စစ်မှန်တဲ့ဝယ်လိုအားနဲ့  ရောင်းလိုအားဖြစ်ရန်လိုအပ်နေသော အိမ်ခြံမြေ အတွက် အဖြေ - Property News in Myanmar from iMyanmarHouse.com
5066 Views

စစ်မှန်တဲ့ဝယ်လိုအားနဲ့  ရောင်းလိုအားဖြစ်ရန်လိုအပ်နေသော အိမ်ခြံမြေ အတွက် အဖြေ

အိမ်ခြံမြေဈေးနှုန်းများ ဝယ်လိုအားကျဆင်းလာမှုကိုနည်းလမ်းကျကျ
လက်တွေ့ အမှန်တကယ် ဖြေရှင်းလာနိုင်မှသာ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာမည်ဟု ကျွမ်းကျင်သူများက သုံးသပ်လျှက်ရှိပါတယ်။

အိမ်ခြံမြေဈေးကွက်လို့ဆိုပါက ဝယ် ရောင်းဈေးကွက်နှင့် အစစ်အမှန် ဝယ်လိုအား ဈေးကွက်ဆိုပြီး ဈေးကွက်နှစ်ခုရှိတာကို လေ့လာတွေ့ရှိနိုင်ပါတယ်။ အဲဒီဈေးကွက်နှစ်ခုမှာ ပထမဈေးကွက်ဟာ အင်အားပိုမိုကြီးမားပါတယ်။ အတက်ကြမ်းအောင် တောက်လျှောက်ဖန်တီးပေးရာမှ ဝုန်းဆိုပြုတ်ကျသွားလေ့ ရှိတဲ့အတွက် ပိုပြီးအထိနာတတ်ပါ တယ်။

မြန်မာပြည်မှာ ဝယ်ရောင်း ဈေးကွက်သာ ကြီးမားပြီး အစစ်အမှန်ဝယ်လိုအားဈေးကွက်က သေးငယ်နေတာဖြစ်တယ်လို့  အိမ်ခြံမြေဈေးကွက် ကျွမ်းကျင်သူများကသုံးသပ်လေ့ရှိတာပါ။

အထူးသဖြင့် နိုင်ငံပိုင် မြေ၊ အိမ်၊ စက်ရုံတွေ အလုံးအရင်းနဲ့ ထုခွဲရောင်းချမှုတွေဟာ ဝယ် ရောင်းဈေးကွက်အတွက် မကြုံ စဖူး ရတောင့်ရခဲကုန်စည်တွေ ဖြစ်ခဲ့တဲ့ အခြေအနေတစ်ခုလဲဖြစ်ပေါ်ခဲ့တယ်လို့  စီးပွားရေးပညာရှင် ဦးလှမောင်ကသုံးသပ်ပါတယ်။

၂၀၀၈ ခုနှစ် အလွန်မှစတင်ပြီး အဲဒီကုန်စည်တွေ တဖြည်းဖြည်းဈေးကွက်တွင်းကို ဝင်ရောက်လာပါတယ်။ ၂၀၁၀ ခုနှစ်ဝန်းကျင်မှာ ပြည်သူပိုင်သိမ်းဆည်းထားတဲ့ အိမ်ခြံမြေတွေနဲ့ပါ ပူးပေါင်းပြီး အိမ်ခြံမြေဝယ်ရောင်း ဈေးကွက်အတွင်းကို အလုံးအရင်း နဲ့ လှိမ့်ဝင်လာခဲ့ကြပါတယ်။

ယင်းကာလက ရန်ကုန်မြို့ ရွှေတောင် ကြားမှ နိုင်ငံပိုင်မြေကွက်တစ်ကွက်ကို သိန်း ၅,၀၀၀ နဲ့ ဝယ်ခွင့်ရ ရင် ချက်ချင်းဝယ်ရောင်းဈေးကွက် မှာ တစ်ဆမြတ်တယ်၊ နောက်တစ် လက်ပြောင်းရင် တစ်ဆ ထပ်မြတ် တယ်။ လှောင်ထားရင် ပိုမြတ် တယ်ဆိုတဲ့ အခြေအနေတွေနဲ့ မြန်မာပြည်မှာ မကြုံစဖူးလက် ပြောင်း လက်လွှဲလုပ်သမျှ အခွန် မဆောင်ရဘဲ အကျိုးရှိတဲ့ ဈေး ကွက်ကြီးဖြစ်ပေါ်ခဲ့ပါတယ်လို့  ဝါရင့် အိမ်ခြံမြေ အကျိုးဆောင် တစ်ဦး ကပြောပြပါတယ်။

အိမ်ခြံမြေ ဈေးကွက်ကို ထိန်းမနိုင်သိမ်းမရ ဖြစ်စေခဲ့သည့် ဒုတိယ အချက်မှာစက်မှု ဇုန်မြေကွက်များပင်ဖြစ်သည်။
စက်မှုဇုန်တွေ စပြီးရောင်းချတဲ့ ၁၉၉၉ ခုနှစ်ဝန်း ကျင်က လှိုင်သာယာစက်မှုဇုန် (၁)၊ (၂)၊ (၃)ဆိုတာ ဝယ်သူကို တစ်ဧက ၄၅ သိန်းနဲ့ အချိန်ယူပြီး တဖြည်းဖြည်းရောင်းခဲ့ရတာ ဖြစ်ပါ တယ်။ ရွှေပြည်သာစက်မှုဇုန် (၁)၊(၂) မှာလည်း ပုံစံတူ ရောင်းဝယ်မှုတွေ ဖြစ်ခဲ့တာပါ။

ရွှေလင်ဗန်းစက်မှုဇုန်၊ ဒဂုံ (အရှေ့)နဲ့ ဒဂုံ (ဆိပ်ကမ်း)စက်မှုဇုန်တွေမှာလည်း ထို့အတူပါပဲ။ ဘာဝယ်ရောင်းမျှမရှိခဲ့ပါဘူး။ နောက်ပိုင်း ဈေးတွေတက်လာတော့ စက်မှုဇုန်ဝယ်ရောင်းတွေ တစ်စတစ်စ ကြီးထွားလာပါတယ်။အထူးသဖြင့် ၂၀၀၇ ခုနှစ်ခန့်မှ စခဲ့တဲ့ ဝယ်ရောင်းဈေးကွက်ဟာ ၂၀၁၁ ခုနှစ်မှာ အမြင့်ဆုံးရောက်ခဲ့တာပါပဲဖြစ်တယ်လို့  စက်မှုဇုန် မြေဈေး ကျွမ်းကျင်သူအိမ်ခြံမြေ အကျိုးဆောင် ဦးခိုင်မြင့်က နှိုင်းယှဉ်ပြီးပြောပြပါတယ်။

ယင်းကာလက ရောင်းချ မှုစနစ်ကို ပြုပြင်နိုင်မှုမရှိရုံမျှမက သတ်မှတ်ကာလမှာ စက်ရုံမဆောက်ရင် ပြန်သိမ်းရမည်ဆိုတဲ့ စည်းကမ်းချက်ရှိခဲ့တာကိုပါ ပြတ်ပြတ်သားသား အကောင်အထည် ဖော်ရန်ပျက်ကွက်ခဲ့တာ ကြောင့် စက်မှုဇုန် မြေဈေးတွေက ကြောက်ခမန်းလိလိ မြင့်တက်လာတာဖြစ်တယ်လို့ လှိုင်သာယာစက်မှုဇုံမှ လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။

အိမ်ခြံမြေဝယ်ရောင်းဈေး ကွက်အတွက် တတိယကုန်စည်က မြို့သစ်တွေမှာ ကျောက်တိုင်စိုက် ထားတဲ့ မြေကွက်တွေပါပဲ။ အထူး သဖြင့် ဖွံ့ဖြိုးစပြုလာတဲ့ လမ်းမ ကြီးတွေဘေးမှ ကျောက်တိုင်ကွင်း လို့ဆိုရမယ့် မြေကွက်တွေပေါ်လာပါတယ်။ ဝယ်ရောင်းဈေးကွက်မှာ တစ်ရက်တည်း အကွက် ၄၀ မှ ၁၀၀ အထိ လက်ပြောင်းလက်လွှဲ အရောင်းအဝယ်ကောင်းခဲ့တာကို ၂၀၁၄ ခုနှစ်အထိ အကောင်းဆုံး အခြေ အနေ တစ်ခု ဖြစ်ပေါ်ခဲ့တယ်လို့ တောင်ဒဂုံမြို့နယ်မှ ဝါရင့် အိမ်ခြံမြေ အကျိုးဆောင် ဦးစိုးဝင်းက ပြောပြပါတယ်။

အိမ်ခြံမြေဈေးကွက်ကို အကြီးအကျယ် ပြောင်းလဲ စေခဲ့တဲ့ နောက်ဆုံးအရာကတော့ ရန်ကုန် ဆင်ခြေဖုံးနဲ့ ၁၉၅၈ ခုနှစ် မြို့သစ်များ (တောင်ဥက္ကလာပ၊ မြောက် ဥက္ကလာပနဲ့ သာကေတ)မှာ ‘ကြို ပွိုင့်’စနစ်နဲ့ တည်ဆောက်တဲ့ ကန် ထရိုက်တိုက်များမှာ ထွက်ပေါ် လာတဲ့ အိမ်ခန်းတွေဖြစ်ပါတယ်။ ခန်းပေးခန်းယူစနစ်နဲ့ ဆောက် လုပ်ကြတာဖြစ် တဲ့ ဈေးကွက်ဟာ ကြီးမာလာခဲ့တာဖြစ်ပါတယ်။

ယင်းကာလက ကြိုပွိုင့်စနစ်တွေအားကောင်းခဲ့ပြီး အခန်း မပြီးစီးမှီပင် လက်ပြောင်းလက်လွှဲ အရောင်း အဝယ်တွေ ဖြစ်ခဲ့တာကြောင့် တိုက်ခန်းကွန်ဒိုဈေးကွက်က ကြီးမားခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးအားဖြင့် အထက်တွင် ဖော်ပြခဲ့သော နည်းလမ်းမကျတဲ့ အိမ်ခြံမြေအရောင်းအဝယ်များ ဟာကောက်ရိုးမီးလိုး လျှင်မြန်စွာလောင်ကျွမ်းခဲ့ပြီး တစ်နိုငံလုံးရဲ့ အိမ်ခြံမြေ ဈေးနှုန်းကို ဆွဲတင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒါ့ကြောင့် အမှန်တကယ် စစ်မှန်တဲ့ ဝယ်လိုအားနဲ့  ရောင်းလိုအားကို အခြေပြုတဲ့ ဈေးကွက်တစ်ခုဖြစ်ပေါ်လာစေရန် တိုင်းပြည်တွင် လိုအပ်နေကြောင်း သက်ဆိုင်ရာကျွမ်းကျင်သူများက အသီးသီး မှတ်ချက်ပြုခဲ့ကြပါတယ်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service