နယူးယောက်မြို့၏ နာမည်ကျော် One57 ရှိ penthouse ခန်းကို ကန်ဒေါ်လာ သန်း ၁၀၀ ကျော်ဖြင့် လျှို့ဝှက်စွာ ဝယ်ယူသွားခဲ့သူမှာ ကမ္ဘာကျော် Dell ကုမ္ပဏီတည်ထောင်သူ မိုက်ကယ်ဒဲလ်ဖြစ်ကြောင်း ပေါ်ပေါက်လာ - Property News in Myanmar from iMyanmarHouse.com
5167 Views

နယူးယောက်မြို့၏ နာမည်ကျော် One57 ရှိ penthouse ခန်းကို ကန်ဒေါ်လာ သန်း ၁၀၀ ကျော်ဖြင့် လျှို့ဝှက်စွာ ဝယ်ယူသွားခဲ့သူမှာ ကမ္ဘာကျော် Dell ကုမ္ပဏီတည်ထောင်သူ မိုက်ကယ်ဒဲလ်ဖြစ်ကြောင်း ပေါ်ပေါက်လာ

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၏ နာမည်ကျော် One57 မိုးမျှော်တိုက်ကြီးရှိ penthouse ခန်းတစ်ခန်းကို ကန်ဒေါ်လာ သန်း ၁၀၀ ကျော်ဖြင့် လျှို့ဝှက်စွာ ဝယ်ယူသွားခဲ့သူမှာ ကမ္ဘာကျော် Dell ကုမ္ပဏီတည်ထောင်သူ မိုက်ကယ်ဒဲလ်ဖြစ်ကြောင်း ပေါ်ပေါက်လာ သည်ဟု နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

မိုက်ကယ်ဒဲလ်သည် Dell Technologies ကို တည်ထောင်သူ၊ အမှုဆောင်အရာရှိချုပ်ဖြစ်ပြီး One57 ရှိ အခန်းကို ကန်ဒေါ်လာ ၁၀၀ ဒသမ ၄၇ သန်းဖြင့် ဝယ်ယူသွားခဲ့ခြင်းဖြစ်ကာ နယူးယောက်အိမ်ခြံမြေသမိုင်းတွင် ဈေးနှုန်းအမြင့်မားဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

One57 မိုးမျှော်တိုက်ကြီးကို ယခင်က Carnegie 57 ဟု ခေါ်ဆိုခဲ့ကြပြီး “ဘီလျံနာအဆောက်အအုံ” ဟုလည်း အမည်ပြောင်ပေးထားကြသည်။

အထပ်ပေါင်း ၇၅ ထပ်မြင့်မားပြီး အနောက် ၁၅၇ လမ်းပေါ် ဆဌမနှင့် သတ္တမရိပ်သာလမ်းများကြားတွင် တည်ရှိကာ နယူးယောက် မြို့လယ် မန်ဟက်တန်အရပ်တွင် ဖြစ်သည်။

၂၀၁၄ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့ပြီး အမြင့်မှာ ၁၀၀၅ ပေ (၃၀၆ မီတာ) ရှိကာ နယူးယောက်၏ အမြင့်မားဆုံးအဆောက်အအုံအဖြစ် ကာလအတန်ကြာ ရပ်တည်ခဲ့သည်။အဆောက်အအုံတွင် ကွန်ဒိုခန်း ၉၂ ခန်း၊ အခန်းပေါင်း ၂၁၀ ပါသည့် Park Hyatt ဟိုတယ်တို့ ပါဝင်သည်။

အဆောက်အအုံကို ဆောက်လုပ်ခဲ့သည့် developer မှာ Extell Development Company ဖြစ်ပြီး ကန်ထရိုက်တာမှာ Lend Lease Project Management & Construction ကုမ္ပဏီဖြစ်ကာ ဗိသုကာပညာရှင် ခရစ္စတီယန် ဒီ ပေါ့ထ်ဇမ်ပါ့ခ်မှ ဒီဇိုင်းရေးဆွဲပေးခဲ့ခြင်း ဖြစ်သည်။

ဝေါစထရိဂျာနယ်၏ ဖော်ပြချက်အရ မစ္စတာဒဲလ်သည် အဆိုပါအဆောက်အအုံဆောက်လုပ်နေဆဲ ကာလအတွင်း ၂၀၁၂ ခုနှစ်ကတည်းကပင် ယခုအခန်းကို ဝယ်ယူရန် သဘောတူညီခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။

၂၀၁၄ ခုနှစ်တွင် အပြီးသတ်ဝယ်ယူခဲ့ကာ အဆောက်အအုံ၏ ၈၉ ထပ်နှင့် ၉၀ ထပ်မြောက်တို့တွင် တည်ရှိပြီး စုစုပေါင်းအကျယ်အဝန်းမှာ စတုရန်းပေ ၁၁၀၀၀ နီးပါးရှိသည်။

အိပ်ခန်း ၆ ခန်းနှင့် ရေချိုးခန်း ၆ ခန်းပါဝင်ပြီး Miró Rivera ဗိသုကာအဖွဲ့က ပြုပြင်မွမ်းမံမှုများ ပြုလုပ်ပေးထားသည့်အခန်းလည်း ဖြစ်သည်။

နယူးယောက်တွင် ယခင်က ဈေးနှုန်းအမြင့်မားဆုံး penthouse အရောင်းအဝယ်အဖြစ် စံချိန်တင်ထားသည်မှာ Central Park West အမှတ် ၁၅ ရှိ အခန်းကို ကန်ဒေါ်လာ ၈၈ သန်းဖြင့် ရောင်းဝယ်ခဲ့မှုဖြစ်ပြီး ယခုအခန်းဈေးနှုန်းမှာမူ ယခင်စံချိန်ကို ဖြတ်ကျော်သွားခြင်းလည်း ဖြစ်သည်။

နယူးယောက်၏နာမည်ကျော် Central Park ၏ တောင်ဘက်တွင် ကပ်လျက်တည်ရှိသည့် မိုးမျှော်တိုက်ကြီး၏ အပေါ်ပိုင်းအထပ်များတွင် လူနေကွန်ဒိုခန်းများအဖြစ် ဖွဲ့စည်းထားပြီး အောက်ပိုင်းအထပ်များကို Park Hyatt ဟိုတယ်အဖြစ် ဖွင့်လှစ်ထားခြင်း ဖြစ်သည်။

သို့ရာတွင် ယခုဈေးနှုန်းမှာ နယူးယောက်၏ ဈေးအမြင့်ဆုံးအဖြစ် ကာလကြာရှည်စွာ ရပ်တည်နိုင်ဖွယ်မရှိချေ။အနီးတွင်ရှိသော Central Park South အမှတ် ၂၂၀ ရှိ အထပ် ၄ ထပ်ပါ penthouse ခန်းမှာ ကန်ဒေါ်လာ သန်း ၂၀၀ နီးပါးဖြင့် အရောင်းအဝယ်ဖြစ်မည့် အလားအလာများရှိနေခြင်းကြောင့် ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နယူးယောက်မြို့၏ နာမည်ကျော် One57 ရှိ penthouse ခန်းကို ကန်ဒေါ်လာ သန်း ၁၀၀ ကျော်ဖြင့် လျှို့ဝှက်စွာ ဝယ်ယူသွားခဲ့သူမှာ ကမ္ဘာကျော် Dell ကုမ္ပဏီတည်ထောင်သူ မိုက်ကယ်ဒဲလ်ဖြစ်ကြောင်း ပေါ်ပေါက်လာ - Property News in Myanmar from iMyanmarHouse.com
နယူးယောက်မြို့၏ နာမည်ကျော် One57 ရှိ penthouse ခန်းကို ကန်ဒေါ်လာ သန်း ၁၀၀ ကျော်ဖြင့် လျှို့ဝှက်စွာ ဝယ်ယူသွားခဲ့သူမှာ ကမ္ဘာကျော် Dell ကုမ္ပဏီတည်ထောင်သူ မိုက်ကယ်ဒဲလ်ဖြစ်ကြောင်း ပေါ်ပေါက်လာ - Property News in Myanmar from iMyanmarHouse.com
နယူးယောက်မြို့၏ နာမည်ကျော် One57 ရှိ penthouse ခန်းကို ကန်ဒေါ်လာ သန်း ၁၀၀ ကျော်ဖြင့် လျှို့ဝှက်စွာ ဝယ်ယူသွားခဲ့သူမှာ ကမ္ဘာကျော် Dell ကုမ္ပဏီတည်ထောင်သူ မိုက်ကယ်ဒဲလ်ဖြစ်ကြောင်း ပေါ်ပေါက်လာ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service