စင်္ကာပူက အာရှပစိဖိတ်တွင် အကျင့်ပျက်ခြစားမှု ဒုတိယအနည်းဆုံးနိုင်ငံ ဖြစ်လာ - Property News in Myanmar from iMyanmarHouse.com
4793 Views

စင်္ကာပူက အာရှပစိဖိတ်တွင် အကျင့်ပျက်ခြစားမှု ဒုတိယအနည်းဆုံးနိုင်ငံ ဖြစ်လာ

စင်္ကာပူသည် အာရှပစိဖိတ်တွင် အကျင့်ပျက်ခြစားမှု ဒုတိယအနည်းဆုံးနိုင်ငံ ဖြစ်လာခဲ့ကြောင်း အကျင့်ပျက်ခြစားမှုကို ဦးဆောင်တိုက်ဖျက်နေသော
ကမ္ဘာ့အရပ်ဘက်လူ့အဖွဲ့အစည်း Transparency International ၏ ၂၀၁၈ ဖေဖော်ဝါရီ ၂၁ တွင် ထုတ်ပြန်ခဲ့သည့် ၂၀၁၇ ခုနှစ် အကျင့်ပျက်ခြစားမှု
အမြင်ညွှန်ကိန်းစစ်တမ်းအရ သိရသည်။

ကမ္ဘာအဆင့်တွင်မူ စင်္ကာပူက အကျင့်ပျက်ခြစားမှုဆဋ္ဌမအနည်းဆုံးနိုင်ငံအဖြစ် ဆဋ္ဌမနေရာ၌ ဖော်ပြခံခဲ့ရသည်။ ယင်းသည် ၂၀၁၆ ခုနှစ်စစ်တမ်းက ရရှိခဲ့သည့် သတ္တမနေရာမှ တစ်ဆင့်မြင့်တိုးတက်လာခဲ့ခြင်းဖြစ်သည်။

အထက်ပါစာရင်းသစ်၌ သြစတြေးလျနှင့် ဟောင်ကောင်တို့က အဆင့် ၁၃ နေရာတွင် ပူးတွဲရရှိခဲ့ပြီး အမေရိကန်နှင့် ဂျပန်တို့က အဆင့် ၁၆နှင့် အဆင့် ၂၀
တို့၌ အသီးသီး ဖော်ပြခံခဲ့ရသည်။

ကမ္ဘာတစ်ဝန်း နိုင်ငံပေါင်း ၁၈၀ ကို လေ့လာခဲ့သည့် ယင်းစစ်တမ်းတွင် နယူးဇီလန်က ထိပ်ဆုံး၌ ရပ်တည်ခဲ့ပြီး ဒိန်းမတ်က ဒုတိယနေရာတွင် ရပ်တည်ခဲ့သည်။ ဖင်လန်၊ နော်ဝေနှင့် ဆွစ်ဇာလန်တို့က တတိယနေရာ၌ပူးတွဲရပ်တည်ခဲ့ကြသည်။

" ဥပဒေကို လေးစားသော၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို လေးစားသော၊ မီဒီယာလွတ်လပ်ခွင့်ကို လေးစားသော နိုင်ငံ" များက ယင်းစာရင်း၏
ထိပ်တန်းနေရာများတွင် ဖော်ပြခံခဲ့ကြရခြင်းဖြစ်သည်ဟု Transparency International ၏ ဥက္ကဋ္ဌ ဒေလီယာမတ်လိုက်ဒ်ဖာရာရာရူဘီယိုက မှတ်ချက်ပြုခဲ့သည်။

၎င်းညွှန်းကိန်းရမှတ်အဆင့်စာရင်းသည် နိုင်ငံတစ်နိုင်ငံ၏ ပြည်သူ့ကဏ္ဌ မည်သို့ အကျင့်ပျက်ခြစားမှုရှိနေကြောင်း ကျွမ်းကျင်သူများနှင့် စီးပွားရေးအမှုဆောင်များ၏ သဘောထားအမြင်များအပေါ် အခြေခံထားခြင်း ဖြစ်သည်။

ဂုဏ်သိက္ခာကြီးမားသော အဖွဲ့အစည်းများစွာ၏ ပြီးခဲ့သည့်နှစ်နှစ်အတွင်း စုဆောင်းရရှိသည့် အကျင့်ပျက်ခြစားမှုဆန်းစစ်အကဲဖြတ်လေ့လာမှုစစ်တမ်း ၁၃
စောင်၏ အချက်အလက်များကို စုစည်းထားခြင်းလည်း ဖြစ်သည်။

နိုင်ငံများအား ရမှတ် သုညမှ တစ်ရာအတွင်း သတ်မှတ်ထားသည်။ ရမှတ်
နည်းသော နိုင်ငံများသည် အကျင့်ပျက်ခြစားမှုမြင့်မားသည်ဟု ရှုမြင်ခံရပြီး
ရမှတ်များလေ အကျင့်ပျက်ခြစားမှုနည်းလေဟု ယူဆသည်။

စင်္ကာပူက ရမှတ် ၈၄ မှတ် ရရှိခဲ့ပြီး ၎င်း၏အပေါ်ထိပ်တန်းငါးနိုင်ငံက ရမှတ် ၈၅ မှ ၈၉ အကြား ရရှိခဲ့ကြသည်။ ဆီးရီးယား၊ တောင်ဆူဒန်နှင့် ဆိုမာလီယာတို့ကမူ ၁၄၊ ၁၂ နှင့် ၉ ဟူ၍ ရမှတ်အသီးအသီးဖြင့် စာရင်းအောက်ခြေ၌ ရပ်တည်ခဲ့ကြကြောင်း သိရသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service