts လှုပ်ရှားမှုကြီး အရှိန်အဟုန်ကောင်းနေချိန်လည်း ဖြစ်သည်။

နာမည်ကျော် ပန်းခြံဒီဇိုင်နာများဖြစ်သော ရယ်ဂျီနယ် ဘလွန်းဖီးနှင့် အင်ဒီဂို သောမတ်စ်တို့က ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်ပြီး ယနေ့အထိ အင်္ဂလန်တွင် အလှဆုံးပန်းဥယျာဉ်များစာရင်းတွင် ပါဝင်လျက်ရှိနေဆဲ ဖြစ်သည်။

ပန်းဥယျာဉ်အတွင်း အရောင်အသွေးစုံလင်သော ပန်းမန်မျိုးစုံစိုက်ပျိုးထားရာ နှင်းပန်း၊ လီလီ၊ နှင်းဆီ၊ တံတိုင်မွှေးတို့ အပါအဝင် ရှားပါးအပင်မျိုးစိတ်များစွာ စိုက်ပျိုးထားသည်။

ခြံဝန်းအတွင်း အာရုံကို ချက်ချင်းဖမ်းစားနိုင်မည့်အရာမှာ ခြုံနွှယ်ပင်များဖြင့် ပိရမစ်ပုံဖော်ထားသည့်အရာ ၁၂ ခုတည်ရှိနေခြင်း ဖြစ်သည်။

စိတ်ဝင်စားဖွယ် သမိုင်းအချက်အလက်တစ်ခုမှာ သောမတ်စ် ဟာဒီ၏ ဖခင်ဖြစ်သူသည် ယခုနေအိမ်မွမ်းမံစဉ်ကာလအတွင်း အလုပ်လုပ်ခဲ့ဖူးသည်ဆိုသည့်အချက်ပင်။

သောမတ်စ်ဟာဒီကိုယ်တိုင်လည်း အလည်အပတ်လာရောက်ခဲ့ဖူးပြီး သူ၏ The Dame of Athelhall ကဗျာတွင် ယခုနေအိမ်ကို ထည့်သွင်းရေးဖွဲ့ခဲ့ဖူးသည်။

သူ၏နေ့စဉ်မှတ်တမ်းတွင်လည်း ပထမကမ္ဘာစစ်ကြီးစတင်ချိန်ခန့်အတွင်း ဤနေအိမ်ကြီးတွင် ညစာစားခဲ့သည်ကို သတိရမိကြောင်း ရေးသားဖော်ပြခဲ့ဖူးသည်။

၁၉၅၇ ခုနှစ်တွင် ရောဘတ် ဗစ်တာ ကွတ်ခ်ဆိုသူက ဝယ်ယူလိုက်ပြီး ယနေ့အခါတွင် ၎င်း၏မြေးဖြစ်သူက ပိုင်ဆိုင်ထားသည်။

အေသယ်ဟမ့်ပ်တန်စံအိမ်ကြီးသည် အင်္ဂလန်ရှိ သရဲအခြောက်ဆုံးနေအိမ်ကြီးများတွင် အကျော်ကြားဆုံးနေအိမ်လည်း ဖြစ်၏။

မီးခိုးရောင်မိန်းမဟု အများကနာမည်ပေးထားသည့် သရဲမ၊ ဘုန်းကြီးတစ္ဆေဟု ယူဆရသော အရိပ်မည်းကြီးနှင့် မျောက်ဝံသရဲတို့ကို ယခုနေအိမ်ကြီးအတွင်း တွေ့မြင်ရသူ များစွာရှိခဲ့သည်ဟုဆိုသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
အင်္ဂလန်တွင် ဖခင်ကွယ်လွန်ပြီးနောက် သမီး ၄ ဦးက နေအိမ်ကြီးကို ၄ ပိုင်းပိုင်းခြား နေထိုင်ရာ နှစ်ပေါင်း ၂၅၀ ကြာမှ တစ်အိမ်တည်းပြန်လည်ပေါင်းစည်းပေးနိုင်ခဲ့သည့် သရဲခြောက်သောနေအိမ်ကြီး - Property News in Myanmar from iMyanmarHouse.com
အင်္ဂလန်တွင် ဖခင်ကွယ်လွန်ပြီးနောက် သမီး ၄ ဦးက နေအိမ်ကြီးကို ၄ ပိုင်းပိုင်းခြား နေထိုင်ရာ နှစ်ပေါင်း ၂၅၀ ကြာမှ တစ်အိမ်တည်းပြန်လည်ပေါင်းစည်းပေးနိုင်ခဲ့သည့် သရဲခြောက်သောနေအိမ်ကြီး - Property News in Myanmar from iMyanmarHouse.com
အင်္ဂလန်တွင် ဖခင်ကွယ်လွန်ပြီးနောက် သမီး ၄ ဦးက နေအိမ်ကြီးကို ၄ ပိုင်းပိုင်းခြား နေထိုင်ရာ နှစ်ပေါင်း ၂၅၀ ကြာမှ တစ်အိမ်တည်းပြန်လည်ပေါင်းစည်းပေးနိုင်ခဲ့သည့် သရဲခြောက်သောနေအိမ်ကြီး - Property News in Myanmar from iMyanmarHouse.com
အင်္ဂလန်တွင် ဖခင်ကွယ်လွန်ပြီးနောက် သမီး ၄ ဦးက နေအိမ်ကြီးကို ၄ ပိုင်းပိုင်းခြား နေထိုင်ရာ နှစ်ပေါင်း ၂၅၀ ကြာမှ တစ်အိမ်တည်းပြန်လည်ပေါင်းစည်းပေးနိုင်ခဲ့သည့် သရဲခြောက်သောနေအိမ်ကြီး - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွာ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွာ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service