စွန့်ပစ်ကွန်တိန်နာများဖြင့်  အစပျိုးပေးခြင်း - Property News in Myanmar from iMyanmarHouse.com
4854 Views

စွန့်ပစ်ကွန်တိန်နာများဖြင့်  အစပျိုးပေးခြင်း

တစ်ချိန်က ဆိုင်ဂုံဟုခေါ်ခဲ့ဖူးသည့် ဟိုချီမင်းစီးတီးတွင် အသက် (၃၂) နှစ်အရွယ် ဟောင်တူရန်အန်းသည် ၎င်း၏ အိပ်မက်တစ်ခုကို အကောင်အထည်ဖော်နိုင်ခဲ့သည်။ အိပ်မက် များစွာအတွက် အိပ်မက်တစ်ခုကိုဖန်တီးခဲ့ခြင်းဆိုက ပိုမှန် မည်။

ယင်းမှာ စွန့်ပစ်ထားသည့် ကွန်တိန်နာသေတ္တာဟောင်း ကြီးများအသုံးပြု၍
ရှော့ပင်းစင်တာတစ်ခု တည်ထောင်နိုင် ခဲ့ခြင်းဖြစ်သည်။

ဖျော်ဖြေရေးဝန်ဆောင်မှုပင်ပါဝင်သည့် ၎င်း၏ Rubik Zoo သည် ဗီယက်နမ်၌ ကွန်တိန်နာဖြင့် ပထမဆုံးတည် ဆောက်သည့်ရှော့ပင်းစင်တာဖြစ်ပြီး ဆိုင်ရှင်များအတွက် ဆိုင်ခန်းငှားခက ချိုသာသည်။ တူရန်အန်းအတွက်လည်း အကျိုးအမြတ်ထိုက်သင့်သလောက်ရှိသည်။ လုပ်ငန်းသစ် တစ်ခုကို ပထမဆုံးပျိုးထောင်ခြင်းကား တူရန်အန်းအတွက် ပထမဆုံးမဟုတ်ခဲ့။ သြစတြေးလျ၌လည်း တူရန်အန်းသည် သင်္ဘောများတွင်သုံးစွဲသည့် အင်ဆူလေးရှင်းကိရိယာတစ်ချို့ ဖြန့်ချိမှုနှင့် တပ်ဆင်မှုလုပ်ငန်းကို စွန့်ဦးတီထွင် အစပျိုး လုပ်ကိုင်ခဲ့ဖူးသည်။

သြစတြေးလျက ရေငုပ်သင်္ဘောထုတ်လုပ်သည့်ဆိပ်ကမ်း တစ်ခုတွင် သြစတြေးလျဒေါ်လာ ၅၀ဝ၀ဝ တန် ကန်ထရိုက် လုပ်ငန်းတစ်ခုရခဲ့ပြီးနောက် အခြားအကျိုးများသည့် ပရော ဂျက်များလည်း ဆက်တိုက်လုပ်ခွင့်ရခဲ့သည်။

၂၀၁၃ ခုနှစ်၌ ဗီယက်နမ်သို့ ပြန်လာပြီးနောက် တူရန် အန်းသည် ကုန်သွယ်ရေးနှင့် အိမ်ခြံမြေလုပ်ငန်းများနောက် လိုက်ပါခဲ့သည်။ ယင်းနောက် တန်ဖူးခရိုင်၌ Eco Box ဟူသည့်စီမံကိန်းပုံစံတစ်ခုကိုပြသခဲ့သည်။"မြို့လယ်ကောင် မှာမြေကွက်ရဖို့ကခက်လာပေမယ့် နေရာလွတ်တစ်ချို့ရှိနေ ပါသေးတယ်၊ အနည်းဆုံး နောက်သုံးနှစ်က ငါးနှစ်အတွင်း လုပ်ဖို့ အဆင်ပြေပါသေးတယ်"ဟု သူကပြောသည်။

အချည်းနှီးဖြစ်နေသည့်မြေကွက်များတွင် ကွန်တိန်နာ ဟောင်းများကိုစုပြီး တစ်ခန်းလျှင် စတိုခန်းနှစ်ခု ဆိုင်ခန်း ဒီဇိုင်းများ အသေအချာဆွဲခဲ့သည်။ ယင်းနောက် ဆိုင်ခန်း တစ်ခန်းလျှင် တစ်လ ဒေါင်သုံးသန်း ၁၃၂ ဒေါ်လာမှ ဒေါင်ငါးသန်း ဒေါ်လာ ၂၂၀ နဲ့ ပြန်ငှားခဲ့သည်ဟု Eco Box အကြောင်း ရှင်းပြခဲ့သည်။ ပထမလအနည်းငယ် အတွင်း၌ ၎င်းစတိုးဆိုင်ထက်ဝက်ကို လုပ်ငန်းတစ်ခုအစပျိုး ချင်သူ ကျောင်းသားလူငယ်များကို အခမဲ့ငှားပေးခဲ့သည်။

ယင်းပရောဂျက်အပေါ် လူစိတ်ဝင်စားမှုကိုကြည့်ပြီး တူရန်အန်းသည် ဈေးဆိုင်၊ စားသောက်ခန်းနှင့်ဖျော်ဖြေရေး ဝန်ဆောင်မှုမျိုးစုံပါဝင်သည့်ရှော့ပင်းစင်တာRubik Zoo ကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ဆိုင်ခန်း ၃၀ဝ ကျော်အတွက် စတုရန်းမီတာ ၅ဝ၀ဝ ခန့် ထွက်ရှိလာစေသည့်ဒီဇိုင်းဖြစ်ပြီး ဟိုချီမင်းစီးတီးရဲ့
ခရိုင်အမှတ်(၁)၌ဖြစ်သည်။

သန့်ရှင်းပြီး လှုပ်ရှားမှုမျိုးစုံအတွက် အဆင်ပြေ၍Rubik Zoo သည် လူငယ်အတော်များများ ကျက်စားသည့် နေရာဖြစ်လာသည်။ "စတိုးဆိုင်တစ်ခုစီက အပြင်အဆင် ဆွဲဆောင်ပုံနှင့်အရောင်ကအစ ခြားနားတော့ အသစ်အဆန်း စိတ်ဝင်စားသူတွေ မလာဘဲမနေနိုင်ပါဘူး။ ဒီနေရာက စိုလွင်တောက်ပပြီးမြူးကြွစေတယ်"ဟု လူငယ်များက ပြောဆို ကြသည်။

ယင်းအပြင်အဆင်မျိုး သြစတြေးလျနှင့် ထိုင်းအပါအဝင် နိုင်ငံအတော်များများ၌ တွေ့နိုင်ကြောင်း တူရန်အန်းက ပြောသည်။ "ထိုင်းမှာဆိုရင်လည်း လူငယ်လုပ်ငန်းရှင်တွေ အစပျိုးဖို့ အစားအသောက်၊ ဖက်ရှင်နဲ့ ပြပွဲခန်းမတွေကို ကွန်တိန်နာအဟောင်းတွေနဲ့ ဒီဇိုင်းထုတ်ထားတာ တွေ့နိုင် ပါတယ်"ဟု ဆိုသည်။

၎င်းကွန်တိန်နာများသည် ရွှေ့ပြောင်းနိုင်ပြီး မည်သည့် နေရာမဆို သယ်သွားနိုင်ခြင်းကြောင့် ဆိုင်ခန်းငှားထားသူများ ပိုင်ဆိုင်မှု မဆုံးရှုံးနိုင်ချေ။ ယင်းစီမံကိန်းနှစ်ခုနောက်တွင် ဒေါ်လာ ၈ သန်း ရင်းနှီးမြှုပ်နှံပြီး ကွန်တိန်နာအများအပြား သုံးစွဲ၍ တစ်ခုလျှင် အခန်း ၅၀ မှ ၁၀ဝ အထိပါသည့် ဟိုတယ်အလုံး ၂၀ ဆောက်ရန်လည်း စီစဉ်နေပြီဖြစ်သည်။

'ဟိုချီမင်းစီးတီးမှာ ဟိုတယ်ဆောက်ရတဲ့စရိတ်က ဒေသတွင်းနိုင်ငံတွေထက် မသက်သာလှပါဘူး။ ကမ္ဘာလှည့် ခရီးသွားတွေ အထူးသဖြင့် ဈေးချိုတဲ့အခန်းပဲငှားနိုင်တဲ့ ကျောပိုးအိတ်ခရီးသွားတွေအတွက် လုံခြုံပြီးဈေးသက်သာ တဲ့အခန်းတွေလိုအပ်နေတယ်"ဟု သူက ရှင်းပြသည်။ ဟောင်တူရန်အန်းသည် ယာယီအသုံးပြုနိုင်သည့်မြေကွက် များလည်း ရှာဖွေနေသည်။ ယင်းတွင် ကွန်တိန်နာအဟောင်း နှင့် ပျဉ်ခင်းရောစပ်အိမ်များဆောက်ကာ ကျောင်းသားများ နှင့် စက်ရုံအလုပ်သမားများအတွက် ငှားရမ်းခဈေးအနည်းဆုံး ဖြစ်အောင် ဖန်တီးပေးရန်ဖြစ်သည်။

"နိုင်ငံခြားမှာ ပညာသင်တုန်းက အိမ်ခန်းငှားခတွေဟာ ဆင်းရဲတဲ့ကျောင်းသားနဲ့အလုပ်သမားတွေကို ဘယ်လောက် နှိပ်စက်တယ်ဆိုတာ ကျွန်တော်သိပါတယ်" ဟု တူရန် အန်းက ပြောသည်။

Credit: The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service