ထားဝယ်စီးပွားရေးဇုန် မြေငှားစာချုပ် ဧပြီမတိုင်မီချုပ်မည် - Property News in Myanmar from iMyanmarHouse.com
5363 Views

ထားဝယ်စီးပွားရေးဇုန် မြေငှားစာချုပ် ဧပြီမတိုင်မီချုပ်မည်

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို ကနဦးစီမံကိန်းနှင့် ပင်မစီမံကိန်းအဖြစ် အစိတ်ပိုင်းနှစ်ခု ခွဲခြားထားရာ ကနဦးစီမံကိန်းဖော်ဆောင်ရန် မြေငှားစာချုပ်ချုပ်ကို လာမည့်ဧပြီမတိုင်မီ ချုပ်ဆိုမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဒုတိယဝန်ကြီး ဦးအောင်ထူးက ဖေဖော်ဝါရီ ၁၄ ရက်က ပြောသည်။

''ကနဦးလုပ်ငန်း စီမံကိန်းအပိုင်းအတွက် မြေငှားစာချုပ်ကို ချုပ်ဆိုနိုင်ရေး အပြည်ပြည်ဆိုင်ရာ ဥပဒေအကြံပေးတွေ ငှားရမ်းပြီးဧပြီမတိုင်မီ အပြီးသတ်ချုပ်ဆိုပြီး Concession Agreement (အစိုးရနှင့် ကုမ္ပဏီကြား လုပ်ငန်းညှိနှိုင်း သဘောတူညီချက်) နဲ့အညီ မကြာမီလွှဲပြောင်းပေးရန် ဆောင်ရွက်နေပါတယ်''ဟု ၎င်းက အမျိုးသားလွှတ်တော်တွင် ပြောခဲ့သည်။

အဆိုပါ ကနဦးစီမံကိန်းအတွက် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီနှင့် ထိုင်းပိုင် အီတာလျံထိုင်းကုမ္ပဏီတို့ကြား ၂ဝ၁၅ ခုနှစ်၊ သြဂုတ်လဆန်းတွင် ချုပ်ဆိုခဲ့သော သဘောတူစာချုပ်အရ လုပ်ငန်းများ မစတင်မီ ရက် ၂၁ဝ အတွင်း ကြိုတင် ဖြည့်ဆည်းရမည်များကို ဆောင်ရွက်ရန် သဘောတူခဲ့သော်လည်း အချိန်ပေးရန် လိုအပ်သဖြင့် ထပ်မံညှိနှိုင်းကာ လာမည့် ဧပြီ ၃ဝ ရက်အထိ ထပ်မံသက်တမ်းတိုးလိုက်ခြင်းဖြစ်သည်။

ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးစီမံကိန်းအတွက် အကျယ်အဝန်းမှာ ဧက ၁ဝ,၃ဝဝ ကျော်ရှိပြီး၊ ဧက ၉,၈၉၅ မှာ လျော်ကြေးပေးရမည်ဟု ဆိုသည်။ အဆိုပါဧကများအနက် ၉၁၂ ဒသမ ၆၅ ဧကအတွက် လျော်ကြေးငွေကျပ် ၇ ဒသမ ၄၈၇ ဘီလျံပေးချေခဲ့ပြီးဖြစ်ကာ ကျန် ၃,၄၂၄ ဒသမ ၂၆ ဧကအတွက်လည်း ကျပ် ၃၈ ဒသမ ၁၆၁ ဘီလျံကို ဆက်လျော်ပေးမည်ဟု ဒုဝန်ကြီးက ဆိုသည်။

Credit: The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွာ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွာ
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service