၂၀၃၀ ပြည့်နှစ်မကုန်မီ ကမ္ဘာ့အကြီးဆုံးမြို့ကြီး၁၀မြို့အနက် ၇ မြို့က အာရှတွင် ဖြစ်မည် - Property News in Myanmar from iMyanmarHouse.com
3283 Views

၂၀၃၀ ပြည့်နှစ်မကုန်မီ ကမ္ဘာ့အကြီးဆုံးမြို့ကြီး၁၀မြို့အနက် ၇ မြို့က အာရှတွင် ဖြစ်မည်

၂၀၃၀ ပြည့်နှစ်မကုန်မီ ကမ္ဘာကြီးသည် ပြောင်းလဲသွားပေလိမ့်မည်။

ထိုနှစ်မကုန်မီ ကမ္ဘာ့လူဦးရေသည် ၈ ဒသမ ၆ ဘီလျံ ရှိလာမည်ဖြစ်ကာ ကမ္ဘာ့အကြီးဆုံးမြို့ကြီး ၁၀ မြို့အနက် ၇ မြို့က အာရှတွင် ဖြစ်မည်ဖြစ်ကြောင်း
ကုလသမဂ္ဂစီးပွားရေးနှင့် လူမှုရေးရာဌာနက အစီရင်ခံထုတ်ပြန်သည့် ကမ္ဘာ့လူဦးရေအလားအလာအစီရင်ခံစာအရ သိရသည်။

ကမ္ဘာ့လူသားများ၏ ကာလအပိုင်းအခြားတစ်ခုအတွင်း မွေးဖွား၊ ကြီးပြင်း၊ ရောဂါဘယဖြစ်ပွား၊ သေဆုံးမှုဦးတည်ရာအလားအလာတို့ကို ကျယ်ကျယ်ပြန့်ပြန့်
လေ့လာသုံးသပ်ထားသည့် ၎င်းအစီရင်ခံစာက တိုကျိုသည် ၂၀၃၀ ပြည့်နှစ်မကုန်မီ လူဦးရေ ၃၇ ဒသမ ၂ သန်းသို့ တိုးပွားလာမည်ဟု ခန့်မှန်းခဲ့သည်။
တိုကျိုပြီးလျှင် ကမ္ဘာ့ဒုတိယအကြီးဆုံးမြို့အဖြစ် ဒေလီတွင် လူဦးရေ ၃၆ ဒသမ ၁ သန်း ရှိလာမည်ဖြစ်သည်။

ရှန်ဟိုင်းက ကမ္ဘာ့တတိယအကြီးဆုံးမြို့အဖြစ် လူဦးရေ ၃၀ ဒသမ ၈ သန်း ရှိလာပြီး ယခုကဲ့သို့ပင် တရုတ်အကြီးဆုံးမြို့အဖြစ် ဆက်လက်တည်ရှိမည်
ဖြစ်သည်။ ပေကျင်းကလည်း ကမ္ဘာ့ပဉ္စမလူဦးရေအများဆုံးမြို့အဖြစ် လူဦးရေ ၂၇ ဒသမ ၇ သန်း ရှိလာမည်ဖြစ်သည်။

သို့ရာတွင် အိန္ဒိယသည် တရုတ်အား လူဦးရေနှင့်ပတ်သက်၍ ၂၀၂၄ ခုနှစ်မကုန်မီ ကျော်လွန်မည်ဟု ကုလသမဂ္ဂက ခန့်မှန်းထားသည်။ ၂၀၃၀ ပြည့်နှစ်တွင်
မွမ်ဘိုင်းက လူဦးရေ ၂၇ ဒသမ ၈ သန်းဖြင့် ကမ္ဘာ့စတုတ္ထအကြီးဆုံးမြို့ ဖြစ်လာမည် ဖြစ်သည်။

ဒါကာတွင် လူဦးရေ ၂၇ ဒသမ ၄ သန်းရှိလာမည် ဖြစ်ကာ ကရာချိတွင် လူဦးရေ ၂၄ ဒသမ ၈ သန်းသို့ ရောက်ရှိလာမည် ဖြစ်သည်။

ကိုင်ရိုက လူဦးရေ ၂၄ ဒသမ ၅ သန်းဖြင့် ကမ္ဘာ့အဋ္ဌမအကြီးဆုံးမြို့ဖြစ်လာကာ ကမ္ဘာ့ကြီးထွားနှုန်းအမြန်ဆုံးနိုင်ငံဖြစ်သည့် နိုင်ဂျီးယား၏ လာဂို့စ်က လူဦးရေ ၂၄ ဒသမ ၂ သန်းဖြင့် ကမ္ဘာ့န၀မအကြီးဆုံးမြို့ ဖြစ်လာမည်ဖြစ်သည်။

မက္ကစီကိုစီးတီးက လူဦးရေ ၂၃ ဒသမ ၉ သန်းဖြင့် ကမ္ဘာ့ဒသမအကြီးဆုံးမြို့ကြီး ဖြစ်လာမည် ဖြစ်သည်။

၂၀၅၀ ပြည့်နှစ်မတိုင်မီအထိ ကမ္ဘာ့လူဦးရေသည် အိန္ဒိယ၊ နိုင်ဂျီးရီးယား၊ ကွန်ဂို၊ ပါကစ္စတန်၊ အီသီယိုပီးယား၊ တန်ဇန်နီးယား၊ အမေရိကန်၊ ယူဂန်ဒါနှင့် အင်ဒိုနီးရှားတို့တွင် အဓိကအားဖြင့် ဖွံ့ဖြိုးမည်ဟု ခန့်မှန်းထားသည်။ ကမ္ဘာ့လူဦးရေသည် နှစ်စဉ် ၈၃ သန်းခန့် တိုးပွားလာမည်ဖြစ်သည်။

၂၀၃၀ ပြည့်နှစ်မကုန်မီ ကမ္ဘာ့အကြီးဆုံးမြို့ကြီး ၁၀ မြို့

၁။ တိုကျို (ဂျပန်)
၂။ ဒေလီ (အိန္ဒိယ)
၃။ ရှန်ဟိုင်း (တရုတ်)
၎။ မွမ်ဘိုင်း (အိန္ဒိယ)
၅။ ပေကျင်း (တရုတ်)
၆။ ဒါကာ (ဘင်္ဂလားဒေ့ရှ်)
၇။ ကရာချိ (ပါကစ္စတန်)
၈။ ကိုင်ရို (အီဂျစ်)
၉။ လာဂို့စ် (နိုင်ဂျီးရီးယား)
၁၀။ မက္ကစီကို (မက္ကစီကို)

ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service