အခွန်အကောက်ဥပဒေကြမ်းတွင် အခွန်ရှောင်သူများကို ဖြေလျှော့ပေးမည့် အစီအစဉ်ပါဝင် - Property News in Myanmar from iMyanmarHouse.com
5431 Views

အခွန်အကောက်ဥပဒေကြမ်းတွင် အခွန်ရှောင်သူများကို ဖြေလျှော့ပေးမည့် အစီအစဉ်ပါဝင်

အသစ်ပြဋ္ဌာန်းမည့် ၂၀၁၈ ပြည်ထောင်စုအခွန်အကောက်ဥပဒေကြမ်းတွင် အခွန်ရှောင်သူများအား ဖြေလျှော့ပေးမည့် အစီအစဉ်ကို ထည့်သွင်းထားသည်။

အိန္ဒိယနှင့် အင်ဒိုနီးရှားနိုင်ငံ တို့တွင် အောင်မြင်စွာအကောင်အထည်ဖော်ခဲ့သည့် အခွန်လွတ် ငြိမ်းချမ်းသာခွင့်ပုံစံအတိုင်းအခွန် ရှောင်သူများ အပြည့်အဝ ထမ်းဆောင်နိုင်ရန် အခွန်နှုန်းထား များကို ၃ ရာခိုင်နှုန်းနှင့် ၅ ရာခိုင် နှုန်းသို့ လျှော့ချခဲ့သည်။

‘‘ဒီအခွန်နှုန်းထား ဖြေလျှော့မှုက စီးပွားရေး ပြန်လည်နှိုးဆွတဲ့ သဘောပဲ’’ဟု စီးပွားရေးပညာရှင် ဦးဇော်ဖေဝင်းက ပြောသည်။

ကျပ်သိန်း ၁,၀၀၀ နှင့် အထက် ရောင်းဝယ်မှုများတွင် အခွန်နှုန်းထား ၃၀ ရာခိုင်နှုန်း သတ်မှတ်ခြင်းကြောင့် အခွန်ရှောင်မှုများသော အိမ်မြေရောင်းဝယ်မှု၊ မော်တော်ယာဉ် ရောင်းဝယ်မှုများ၌ တရားဝင် အခွန်ဆောင်ပြီး အရောင်းအဝယ်ပြုလုပ်လာနိုင်ကြောင်း စီးပွားရေး လုပ်ငန်းရှင်အချို့က ပြောကြားသည်။

‘‘အခွန် ရှောင်တဲ့သူတွေ အတွက် အစိုးရကပေးတဲ့ အခွင့်အရေးတစ်ခုပဲ’’ဟု ပို့ကုန်သွင်း ကုန် လုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက ပြောသည်။

၂၀၁၈ ပြည်ထောင်စုအခွန်အကောက် ဥပဒေကြမ်း ပုဒ်မ ၂၅ တွင် ပြည်တွင်းနေ နိုင်ငံသား၊ ပြည်ပနေနိုင်ငံသားများ၏ ဝင်ငွေ ရလမ်း တစ်ခုခု (သို့မဟုတ်) စီး ပွားရေးလုပ်ငန်းတစ်ခုခု ဆောင် ရွက်ပြီး အကြောင်းအမျိုးမျိုး ကြောင့် အခွန်ပေးဆောင်ရန် ပျက်ကွက်ခြင်း၊ အခွန်ပမာဏ လျော့နည်းပေးဆောင်ခြင်းတို့ကို အထက်ပါအတိုင်း အခွန်ကျသင့် စေမည်ဟု ဖော်ပြထားသည်။

ထို့အပြင် ပြည်တွင်း၌ မြေ၊ အဆောက်အအုံနှင့် အဓိက အစိတ်အပိုင်းများ၊ မရွှေ့ပြောင်း နိုင်သောပစ္စည်း၊ ထိတွေ့ကိုင် တွယ်ရသောပစ္စည်း၊ ထိတွေ့ကိုင် တွယ်မရသောပစ္စည်းများ ဝယ်ယူ ခြင်း၊ တည်ဆောက်ခြင်း၊ ရင်းနှီး မြှုပ်နှံခြင်း၊ အစုရှယ်ယာ ထည့် ဝင်ခြင်းတို့အတွက် အသုံးပြုသည့် ငွေကြေးလက်ဝယ်ရှိ ငွေကြေးတို့ ကို အထက်ပါအတိုင်း အခွန်ကျသင့်မည်ဖြစ်ကြောင်း ပါရှိသည်။

၂၀၁၈ ပြည်ထောင်စုအခွန် အကောက် ဥပဒေအတည်ပြု သည့် အချိန်ကစ၍ ပထမခြောက်လအတွင်း သတ်မှတ်ထားသော ပုံစံများ တင်ပြလာ သောကိစ္စရပ်များအတွက် အခွန် ၃ ရာခိုင်နှုန်း၊ ဒုတိယ ခြောက်လ တွင် ၅ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်သည်။

ထိုကဲ့သို့ အခွန်ထမ်းဆောင်မှုကို ဝင်ငွေခွန် ဥပဒေအရဒဏ် ငွေရိုက်ခြင်း မပြုဟု ဥပဒေကြမ်းတွင် ပြဋ္ဌာန်းထားသည်။

သို့သော် တရားမဝင်ရရှိ သည့် ပစ္စည်းများ ပိုင်ဆိုင်ခြင်း၊ ရောင်းဝယ်ခြင်း၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေအရ အရေးယူခြင်းကိစ္စရပ်များနှင့် ပတ်သက်၍ အခွန်လွတ်ငြိမ်းချမ်းသာခွင့်က သက်ဆိုင်ခြင်းမရှိကြောင်းဥပဒေကြမ်းတွင် ဖော်ပြထားသည်။

အစိုးရက အခွန်လွတ်ငြိမ်း ခွင့်ပြုခြင်းသည် ပြင်ပရှိ တရား မဝင်ငွေများ တရားဝင်ဖြစ်စေရန် အဆိုပါငွေကြေးများဖြင့် ပြည် တွင်းစီးပွားရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လုပ်ကိုင်လာနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်အသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောသည်။

မြန်မာအစိုးရသတ်မှတ် သောအခွန်နှုန်းထားများသည် အခြားနိုင်ငံများထက် လျော့နည်းသော်လည်း အခွန်ထမ်း ဆောင်သူနည်းပါးခြင်းကြောင့် ထပ်မံ ဖြေလျှော့ပေးခြင်းဖြစ်ကြောင်း စီးပွားရေးပညာရှင် ဦးဇော်ဖေဝင်းက ပြောသည်။

အစိုးရ၏ အခွန်နှုန်းထားဖြေ လျှော့ခြင်းက အခွန်အခြေ(အခွန် နှုန်းထားအနည်းငယ်ဖြင့် လူဦး ရေများများ ကောက်ခံခြင်း) ချဲ့ ထွင်ပြီး ကောက်ယူသည့်စနစ်မျိုး ကို အသုံးပြုခြင်းဖြစ်ကြောင်း ၎င်း ကဆိုသည်။ အခွန်ရှောင်သူများ သောနိုင်ငံတွင် အခွန်ဆောင်သူ တိုးလာပြီး တရားဝင်စီးပွားရေးတိုး တက်လာစေရန် အခွန်အခြေချဲ့ ထွင်ခြင်းဖြစ်သည်ဟု ပြည်တွင်းအခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service