အမေရိကန်သရုပ်ဆောင်၊ ရုပ်ရှင်ထုတ်လုပ်သူ တိုင်လာပယ်ရီက ဘီဗာလီဟေးလ်နေအိမ်ကို ကန်ဒေါ်လာ ၁၇ သန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
2950 Views

အမေရိကန်သရုပ်ဆောင်၊ ရုပ်ရှင်ထုတ်လုပ်သူ တိုင်လာပယ်ရီက ဘီဗာလီဟေးလ်နေအိမ်ကို ကန်ဒေါ်လာ ၁၇ သန်းဖြင့် ရောင်းချမည်

အမေရိကန်သရုပ်ဆောင်၊ ရုပ်ရှင်ထုတ်လုပ်သူ တိုင်လာပယ်ရီသည် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်ရှိ နေအိမ်ကို ကန်ဒေါ်လာ ၁၇ သန်းဖြင့် ရောင်းချရန် အရောင်းဈေးကွက်တင်လာသည်။

တိုင်လာသည် အဆိုပါနေအိမ်ကို ၂၀၁၇ ခုနှစ်၊ သြဂုတ်လအတွင်း ကန်ဒေါ်လာ ၁၄ ဒသမ ၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ငယ်မည်မှာ အီမစ်ထ် ပယ်ရီ ဂျူနီယာဖြစ်ပြီး ၁၉၆၉ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်တွင် မွေးဖွားသည်။

၂၀၁၁ ခုနှစ်တွင် ဖော့ဘ်မဂ္ဂဇင်းကြီးက တိုင်လာပယ်ရီကို ဟောလိဝုဒ်၏ သရုပ်ဆောင်ကြေးအမြင့်ဆုံးသရုပ်ဆောင်တစ်ဦးအဖြစ် ဖော်ပြခဲ့သည်။

တိုင်လာသည် ၂၀၁၀ ပြည့်နှစ် မေလမှ ၂၀၁၁ ခုနှစ်အကြား ကန်ဒေါ်လာ သန်း ၁၃၀ ဝင်ငွေရရှိခဲ့သည်။၂၀၁၇ ခုနှစ် အချက်အလက်များအရ တိုင်လာပယ်ရီသည် ကန်ဒေါ်လာ သန်း ၆၀၀ ခန့် ကြွယ်ဝသည်ဟု ခန့်မှန်းထားသည်။

ယခုအခါ တိုင်လာက ဘီဗာလီဟေးလ်အိမ်ကို ကန်ဒေါ်လာ ၁၆ ဒသမ ၉၉၅ သန်းဖြင့် အရောင်းဈေးကွက်တင်လာခဲ့ခြင်းဖြစ်ပြီး ဝယ်ယူခဲ့သည်မှာ ၆ လပင် မရှိသေးချေ။

အိပ်ခန်း ၁၀ ခန်း၊ ရေချိုးခန်း ၁၁ ခန်းပါဝင်သည့် ယင်းနေအိမ်ကို တိုင်လာက လျှော့ဈေးဖြင့် ဝယ်ယူခဲ့ခြင်းလည်း ဖြစ်သည်။မူလက အဆိုပါနေအိမ်ကို ဈေးခေါ်ခဲ့သည်မှာ ကန်ဒေါ်လာ ၂၉ ဒသမ ၉၅ သန်းဖြစ်ပြီး ၂၀၁၆ ခုနှစ်၊ ဇူလိုင်လအတွင်းက ဖြစ်သည်။

နောက်ပိုင်းတွင် ဆက်တိုက်ဈေးလျှော့ချမှုများ ပြုလုပ်ခဲ့ပြီးနောက် တိုင်လာက နောက်ဆုံးခေါ်ဈေးအောက် ကန်ဒေါ်လာ ၁ ဒသမ ၄၅ သန်း ထပ်မံဈေးလျှော့ပေးစေကာ ဝယ်ယူခဲ့ခြင်းဖြစ်သည်။

သီးသန့်အိမ်ရာတစ်ခုဖြစ်သော Mulholland Estates ဝန်းအတွင်း တည်ရှိသည်။ခေတ်သစ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားပြီး နေအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၁၇၂၄၅ ကျယ်ဝန်းသည်။

နေအိမ်အတွင်း ကြမ်းပြင်မှ မျက်နှာကျက်ထိမြင့်မားသည့် မှန်နံရံများ တပ်ဆင်ထားပြီး ဧည့်ခန်းနှင့် master bedroom တို့တွင် မီးလင်းဖိုများ ပါဝင်သည်။
ခြံဝန်းအတွင်းတွင် ကားအစင်းရေ ၃၀ ခန့်အထိ ရပ်နားနိုင်သည့် နေရာပါဝင်သည်ဟု ဆိုသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
အမေရိကန်သရုပ်ဆောင်၊ ရုပ်ရှင်ထုတ်လုပ်သူ တိုင်လာပယ်ရီက ဘီဗာလီဟေးလ်နေအိမ်ကို ကန်ဒေါ်လာ ၁၇ သန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
အမေရိကန်သရုပ်ဆောင်၊ ရုပ်ရှင်ထုတ်လုပ်သူ တိုင်လာပယ်ရီက ဘီဗာလီဟေးလ်နေအိမ်ကို ကန်ဒေါ်လာ ၁၇ သန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
အမေရိကန်သရုပ်ဆောင်၊ ရုပ်ရှင်ထုတ်လုပ်သူ တိုင်လာပယ်ရီက ဘီဗာလီဟေးလ်နေအိမ်ကို ကန်ဒေါ်လာ ၁၇ သန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
အမေရိကန်သရုပ်ဆောင်၊ ရုပ်ရှင်ထုတ်လုပ်သူ တိုင်လာပယ်ရီက ဘီဗာလီဟေးလ်နေအိမ်ကို ကန်ဒေါ်လာ ၁၇ သန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
အမေရိကန်သရုပ်ဆောင်၊ ရုပ်ရှင်ထုတ်လုပ်သူ တိုင်လာပယ်ရီက ဘီဗာလီဟေးလ်နေအိမ်ကို ကန်ဒေါ်လာ ၁၇ သန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
အမေရိကန်သရုပ်ဆောင်၊ ရုပ်ရှင်ထုတ်လုပ်သူ တိုင်လာပယ်ရီက ဘီဗာလီဟေးလ်နေအိမ်ကို ကန်ဒေါ်လာ ၁၇ သန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
အမေရိကန်သရုပ်ဆောင်၊ ရုပ်ရှင်ထုတ်လုပ်သူ တိုင်လာပယ်ရီက ဘီဗာလီဟေးလ်နေအိမ်ကို ကန်ဒေါ်လာ ၁၇ သန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်

မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။

အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ

အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service