အကြွေးမဆပ်သောကြောင့် ဖမ်းဆီးထိန်းသိမ်းထားသည့် ဆော်ဒီဘီလျံနာကြီးပိုင်ဆိုင်သော အိမ်ခြံမြေများ နှင့် တန်ဖိုးကြီး ဇိမ်ခံကားပေါင်း ၉၀၀ ကျော်ကို ဆော်ဒီအာဏာပိုင်တို့က လေလံတင်ရောင်းချတော့မည် - Property News in Myanmar from iMyanmarHouse.com
5032 Views

အကြွေးမဆပ်သောကြောင့် ဖမ်းဆီးထိန်းသိမ်းထားသည့် ဆော်ဒီဘီလျံနာကြီးပိုင်ဆိုင်သော အိမ်ခြံမြေများ နှင့် တန်ဖိုးကြီး ဇိမ်ခံကားပေါင်း ၉၀၀ ကျော်ကို ဆော်ဒီအာဏာပိုင်တို့က လေလံတင်ရောင်းချတော့မည်

ဆော်ဒီအာရေးဗီးယား အာဏာပိုင်တို့သည် အကြွေးမဆပ်သောကြောင့် ဖမ်းဆီးထိန်းသိမ်းထားသည့် ဆော်ဒီဘီလျံနာကြီး မာအန် အယ်လ် ဆာနီယာနှင့် ၎င်း၏ကုမ္ပဏီပိုင်ဆိုင်သော အိမ်ခြံမြေများ နှင့် တန်ဖိုးကြီး ဇိမ်ခံကားပေါင်း ၉၀၀ ကျော်ကို လေလံတင်ရောင်းချရန် စီစဉ်လျက်ရှိကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြသည်။

ပြီးခဲ့သော နိုဝင်ဘာလအတွင်း အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးအတွက် ဆော်ဒီတော်ဝင်မင်းသားများ အပါအဝင် ထိပ်တန်းအရာရှိများစွာကို ဖမ်းဆီးထိန်းသိမ်းမှုများ ပြုလုပ်ခဲ့သည်။

နောက်ပိုင်းတွင်မူ တိုင်းပြည်သို့ ဒဏ်ကြေးအဖြစ် ငွေ (သို့မဟုတ်) အိမ်ခြံမြေ (သို့မဟုတ်) ပိုင်ဆိုင်သည့်ရှယ်ယာများ ပေးဆောင်ရန် သဘောတူညီချက်ဖြင့် အများစုကို ပြန်လွှတ်ပေးခဲ့သည်။

အယ်လ် ဆာနီယာ၏ အမှုမှာမူ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးအစီအစဉ်အရ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်းမဟုတ်ချေ။

အယ်လ် ဆာနီယာသည် ၂၀၀၇ ခုနှစ်အတွင်း ကမ္ဘာကျော် ဖော့ဘ်မဂ္ဂဇင်းကြီးက ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်းတွင် ထည့်သွင်းဖော်ပြခံခဲ့ရသူတစ်ဦး ဖြစ်သည်။

အယ်လ် ဆာနီယာ၏ ကုမ္ပဏီဖြစ်သော Saad Group သည် အကြွေးများမပေးဆပ်သောကြောင့် ၂၀၀၉ ခုနှစ်အတွင်း အာဏာပိုင်တို့က ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။

အကြွေးရှင်များသည် အယ်လ် ဆာနီယာကို တရားစွဲခဲ့သည်မှာ ၉ လခန့် ကြာမြင့်ခဲ့သည်ဟု ဆိုသည်။

အယ်လ် ဆာနီယာ၏ Saad Group သည် ဆော်ဒီအာရေးဗီးယားနိုင်ငံ အရှေ့ပိုင်းရှိ ခိုဘာမြို့တွင် အခြေစိုက်သည်။

ပေးဆပ်ရမည့် အကြွေးပမာဏမှာ အာရပ်ငွေ ၄၀ ဘီလီယံ ( ကန်ဒေါ်လာ ၁၀ ဒသမ ၆၇ ဘီလီယံ) မှ ၆၀ ဘီလီယံအကြားရှိသည်ဟု ခန့်မှန်းရသည်။

ဆော်ဒီအာဏာပိုင်တို့က အယ်လ် ဆာနီယာထံမှ သိမ်းယူလိုက်သော အိမ်ခြံမြေနှင့် အခြားပိုင်ဆိုင်မှုများကို ရောင်းချရန်အတွက် Etqaan Alliance အမည်ရှိ အဖွဲ့တစ်ခု ဖွဲ့စည်းပေးထားသည်။

ဦးစွာအားဖြင့် အယ်လ် ဆာနီယာ၏ ပိုင်ဆိုင်မှုများကို ဆော်ဒီအာရေးဗီးယားနိုင်ငံအတွင်း ရောင်းချသွားမည်ဖြစ်ကာ လာမည့် ရက်သတ္တပတ်များအတွင်း ပြုလုပ်သွားဖွယ်ရာရှိသည်။

ရောင်းချမည့်အဖွဲ့က YouTube ဝက်ဘ်ဆိုက်တွင် ဗီဒီယိုတစ်ခု လွှင့်တင်ထားရာ အယ်လ်ဆာနီယာပိုင်ဆိုင်သည့် အိမ်ခြံမြေများနှင့် မြေကွက်များကို ရိုက်ကူးပြသထားပြီး “ခိုဘာတွင် လူအများ ကာလကြာရှည်စောင့်စားနေခဲ့သည့် အရောင်းအဝယ်” ဟူသောအမည်ဖြင့် ဗီဒီယိုဖြစ်သည်။ “the sale everyone has been waiting for in Khobar”
Saad Group က ပိုင်ဆိုင်ခဲ့သည့် မြေကွက်ပေါင်း ၂၀ ပါဝင်ပြီး အများစုမှာ ခိုဘာတွင် တည်ရှိသည်။

အကြီးမားဆုံးမြေကွက်မှာ စတုရန်းမီတာ ၄၈၄၄၀၇ စတုရန်းမီတာရှပြီး အဆောက်အအုံများအပြင် စွန့်ပစ်ရေသန့်စင်စက်ရုံတစ်ခုလည်း ပါဝင်သည်ဟု ဆိုသည်။

တရားရေးဝန်ကြီးဌာနက အတည်ပြုပြောကြားရာတွင် ယခုလအတွင်း မော်တော်ကားများ၊ အလွန်များပြားသည့် အိမ်ဆောက်ပစ္စည်းများနှင့် အိမ်ခြံမြေအချို့ကို လာမည့် မေလတွင် စတင်မည့် ရာမာဒန်ဥပုသ်လမတိုင်မီ ရောင်းချလိုသောကြောင့် ယခုလအတွင်း လေလံတင်သွားမည်ဟု အတည်ပြုထားသည်။

ရောင်းချမည့် မော်တော်ယာဉ်များမှာ တစ်ဦးထံမှ ထရပ်ကားများ၊ ဘတ်စ်ကားများနှင့် ဇိမ်ခံကားစုစုပေါင်း ၉၂၃ စင်း၊ အခြားတစ်ဦးထံမှ ရိုးလ်စ်ရွိုက်စ်၊ ဟမ်းမားနှင့် ကာဒီလက် ကွန်းကော့ဒ်တို့ အပါအဝင် တန်ဖိုးကြီးဇိမ်ခံမော်တော်ကား ၂၆ စင်းတို့ ဖြစ်ကြသည်။

ယခုရောင်းချမည့်အရာများတွင် ခိုဘာမြို့ရှိ ကုတင် ၇၅၀ ဆန့် Saad အထူးကုဆေးရုံ မပါဝင်ချေ။

အဆိုပါဆေးရုံကိုမူ အငှားချထားရန် (သို့မဟုတ်) ရောင်းချရန်အတွက် ပုဂ္ဂလိက ကုမ္ပဏီများနှင့် ဆော်ဒီအစိုးရက ဆွေးနွေးလျက်ရှိသည်။

ရောင်းချမည့်အရာများတွင် ပြည်ပ၌ ၎င်းတို့ပိုင်ဆိုင်ထားသည့်အရာများလည်း မပါဝင်သေးချေ။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
အကြွေးမဆပ်သောကြောင့် ဖမ်းဆီးထိန်းသိမ်းထားသည့် ဆော်ဒီဘီလျံနာကြီးပိုင်ဆိုင်သော အိမ်ခြံမြေများ နှင့် တန်ဖိုးကြီး ဇိမ်ခံကားပေါင်း ၉၀၀ ကျော်ကို ဆော်ဒီအာဏာပိုင်တို့က လေလံတင်ရောင်းချတော့မည် - Property News in Myanmar from iMyanmarHouse.com
အကြွေးမဆပ်သောကြောင့် ဖမ်းဆီးထိန်းသိမ်းထားသည့် ဆော်ဒီဘီလျံနာကြီးပိုင်ဆိုင်သော အိမ်ခြံမြေများ နှင့် တန်ဖိုးကြီး ဇိမ်ခံကားပေါင်း ၉၀၀ ကျော်ကို ဆော်ဒီအာဏာပိုင်တို့က လေလံတင်ရောင်းချတော့မည် - Property News in Myanmar from iMyanmarHouse.com
အကြွေးမဆပ်သောကြောင့် ဖမ်းဆီးထိန်းသိမ်းထားသည့် ဆော်ဒီဘီလျံနာကြီးပိုင်ဆိုင်သော အိမ်ခြံမြေများ နှင့် တန်ဖိုးကြီး ဇိမ်ခံကားပေါင်း ၉၀၀ ကျော်ကို ဆော်ဒီအာဏာပိုင်တို့က လေလံတင်ရောင်းချတော့မည် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service