မိဘနှင့်နေထိုင်ရန်၊ မိဘအနီးအပါး နေထိုင်ရန် တိုက်ခန်းဝယ်ယူသူများအတွက် ထောက်ပံ့ကြေးများ စင်္ကာပူအစိုးရ တိုးမြှင့် - Property News in Myanmar from iMyanmarHouse.com
4784 Views

မိဘနှင့်နေထိုင်ရန်၊ မိဘအနီးအပါး နေထိုင်ရန် တိုက်ခန်းဝယ်ယူသူများအတွက် ထောက်ပံ့ကြေးများ စင်္ကာပူအစိုးရ တိုးမြှင့်

စင်္ကာပူတွင် အစိုးရက မိသားစုများအတွင်း သက်ကြီးရွယ်အိုစောင့်ရှောက်မှုအား ပိုမိုအားပေးရန်အလို့ငှာ မိဘများနှင့်နေထိုင်ကြစေရန် သို့မဟုတ်
မိဘများ၏အနီးအနား နေထိုင်ကြစေရန်အတွက် ခွင့်ပြုထားသော
ထောက်ပံ့ကြေးအစီအစဉ်တစ်ရပ်အား ဖြည့်စွက်တိုးမြှင့်လိုက်ပြီဖြစ်သည်။

မိဘ၊ မိသားစုများနှင့် နေထိုင်ရန် သို့မဟုတ် မိဘများ၊ သားသမီးများနှင့်
နေထိုင်ရန် တိုက်ခန်း (ထပ်ဆင့်ရောင်းချသော HDB တိုက်ခန်း) ၀ယ်ယူသော
လူလွတ်များနှင့် မိဘများအနီးအပါးရှိ တိုက်ခန်း (ထပ်ဆင့်ရောင်းချသော HDB
တိုက်ခန်း) အား ၀ယ်သူသော မိသားစုများအတွက် ထောက်ပံ့ကြေးပေးသော
"မိဘအနီးအပါးအိမ်ရာထောက်ပံ့ကြေး (PHG)" တစ်ရပ်ကို စင်္ကာပူ၌ ၂၀၁၅ ခုနှစ် သြဂုတ်လကတည်းက စတင်ကျင့်သုံးလာခဲ့ပြီးဖြစ်သည်။

HDB တိုက်ခန်းဆိုသည်မှာ အိမ်ရာနှင့် ဖွံ့ဖြိုးရေးဘုတ်အဖွဲ့ Housing and
Development Board (HDB) ၏ စီမံမှုအောက် ၉၉ နှစ်အတွက်သာ
ယာယီအငှားချသော စင်္ကာပူပြည်သူ့အိမ်ရာများမှ တိုက်ခန်းများ ဖြစ်သည်။

ဘဏ္ဍာရေးဝန်ကြီး ဟန်ဆွီကိက ၂၀၁၈ ခုနှစ် အသုံးစရိတ်မိန့်ခွန်းကို တနင်္လာနေ့ (ဖေဖော်ဝါရီ ၁၉) တွင် ပြောကြားခဲ့သည်။ ယင်းမိန့်ခွန်းအတွင်း ၀န်ကြီးက ၂၀၁၅ ခုနှစ် သြဂုတ်လတွင် ထုတ်ပြန်ခဲ့သည့် "မိဘအနီးအပါးအိမ်ရာထောက်ပံ့ကြေး (PHG)" အား ဖြည့်စွက်တိုးမြှင့်လိုက်ပြီ ဖြစ်ကြောင်းနှင့် ဖြည့်စွက်တိုးမြှင့်မှုအသေးစိတ်ကို ကြေညာခဲ့သည်။

၎င်း PHG အသစ်အရ လူလွတ်များအတွက် ဖြည့်စွက်မှုအဖြစ် လူလွတ်များသည် မိဘများအနီးရှိ ထပ်ဆင့်ရောင်းချသော တိုက်ခန်းတစ်ခန်းကို ၀ယ်ယူပါက
တစ်ဦးလျှင် ထောက်ပံ့ကြေး ဒေါ်လာ ၁ သောင်း ရရှိတော့မည်ဖြစ်သည်။
မိဘများနှင့်အတူနေထိုင်ရန် ထပ်ဆင့်ရောင်းချသော တိုက်ခန်းအား ၀ယ်ယူသူ
လူလွတ်များကမူ ဒေါ်လာ ၁ သောင်းခွဲသို့ တိုးမြှင့်ရရှိတော့မည် ဖြစ်သည်။

မိသားစုများအနေဖြင့် ဖြည့်စွက်မှုအရ မိဘများ သို့မဟုတ် သားသမီးများနှင့်
နေထိုင်ရန် ထပ်ဆင့်ရောင်းချသောတိုက်ခန်းအား ၀ယ်ယူပါက ထောက်ပံ့ကြေး
ဒေါ်လာ ၃ သောင်း ရရှိမည်ဖြစ်ပြီး မိဘများအနီးအပါး နေထိုင်ရန် ထပ်ဆင့်ရောင်းချသော တိုက်ခန်းအား ၀ယ်ယူသော မိသားစုများအတွက်မူ ယခင်အတိုင်း ထောက်ပံ့ကြေး ဒေါ်လာ ၂ သောင်း သတ်မှတ်ထားဆဲ ဖြစ်ကြောင်း
သိရသည်။

ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service