မေးခွန်းများစွာနှင့် မြို့သစ်စီမံကိန်း - Property News in Myanmar from iMyanmarHouse.com
5116 Views

မေးခွန်းများစွာနှင့် မြို့သစ်စီမံကိန်း

စီးပွားရေးမြို့ ရန်ကုန်မြို့မှ မိနစ် အနည်းငယ်ကြာ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးအတိုင်း ကားမောင်း သွားလျှင် ဘေးတစ်ဖက်တစ်ချက် ရှိ ဧက ၁,၆၀၀ ကျော်သည့် မြေနေရာကျယ်ကြီး ခြံဝင်းခတ်ထား သည်ကို တွေ့ရပါလိမ့်မည်။

မြေကွက်ကျယ်ကြီးကို အပြာရောင်ခြံစည်းရိုးများဖြင့် မျက်စိ တစ်ဆုံး ကာရံထားပြီး ‘စီမံကိန်း ဆောင်ရွက်နေသော နိုင်ငံတော် အစိုးရပိုင်မြေ မကျူးကျော်ရ’ ဟူ သော ဆိုင်းဘုတ်များ ချိတ်ဆွဲထား သည်။

ထိုနေရာတွင် ရန်ကုန်တိုင်း အစိုးရက နိုင်ငံတကာအဆင့်မီ Smart City ဟုခေါ်သည့် မြို့ပြစီမံကိန်း တည်ဆောက်ရန် စီစဉ်နေခြင်းဖြစ်သည်။ ထိုစီမံကိန်းကြီး အကောင်အထည်ပေါ်လာပါက အမြန်လမ်းဘေးရှိ မြေကွက်လပ်နေရာကျယ်သည် မိုးမျှော်တိုက်များ၊ လူနေအိမ်ရာများ၊ အလုပ်ရုံ၊ စက်ရုံ၊ ဟိုတယ်၊ အပန်းဖြေနေရာများနှင့် မြို့ပြတစ်ခုမျှ ကြီးကျယ်ခမ်းနားသည့် နေရာတစ်ခု ဖြစ်လာလိမ့်မည်။

အဆိုပါ စီမံကိန်းဧရိယာ သည် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် အမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် (၃) မှ (၅)ကြားတွင် တည်ရှိပြီး မြေဧရိယာ ဧက ၁,၆၀၀ ကျော် ကျယ်ဝန်း သည်။ ထိုဧရိယာသည် ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်ပေါင်း ဧရိယာ၏ ထက်ဝက်ခန့် ကျယ် လေသည်။

သို့သော် ထိုမျှကြီးမားကျယ် ဝန်းသော စီမံကိန်းကို လုပ်ငန်းများ မည်သို့ အကောင်အထည်ဖော် မည်၊ ဒေသခံများအတွက် အကျိုး အမြတ် မည်မျှရှိမည် စသည့် ကိစ္စ အဝဝကို အစိုးရကလွဲ၍ မည်သူမျှ သိရှိမထားပါချေ။

ထိုဒေသကိုယ်စားပြု လွှတ် တော်ကိုယ်စားလှယ်များပင် စီမံ ကိန်းအကြောင်း မသိရှိကြောင်း လှည်းကူးမြို့နယ် ပြည်ထောင်စု အဆင့်နှင့် တိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ်များက တညီ တညွတ်တည်း ဆိုပါသည်။

‘‘ဒီစီမံကိန်းနဲ့ ပတ်သက်ပြီးအမှန်တိုင်းပြောရရင် ဘာမှမသိပါ ဘူး။ အလုံးစုံ ဂဃနဏမသိတော့ ဘာမှမပြောနိုင်ပါဘူး’’ဟု လှည်း ကူးမြို့နယ် တိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ် ဒေါ်မြတ်မာ လာထွန်းက ပြောသည်။

ထိုစီမံကိန်းသည် လက်ရှိ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်း ၂၀၁၅ ရွေးကောက်ပွဲတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ်အဖြစ် ဝင်ရောက်ရွေး ချယ် အနိုင်ရခဲ့သည့် လှည်းကူး မြို့နယ်၌ တည်ရှိသည်။

ယင်းအချက်ကပင် ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ ပွင့်လင်းမြင်သာမှုအပေါ် မေးခွန်းထုတ်စရာ ဖြစ်နေသည်။

စီမံကိန်းအတွက် ကုမ္ပဏီ ရင်းနှီးမြှုပ်နှံမှု၊ စီမံကိန်းအကောင်အထည်ဖော်မည့်အချိန်၊ အကျိုး အမြတ်ခွဲဝေမှုများကို ရန်ကုန်တိုင်း အစိုးရ၊ ဆောက်လုပ်ရေးဝန်ကြီး ဌာနနှင့် ကုမ္ပဏီဘက်က လွှတ် တော်ကိုယ်စားလှယ်များ အပါအဝင် ဒေသခံများကို ရှင်းပြခြင်း မရှိသေးကြောင်း ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးသိန်းတန် က ပြောသည်။

‘‘အခုအကောင်အထည်ဖော် နေတာက ရန်ကုန်တိုင်းအစိုးရ တိုက်ရိုက်ကြီးကြပ်နေတာ ဖြစ် တော့ ဒီလုပ်ငန်းအပေါ် သူ (ရန် ကုန်တိုင်းအစိုးရအဖွဲ့)က တာဝန် ယူရတော့မယ်။ တကယ်လို့ အ ကျိုးအမြတ်မရှိဘူးထင်ရင် ဝေဖန် ခြင်းခံရမယ်’’ဟု ဦးသိန်းတန်က ဆိုသည်။

အဆိုပါစီမံကိန်းကို Eco Green City ဟု အမည်ပေးထား ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြ၊ အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် Alliance Star Group of Com-panies တို့ အကျိုးတူပူးပေါင်း ဆောင်ရွက်မည်ဖြစ်သည်။ ယင်းစီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းအစိုးရ တို့က ၂၀၁၇ ဒီဇင်ဘာ ၂၃ ရက်တွင် ပန္နက်တင်အခမ်းအနား ပြု လုပ်ခဲ့သည်။

Eco Green City စီမံကိန်းကို ယခင်အစိုးရ လက်ထက်ကတည်း က စတင်အကောင်အထည်ဖော် ရန် စီစဉ်ထားခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ နှင့် ၂၀၁၆ တွင် စီမံကိန်းဧရိယာ အတွင်း ကျူးကျော်နေထိုင်သူများ ကို အစိုးရက အင်အားသုံးဖယ်ရှားခဲ့သည်။

၎င်းတို့၏ဥယျာဉ်၊ ခြံမြေများ လည်း အဆိုပါစီမံကိန်းတွင် ပါဝင် နေကြောင်း စီမံကိန်းနယ်မြေတွင် ပါဝင်၍ ဖယ်ရှားခံခဲ့ရသူ ကိုထွန်းအောင်ကျော်ကပြောသည်။

စီမံကိန်းဧရိယာသည် ဧက ၁,၆၀၀ ကျော် ဖြစ်သော်လည်း စီမံ ကိန်းအသုံးပြုမည့်မြေသည် ဧက ၁,၄၀၀ ကျော်ဖြစ်ကြောင်း မြို့ပြ နှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့် နိုင်က ပြောသည်။ ယင်းမြေယာ များကို နိုင်ငံတော်မြေအဖြစ် လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနက လွှဲ ပြောင်းရယူခဲ့ခြင်းဖြစ်ကြောင်း ၎င်း ကဆိုသည်။

အဆိုပါ စီမံကိန်းမြေသည် ယခင်လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ ဆောက်လုပ်ရေးဝန်ကြီးဌာနက စီ မံကိန်းဆောင်ရွက်ရန် လွှဲပြောင်း ယူခဲ့ခြင်းဖြစ်ကြောင်း ဦးမြင့်နိုင်က ရှင်းပြသည်။

အကျိုးအမြတ် ခွဲဝေမှုကို နိုင်ငံတော်က ၂၅ ရာခိုင်နှုန်းမှ ၃၀ ရာ ခိုင်နှုန်းကြား ရရှိမည်ဟု ခန့်မှန်း ထားကြောင်း စီမံကိန်းဖွင့်လှစ်ပြီး တစ်လအကြာတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဦးမြင့်နိုင် က ပြောကြားခဲ့သည်။

စီမံကိန်းအစပိုင်းတွင် ကျပ် ၉၆ ဘီလီယံရှိ တန်ဖိုးနည်းအိမ်ရာ စီမံကိန်း စတင်အကောင်အထည် ဖော်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဌာန တာဝန်ရှိသူများက ပြောထားသည်။ အဆိုပါ တန်ဖိုးနည်းအိမ်ရာအခန်း ၄,၀၀၀ ခန့်ကို ၂၀၁၈ မှ ၂၀၂၁ အတွင်း ဆောက်လုပ်မည်ဖြစ်ပြီး ဝင်ငွေ ကျပ်ငါးသိန်းအောက် မိသားစုများကို ဦးစားပေးရောင်းချမည်ဟု လည်းဆိုသည်။

‘‘စီမံကိန်းအကောင်အထည် ဖော်ဖို့ ကုမ္ပဏီဘက်က Master Plan (စီမံကိန်းပုံစံ)ကို ပြန်လည် ရေးဆွဲနေတယ်။ ဒါပြီးမှ ဘယ် လောက် ကုန်ကျစရိတ်ရှိမယ်ဆို တာ သိရမယ်’’ ဟု ဦးမြင့်နိုင်က ပြောသည်။

လက်ရှိအစိုးရသည် အဆိုပါ စီမံကိန်းအတွက် ယခင်အစိုးရ ချုပ်ဆိုခဲ့သော စာချုပ်များကို ပြန် လည်ပြင်ဆင်ခြင်းမရှိဘဲ ဆက် လက် လုပ်ကိုင်ခြင်းဖြစ်ကြောင်း ဦးမြင့်နိုင်ကပြောသည်။

စီမံကိန်းလုပ်ကိုင်ခွင့် တင်ဒါ ရရှိထားသည့် Alliance Star Group of Companies အမှု ဆောင်အရာရှိချုပ် ဦးရဲမင်းဦးက အဆိုပါစီမံကိန်းနှင့် ပတ်သက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရတို့ ၏ အစီအမံဖြင့် အငှားအိမ်ရာများ စီစဉ်ပေးမည်ဟုဆိုသည်။ နှစ်ရှည် စနစ်ဖြင့် ရောင်းချမည်ဟုလည်း ဆိုထားသည်။အငှားအိမ်ရာများကို သုံးနှစ်အတွင်း အပြီးတည်ဆောက်မည်ဖြစ်ပြီး နှစ်အလိုက် အိမ်ရာများတည်ဆောက် ပြီးစီးသလောက် အစိုးရကို အပ်နှံမည်ဟု ၎င်းကဆို သည်။

အငှားအိမ်ရာစနစ်ဆိုသည် မှာ ဝန်ထမ်းနှင့် ဝင်ငွေနည်း ပြည် သူများအတွက် တိုက်ခန်းများကို ဈေးသက်သာစွာ ငှားပေးခြင်းဖြစ် သည်ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ဆိုထားသည်။

Eco Green City စီမံကိန်းကို အစိုးရနှင့် အကျိုးတူပူးပေါင်းအ ကောင်အထည်ဖော်မည့် ကုမ္ပဏီ က တိုင်းလွှတ်တော်ကိုယ်စား လှယ်များကို လာရောက်ရှင်းပြ သော်လည်း အစိုးရနှင့် အကျိုးအ မြတ်သဘောတူ စာချုပ်မချုပ်ဆိုရ သေးကြောင်း၊ ကုမ္ပဏီနှင့်အစိုးရ ကြား အကျိုးအမြတ်အပေးအယူ လည်း မသိရသေးကြောင်း ဒဂုံမြို့ နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောသည်။

‘‘လုပ်ငန်းရှင်က ပန္နက်ရိုက် ပြီး လုပ်ငန်းအကောင်အထည်ဖော် တော့မယ်။ ကုမ္ပဏီဘက်ကတော့ လာရှင်းပြတယ်။ ဒါပေမဲ့ အပေး အယူတောင် တိတိကျကျမပြော နိုင်ဘူး။ အခြေခံလိုအပ်ချက်ဖြစ် တဲ့ ရေ၊ မီးတောင် ဘယ်လိုလုပ် မယ်ဆိုတာ မပြောနိုင်ဘူး။ ဒါတွေ က ဟာသဆန်၊ ကလေးဆန်တယ် လို့မြင်တယ်’’ဟု ၎င်းကဆိုသည်။

ပွင့်လင်းမြင်သာမှုမရှိ၊ ဥပဒေလုပ်ထုံးလုပ်နည်းနှင့် မညီဘဲ အ ကောင်အထည်ဖော်နေသည့် မြို့ ကွက်သစ်အိမ်ရာစီမံကိန်းများနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဖေဖော်ဝါရီ ၂ ရက်တွင် လွှတ်တော်၌ သတိပေးပြောကြားသည်။ ယင်းကဲ့သို့ ပွင့်လင်းမြင်သာမှုမရှိဘဲ အကောင်အထည်ဖော်နေသည့် စီမံကိန်း များကို တိုင်းဒေသကြီးနှင့် ပြည် နယ်အဆင့် ဖြေရှင်းမှုဖြင့် မလုံ လောက်ဘဲ ပြည်ထောင်စုအစိုးရ သက်ဆိုင်ရာ ဝန်ကြီးဌာနများက ကိုင်တွယ်ဖြေရှင်းရန် လိုသည်ဟု ၎င်းကပြောကြားသည်။

လွှတ်တော်သို့ ရှင်းလင်းတင် ပြခြင်းမရှိဘဲ Eco Green City စီမံကိန်း အကောင်အထည်ဖော် သဖြင့်လွှတ်တော်ကိုယ်စားလှယ်များက ရန်ကုန်တိုင်းဒေသကြီး အစိုးရကို ဝေဖန်သည်။

သို့သော် ရန်ကုန်မြို့သစ် စီမံကိန်းနှင့် ပတ်သက်၍ လွှတ် တော်တွင် မဆွေးနွေးရခြင်း အ ကြောင်းရင်းကို ရန်ကုန်တိုင်းဝန် ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဖေဖော် ၀ါရီ ၁ ရက်တွင် ရန်ကုန်မြို့၌ ပြု လုပ်သော ဒုတိယသမ္မတနှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲ၌ ရှင်းပြသည်။

ထိုရှင်းပြချက်များထဲတွင် လက်ရှိလွှတ်တော်သည် ဒုတိယ အကြိမ် လွှတ်တော်သက်တမ်းဖြစ် ကြောင်း၊ ပထမလွှတ်တော်၌ ဆုံး ဖြတ်ထားသည်ကို လက်ဆင့်ကမ်း ခြင်းဖြစ်ပြီး ကြိုက်နှစ်သက်မှုမရှိ ပါက လွှတ်တော်တွင် ပြန်လည် ပြင်ဆင်ဆွေးနွေးနိုင်ကြောင်း ဦး ဖြိုးမင်းသိန်းကဆိုသည်။

Eco Green City နှင့် ပတ် သက်၍ ယခင်လွှတ်တော်တွင် တင်ပြပြီးဖြစ်၍ ယခုလွှတ်တော် တွင် မေးမြန်းလာပါက ဖြေကြား ရန် စီစဉ်ထားသည်ဟု မြို့ပြနှင့် အိုးအိမ်ဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးမြင့်နိုင်ကလည်း ပြောဆိုသည်။

အဆိုပါစီမံကိန်းနှင့် ပတ် သက်၍ လွှတ်တော်ကိုယ်စားလှယ် များက ဆွေးနွေးခွင့်တောင်းနေပြီး ကန့်ကွက်သည့် သဘောမဟုတ် ကြောင်း၊ သို့သော် တိုင်းအစိုးရ သည် ဆတ်ဆတ်ထိမခံ ဖြစ်နေခြင်းကို သဘောမကျကြောင်း ဦးကျော်ဇေယျက ထောက်ပြ သည်။

တိုင်းအစိုးရအနေဖြင့် မြို့ပြ စီမံကိန်းများကို လိမ္မာပါးနပ်စွာ အကောင်အထည်ဖော်ရန် လိုအပ် ကြောင်း ၎င်းက ဆက်လက်ပြော သည်။

ရန်ကုန်တိုင်းတွင် ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၅ ဒသမ ၂ သန်းရှိပြီး နှစ်စဉ်အိမ်ရာအခန်း လိုအပ်ချက် ၈,၀၀၀ ခန့် ရှိလာမည်ဖြစ်ကြောင်း Oxford Business Group က ခန့်မှန်းထား သည်။

လာမည့် ၂၀၄၀ တွင် မြန်မာ နိုင်ငံ၏ လူဦးရေသည် သန်း ၇၀ ကျော်မည်ဖြစ်သည်။ ထိုကာလ တွင် အိမ်ရာ ၄ ဒသမ ၈ သန်း လို အပ်မည်ဖြစ်ပြီး ရန်ကုန်တွင် တစ် သန်းလိုအပ်မည်ဟု ဆောက်လုပ် ရေးဝန်ကြီးဌာနက ခန့်မှန်းထား သည်။ ရန်ကုန်မြို့တွင် ၂၀၄၀ ၌ အိမ်ရာအခန်း ၁၈၀,၀၀၀ ကို မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီး ဌာနက ဆောက်လုပ်ရန် စီစဉ်နေ သည်။

Eco Green City ဆိုသည် မှာ ကာဗွန်ထုတ်လုပ်ခြင်းကို ပြန် လည်သန့်စင်မည့် ပတ်ဝန်းကျင် ရှိခြင်း၊ သဘာဝအလင်းရောင်ကို အသုံးပြုခြင်းနှင့် ဇီဝလောင်စာသုံး စွဲမှု လျှော့ချခြင်းကို ဆိုလိုခြင်းဖြစ် သည်ဟု မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုး ရေးပညာရှင် ဦးမြင့်မိုရ်ဆွေက ပြောသည်။

မြန်မာနိုင်ငံတွင် ပထမဦးဆုံး ပေါ်လာမည့် Eco Green City ကို ကြိုဆိုကြောင်း၊ ထိုင်းနှင့်စင်ကာပူ နိုင်ငံတို့တွင် အဆိုပါစနစ်များကို အသုံးပြုနေကြောင်း၊ စီမံကိန်း တွင် အဆင့်မြင့်နည်းပညာများ ပါဝင်ရမည်ဖြစ်ကြောင်း ဦးမြင့် မိုရ်ဆွေကပြောသည်။

သို့သော် မြန်မာနိုင်ငံတွင် Eco Green City စီမံကိန်း အ ကောင်အထည်ဖော်ပါက နည်း ဥပဒေများ၊ စည်းကမ်းများ ဦးစွာ ပြဋ္ဌာန်းသင့်ကြောင်း ၎င်းကအကြံ ပြုသည်။ ထိုပြဋ္ဌာန်းချက် စည်းကမ်းများနှင့် အညီသာဖော်ဆောင်သင့်ကြောင်း ဆိုသည်။ ထိုသို့ သတ်မှတ်ချက်မရှိပါက အမည်ခံ Eco Green City သည် ရှက်စရာသာဖြစ်မည်ဟု ဦးမြင့်မိုရ်ဆွေကဆိုသည်။

ထို့အပြင် Eco Green City သည် အနာဂတ် မဟာရန်ကုန်မြို့ အတွက် မဖြစ်မနေပေါ်ထွက်လာ မည့် စီမံကိန်းတစ်ခုအဖြစ် အစိုးရ က စီမံထားသည်။ ရန်ကုန်မြို့တွင် ပထမဦးဆုံးတည်ဆောက်မည့် မိုးပျံလမ်း တည်ဆောက်မှုတွင် အဆိုပါ Eco Green City ၏ ယာဉ်ကြောကျပ်တည်းမှုကိုပါ လျှော့ချရန် စီစဉ်ထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန အင်ဂျင်နီယာချုပ် ဦးကျော်ကောင်းချိုက ပြော သည်။

‘‘ဒီမိုးပျံလမ်းက အနာဂတ် ဖြစ်လာမယ့် ဟံသာဝတီလေဆိပ် စီမံကိန်းအတွက် ရည်ရွယ်ပါ တယ်။ နောက်ပြီး ကိုရီးယား-မြန်မာ စက်မှုဥယျာဉ်မြို့တော်ရော၊ Eco Green City အတွက်ရော ယာဉ်ကြောကျပ်တည်းတာ လျှော့ချဖို့ ရည်ရွယ်ထားတာပါ’’ဟု ၎င်းက ဆက်လက်ပြောသည်။

ထို့ကြောင့် ရန်ကုန်မြို့၏ မြို့ ပြလူနေမှုစနစ်အတွက် အိမ်ရာ များ လိုအပ်နေပြီး Eco Green City သည် ရန်ကုန်မြို့အတွက် ရှေ့ဆောင်အိမ်ရာစီမံကိန်းတစ်ခု ဖြစ်လာမည်ဟု မျှော်လင့်ထား ကြောင်း ပညာရှင်များက ဆိုကြ သည်။ သို့သော် ကုမ္ပဏီအကျိုးအမြတ်အတွက်သာ မဖြစ်သင့်ဘဲ နိုင်ငံတော်နှင့်ပြည်သူများပါ အ ကျိုးများအောင် အစိုးရအနေဖြင့် လိမ္မာပါးနပ်စွာ အကောင်အထည် ဖော်ရန် လွှတ်တော်ကိုယ်စား လှယ်များက တိုက်တွန်းထား သည်။ ။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service