ခိုင်မာတဲ့ စုပေါင်းပိုင် အဆောက်အအုံ ပြုလုပ်လိုပါသလား - Property News in Myanmar from iMyanmarHouse.com
5042 Views

ခိုင်မာတဲ့ စုပေါင်းပိုင် အဆောက်အအုံ ပြုလုပ်လိုပါသလား

ခိုင်မာတဲ့ ပိုင်ဆိုင်မှုရှိတဲ့ စုပေါင်းပိုင်အဆောက်အအုံ(ကွန်ဒို) အိမ်ခန်းတွေနဲ့ ပက်သက်တဲ့ သိသင့်တဲ့အချက်အလက်တစ်ချို့ကို ဖော်ပြလိုက်ပါတယ်။

စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ ဥပဒေကို (၂၀၁၆)ခုနှစ် ဇန်နဝါရီ (၂၉)ရက်နေ့က ပြဋ္ဌာန်းခဲ့ပြီး စုပေါင်းပိုင်အဆောက်အအုံနည်းဥပဒေကို ပြီးခဲ့တဲ့ (၂၀၁၇)ဒီဇင်ဘာလ (၇)ရက်နေ့က ဆောက်လုပ်ရေးဝန်ကြီဌာနရဲ့ အမိန့်ကြော်ငြာစာ အမှတ်(၂၆၇/၂၀၁၇)နဲ့ ပြဋ္ဌာန်းနိုင်ခဲ့ပါတယ်။

စုပေါင်းပိုင်အဆောက်အအုံနဲ့ စုပေါင်းပစ္စည်း

စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာဥပဒေ(၂)မှာ စုပေါင်းပိုင်အဆောက်အအုံဆိုရာမှာ မှတ်တမ်းတင်ထားတဲ့ စုပေါင်းပိုင်မြေမှာ စုပေါင်းပိုင်အဆောက်အအုံအဖြစ်ဆောက်လုပ်ထားတဲ့ (၆)ထပ်နဲ့အထက်ရှိ အဆောက်အအုံကို ခေါ်ပါတယ်။ စုပေါင်းပိုင်ပစ္စည်းအဖြစ် စုပေါင်းပိုင်အဆောက်အအုံနဲ့ဆက်စပ်နေတဲ့ ပစ္စည်းတွေမှာ -
(၁)စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ ဥပဒေအရ မှတ်ပုံတင်ထားတဲ့ စုပေါင်းပိုင်မြေ၊ (၂)စုပေါင်းပိုင်မြေမှာ ဆောက်လုပ်ထားတဲ့ တစ်ဦးချင်းပိုင်အိမ်ခန်းတွေမှအပ စုပေါင်းပိုင်သူအားလုံးနဲ့ အကျိုးသက်ဆိုင်တဲ့စုပေါင်းပိုင်အဆောက်အအုံရဲ့ အစိတ်အပိုင်းတွေ၊ တပ်ဆင်ထားတဲ့ပစ္စည်း၊ (၃)စုပေါင်းပိုင်သူတွေအကျိုး အတွက် အသုံးပြုရန်ဆောက်လုပ်ထားတဲ့ ပညာရေးနဲ့ကျန်းမာရေးဆိုင်ရာ အဆောက်အအုံတွေ၊ ဝင်းခြံ၊ ပန်းဥယျာဉ်၊ သစ်ပင်ပန်းမန်တွေ၊ လမ်းတံတား၊ ရေမြောင်း၊ ဆက်သွယ်ရေးပစ္စည်းတွေဖြစ်တယ်လို့ ဥပဒေမှာ ဖော်ပြထားပါတယ်။

ဖွဲ့စည်းကြီးကြပ်ခြင်း

စုပေါင်းပိုင်မြေနဲ့ စုပေါင်းပိုင်အဆောက်အအုံဆောက်လုပ်ခြင်း လုပ်ငန်းတွေဆောင်ရွက်တဲ့အခါ ဆောက်လုပ်ရေးဝန်ကြီးဌာနဟာ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့အတည်ပြုချက်နဲ့ နေပြည်တော်စီမံခန့်ခွဲရေးကော်မတီ အပါအဝင် ပြည်နယ်၊ တိုင်းဒေသကြီးစီမံခန့်ခွဲရေးအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက် ရပါတယ်။

စုပေါင်းပိုင် မြေအကျယ်အဝန်း

စုပေါင်းပိုင်အဆောက်အအုံ ဆောက်လုပ်တဲ့အခါ စုပေါင်းမြေဧရိယာမှာ အနည်းဆုံး စုတုရန်းပေ (၂၀,၀၀၀)နဲ့ အထက်မှာဖြစ်ပြီး စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ ဥပဒေပုဒ်မ (၁၀)မှာ ပြဋ္ဌာန်းထားတာကြောင့် အနည်းဆုံး (၁၀၀ပေxပေ၂၀၀)မြေကွက်တွေမှာသာ စုပေါင်းပိုင်အဆောက်အအုံ ဆောက်လုပ်ခွင့်ရမှာ ဖြစ်ပါတယ်။

ပုဂ္ဂလိကမြေပိုင်ဆိုင်သူက စုပေါင်းပိုင်မြေအဖြစ် လွှဲပြောင်းခြင်း

ပုဂ္ဂလိကမြေပိုင်ဆိုင်သူက မိမိပိုင်မြေအကျယ်အဝန်းပေါ်မှာ စုပေါင်းပိုင်အဆောက်အအုံဆောက်လုပ်လိုရင် သက်ဆိုင်ရာ စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ မှတ်ပုံတင်ရုံးမှာ စုပေါင်းပိုင်မြေအဖြစ် လွှဲပြောင်းမှတ်ပုံတင်ရမှာ ဖြစ်ပါတယ်။

ကြိုပွိုင့်စနစ်

စုပေါင်းပိုင်အဆောက်အအုံဆောက်လုပ်ခွင့် ရရှိပြီးနောက် အုတ်မြစ်ချ (၃၀)ရာခိုင်နှုန်းပြီးစီးတဲ့အခါ မှတ်ပုံတင်အရာရှိထံ အသိပေးအကြောင်းကြားပြီး အဆောက်အအုံရဲ့ အိမ်ခန်းတွေကို ကြိုတင်ရောင်းချနိုင်ပါတယ်။ ဝယ်သူအနေနဲ့ မှတ်ပုံတင်အရာရှိထံ အကြောင်းကြားဝယ်ယူရာမှာ အိမ်ခန်းဝယ်ယူသူတွေမှာ အိမ်ခန်းကို ကြိုပေါင်၊ အဝယ်ထပ်ရှိမရှိကို စုံစမ်းပြီး ပြဿနာ ကင်းရှင်းအောင် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

အိမ်ခန်းအရာင်းအဝယ် မှတ်ပုံတင်ချုပ်ဆို

အိမ်ခန်းအမည် ဆက်ခံခွင့်၊ ပေးကမ်း၊ စွန့်လွှတ်၊ လွှဲအပ်ခြင်း ကိစ္စရပ်တွေနဲ့ပက်သက်ပြီး မှတ်ပုံတင်အရာရှိက လက်မှတ်ရေးထိုး တံဆိပ်ရိုက်နှိပ်ပြီး တရားဝင်ပိုင်ဆိုင်ခွင့်ရှိသူ ဖြစ်ပါတယ်။

အခွန်

အိမ်ခန်းဝယ်သူ လွှဲပြောင်းရယူတဲ့အတွက် အိမ်တန်ဖိုးငွေ ကျပ်သိန်း (၁,၀၀၀)အထိ ငွေကျပ် (၂၀,၀၀၀)၊ အိမ်တန်ဖိုးငွေ ကျပ်သိန်း (၁,၀၀၀)အထက် ကျပ် (၃၀,၀၀၀)နဲ့ အိမ်တန်ဖိုးငွေ ကျပ်သိန်း (၃,၀၀၀)နဲ့ အထက် ကျပ် (၅၀,၀၀၀)ပေးသွင်းရမှာ ဖြစ်ပါတယ်။

ပိုင်ဆိုင်မှု

အိမ်ခန်းပိုင်ရှင် မှတ်ပုံတင်လက်မှတ်၊ သက်ဆိုင်ရာအစိုးရအသိအမှတ်ပြုဘဏ်တစ်ခုမှာ အာမခံထားငွေ ချေးယူခွင့်ရှိပြီး အခြားတိုက်၊ ကွန်ဒိုတွေထက် ပိုင်ဆိုင်ခိုင်မာကြောင်း သိရပါတယ်။

Credit: The Modern

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service